Tuesday, June 3, 2014

အဆုံးစွန်သောဘ၀ဆိုတာ


အဆုံးစွန်သောဘဝဆိုတာ ဘယ်လောက်ကြာမှ ဆုံးမယ်မသိဘူး။
တို့ဒကာတွေ သံသရာ ကြာချင်သလောက်ကြာ အဆုံးတော့မီမှာပဲလို့
အောက်မေ့နေကြသလား မပြောတတ်ဘူး။
ရယ်စရာကောင်းနေတော့တယ်။
ကိုယ်က မဆုံးချင်ရင် ဘယ်တော့မှ မဆုံးဘူးဆိုတာ တထစ်ချမှတ်လိုက်ကြ။
သံသရာဆိုတာ ကိုယ်ဆုံးချင်တဲ့အချိန် ဆုံးနိုင်တယ်။
နိဗ္ဗာန်ဟာ ဆုံးတဲ့အချိန်ရတာပဲ။
ဒါကြောင့် ဒီကနေ့ကစပြီး ရှေးမူတွေဖျက်ကြ။
သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသလို ဖြစ်နေကြမယ်။
နိဗ္ဗာန်ဆိုတာ တောင်းလို့ရတာမျိုးမဟုတ်ဘူး။
တောင်းလို့ရရင် ကူပြီးတောင်းပေးပါရဲ့။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး)

No comments:

Post a Comment