Monday, June 9, 2014

တရားရလိုသော ယောဂီများသည်


တရားရလိုသော ယောဂီများသည်-
- ပျင်းတာရယ်၊ အိပ်ချင်တာရယ်၊ မအားတာရယ် ဤသုံးမျိုးကိုရှောင်လျှင် တရားရပါပြီ။

- ဝေဒနာရဲ့ သဘောလေးကို စ၊လယ်၊ဆုံး မျက်ခြေမပြတ်လိုက်ကြည့်ပါ။
(သူ့သဘောမြင်အောင်ကြည့်။)

- ငါ့သဘောမလုပ်နဲ့၊ ငါမရှိတာကို အရှိထင်ပြီးဆိုရင် ငါခံရပြီသာမှတ်။ သူ့သဘော တွေ့ပါများလျှင်ငါပြုတ်သွားလိမ့်မယ်။

- ရှေးစိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ကြိုးစားပါ။ နင်လားငါလား လုပ်ရမယ်။ ဒီဝေဒနာ ခံပြီးတိုက်၊ လျော့မပစ်နဲ့၊ ပြင်မပစ်နဲ့၊ သေခါနီးဆဲဆဲတော်လို့ မရဘူး။ မြင်လို့မရဘူး။

- အရိုးကြေကြေ အရေခန်းခန်း လူသေရင်သေ မသေရင် ကိလေသာသေဆိုတဲ့ စိတ်ကိုထား။

- အာနပါနသတိကိုယူ အတိတ်ကိုလည်း မစဉ်းစားနဲ့၊ အနာဂတ်ကိုလည်း မစဉ်းစားနဲ့၊ မသိပဲနဲ့ မဝင်စေနဲ့၊ မသိပဲနဲ့ မထွက်စေနဲ့၊ ဝေဒနာဆိုတာ မြဲနေတဲ့တရား မဟုတ်ဘူး။

- ဝေဒနာအပေါ်မှာ ဥပါဒါန်ရှိသေးလား။ အခုနှလုံးသွင်းနေတာ အာနာပါနသတိလား၊ ဈာန်စိတ်လား၊ ရုပ်လက္ခဏာ နာမ်လက္လဏာလား၊ တစ်ခုခုတော့ ဖြစ်မှာပဲ၊ ဘယ်စိတ်ဖြစ်ရင် ဘယ်စိတ် ရောက်မယ်ဆိုတာ ကိုယ့်ဟာကို ဧကန်သိရမယ်။
ခန္ဓာပျက်ချိန်မှာ ဖြစ်ပေါ်တဲ့ ပစ္စုပ္ပန်စိတ်ဟာ အရေးကြီးတယ်။

- ဝိပဿနာဆိုတာ အသေတတ်အောင်၊ အသေမြတ်အောင်၊ ကျင့်တဲ့တရား။
တော်တော်ကြာသေရမှာ၊ သေခါနီးဆဲဆဲ ဒီဝေဒနာ လာလိမ့်မယ်။ အခုကတည်းက ကြိုးစားပြီးတော့ အလေ့အကျင့်ထား။ သေပင်သေရငြားသော်လည်း အသိ
လေးနဲ့သေတတ်ဖို့ အရေးကြီးပါတယ်။
မူလသဲအင်းဂူဆရာတော်ဘုရားကြီး၏သြဝါဒ
 ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊ ͊

ဝိပဿနာအမွေအနှစ် တရားတော်မှ 
(Buddhavasa Tiloka) မှ ပြန်လည်တင်ပြသည်ကို ကူးယူဖော်ပြပါသည်။

No comments:

Post a Comment