Monday, June 30, 2014

မာဂဓအလွမ်းများ..............


မှတ်သားစရာလေးဖြစ်သလို ရင်ထဲထိလို့ ရှယ်လိုက်ပါတယ်။
မေတ္တာတရားဆိုတာ အသွား နဲ့ အပြန်ရှိတယ်နော်

မာဂဓအလွမ်းများ..............

ကော့သောင်းမှာနေတုန်းက ကိုယ်ဝန်ကြီးနဲ့ ခွေးမလေးတစ်ကောင်ကို
နေ့စဉ်ထမင်းကျွေး ဖြစ်တယ်။ ဆိုင်က အရိုးအရင်းလေးတွေ ၂၀၀ ဖိုးလောက်ဝယ်ပြီး သေသေချာချာ နယ်ဖတ်ကျွေးတော့ စားလိုက်တာ ခေါင်းမဖေါ်နိုင်ဘူး။

အဲဒီခွေးမလေးက ကျွန်တော်အပြင်ကပြန်လာရင် ဆိုင်ကယ်ကို ပြေးပြေးပြီးကြိုလေ့ ရှိတယ်။ ခွေးတွေဓမ္မတာ ခုန်ပေါက်ပြေးလွှား ပတပ်ရပ်ပေါ့။

တစ်ရက်သတိထားမိတာက ခွေးမလေးဟာ ကျွန်တော့်ကိုကြိုတဲ့အခါ ရိုးရိုး ခုန်ပေါက်ပြေး လွှားနေတာမဟုတ်တော့ဘဲ ကျွန်တော့်ဆီပြေးလာလိုက် ရုတ်ခနဲ သူနဲ့ဘဝတူ အမှိုက်ပုံ ကခွေး လေးငါးကောင်ရှေ့ကိုပြေး သွားလိုက်နဲ့ ပျော်ရွှင်မြူးတူးပြနေတာတွေ့ရတယ်။

ခွေးမို့လို့ စကားမပြောတတ်ပေမဲ့ အမှိုက်ပုံပေါ်က ခွေးတွေရှေ့ရောက်ရင် အဲဒီခွေးတွေကို လှည့်ပတ်ပြီးမှ ကျွန်တော့်ဆီပြေးလာတာလေ။ မျက်နှာလေးက ချီလို့။

"ဟဲ့...အမှိုက်ပုံမှာကြီးပြင်းတဲ့ခွေးချင်းအတူတူ ငါ့မှာ ထမင်းပုံမှန်ကျွေးမယ့် သခင်နဲ့ဟဲ့ တွေ့လား..." ဆိုပြီး ဟိုအဖွဲ့ကို ခပ်ကြွးကြွားလေး လှည့်ပတ်ပြနေသလိုပဲ။

အမှိုက်ပုံပေါ်က ခွေးလေးငါးကောင်ကတော့ သူ့ကိုငေးကြည့်လို့...။ အဲဒီငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာလည်း သိမ်ငယ်မှုတွေ၊ ဝမ်းနည်းရိပ်တွေက အထင်းသား။ ကိုယ်က လည်း အဲဒီတစ်အုပ်ကြီးကို မကျွေးနိုင်တော့ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။

နောက်တစ်ခုကတော့ ထုံးစံအတိုင်း ခွေးတွေရဲ့ မှတ်ဥာဏ်ကောင်းပုံအကြောင်းပါ။
လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်လောက်က ရန်ကုန်မှာ တစ်နှစ်ခွဲကျော်ကျော်လောက် အလုပ်လာလုပ်ပြီး ကော့သောင်းကိုပြန်သွားတယ်။

ဆိုင်ကယ်တစ်စီးဝယ်ပြီး ဆိုင်ကယ်တက္ကစီဆွဲတော့ ကိုယ်ဂိတ်ထိုးနေကျ နေရာသွား ထိုးတာပေါ့။

တအောင့်လောက်ကြာတော့ ဘေးဘယ်ညာမှာထွားထွားကြိုင်းကြိုင်း ခွေးထီးအနက်နှ စ်ကောင် ရောက်လာပြီး ကျွန်တော့်ခြေထောက်ကို တစ်ဘက်တစ်ချက်စီကနေ နမ်းနေကြ တယ်။ ကျွန်တော်ကလည်း ဒီခွေးတွေက ခင်တတ်တဲ့ခွေးတွေပဲနေမှာပေါ့လို့ တွေးပြီး ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်။

မကြာပါဘူး နှစ်ကောင်သားတိုင်ပင်ထားတာကျနေတာပဲ ဝုန်းခနဲပတပ်ရပ်ပြီး တဟဲဟဲနဲ့ ကျွန်တော့်ကို လျှာနဲ့လျက် နုတ်ဆက်ပါလေရော။ ဟ...ဟ ဒီနှစ်ကောင်က ဘယ်လိုဖြစ် တာလဲလို့ ငေါက်လိုက်တော့ ဘေးက သူငယ်ချင်းတစ်ယောက်က "ကိုကျော်ကြီး မမှတ်မိ ဘူးလား၊ ဒီနှစ်ကောင်က ကိုကျြော်ကီး လက်ဘက်ရည်ဆိုင်ထိုင်တိုင်း အီကြာကွေးကျွေးနေကျ နှစ်ကောင်လေ...။" တဲ့။

ကျွန်တော်အံ့သြသွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က ဒီနှစ်ကောင် က သေးသေးလေးလေ။ အခုထွားလိုက်တာ နည်းတာမဟုတ်ဘူး။

ကျွန်တော်ကျွေးတာက အီကြာကွေး တစ်ကောင်ကို တစ်ခြမ်း၊ တစ်ခါတလေ တစ်ချောင်း စီပေါ့။ ဒီနှစ်ကောင်မှတ်ထားတာက ကမ္ဘာကြီးတစ်ခြမ်းစာလောက်ရှိနေမလားပဲ။

ကျွန်တော်ခွေးတွေကို ချစ်တယ်ဗျ။ ကျွန်တော်လည်း ဘဝတစ်ခုခုမှာ ခွေးဖြစ် ချင်ဖြစ်ခဲ့နိုင်တာပဲလေ။ ဘဝကတိုတယ်၊ ဒါပေမဲ့ သံသရာက အရှည်ကြီးမဟုတ်လား...။

ရဲကျော်သူရ

No comments:

Post a Comment