Tuesday, June 10, 2014

ကျေနပ်စရာ အကောင်းဆုံး


မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီး သွားနေရတာဟာ . .
ပျော်စရာ အကောင်းဆုံး ကျေနပ်စရာ အကောင်းဆုံးပါ။

ဒီပျော်နည်း ဒီကျေနပ်နည်းကို သေသေချာချာခံစားလို့ ရသွားရင်
တခြားပျော်နည်း ကျေနပ်နည်းတွေဟာ တော်တော် အပေါ်ယံ ဆန်ပါလားဆိုတာ သိရတယ်။

ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင် ကိုယ့်ဘဝဟာ ပိုပြီးတော့ လေးနက်မယ် တန်ဖိုးရှိမယ် ဦးတည်ချက်မှန်မယ်။

အင်မတန် အဖိုးတန်တဲ့ဘဝ၊ အင်မတန် အဖိုးတန်တဲ့အချိန်တွေ၊
အင်မတန် အဖိုးတန်တဲ့ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားတွေ၊
ခန္ဓာကိုယ်အင်အားတွေဟာ ..
ဘာမှ အရေးမကြီးတဲ့ကိစ္စတွေဘက်ကို ရောက်ပြီးတော့
အကျိုးမရှိဘဲ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။

( ဆရာတော်ဦးဇောတိက )

No comments:

Post a Comment