Friday, June 20, 2014

မော်ဒယ်လ်အသစ်နဲ့ လူ


မော်ဒယ်လ်နိမ့်တဲ့စိတ်ဆိုတာ
အရည်အသွေး နိမ့်ကျတဲ့စိတ်ကို ပြောတာပါ။

မော်ဒယ်လ်မြင့်တဲ့ စိတ်ဆိုတာ
အရည်အသွေး မြင့်မားတဲ့ စိတ်ကို ပြောတာ။

စိတ်ဟာ ကိလေသာ ထူပြောလေ, အရည်အသွေး နိမ့်ကျလေ၊
ကိလေသာ ခေါင်းပါးလေ အရည်အသွေးမြင့်မားလေပါပဲ။

မနေ့ကစိတ်ထက် ဒီနေ့စိတ်က ပိုပြီးကြည်လင်အေးချမ်းနေတယ်၊
ပိုပြီး အရည်အသွေးကောင်းတွေ ပြည့်စုံနေတယ်ဆိုရင်
ကိုယ့်စိတ်ဟာ ဒီနေ့ မော်ဒယ်လ်သစ်သွားပါပြီ၊ မော်ဒယ်လ် မြင့်သွားပါပြီ။

စိတ်ကို မော်ဒယ်လ်မြင့်စေ၊ မော်ဒယ်လ်သစ်စေတဲ့ အလုပ်တွေ အများကြီးရှိတဲ့အထဲမှာ
တရားအားထုတ်တဲ့ အလုပ်ဟာ အထိရောက်ဆုံးနဲ့ အထက်မြတ်ဆုံးပါပဲ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) မော်ဒယ်လ်အသစ်နဲ့လူ - မှ ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment