Monday, June 30, 2014

ချစ်သား သာရိပုတြာ.. ဆုံးမစကားလေးများ


(၁) ချစ်သား သာရိပုတြာ
သူမတရားဘူး၊ငါတရားတယ်၊
သူမှားတယ်၊ ငါမှန်တယ် ဆိုတဲ့
ဆန့် ကျင်စကားပြောကြားခြင်းအမူ့ ကို
အကျယ်အကျယ် စကားကြွယ်မဲ့ ကြောက်ဖွယ်ဘေးကြီးပါ တကား လို့ 
ချစ်သားတို့ အမှန်အတိုင်းမြင်ကြ။

ဘယ်လောက်ကြောက်ဖွယ်ကောင်းလည်းဆိုရင်
ကောသမ္ဗီပြည်မှာ ရဟန်းနှစ်ပါး အငြင်းပွားရာကစ ပြီး
ဘဝဂ်တိုင်အောင် လူတွေ နတ်တွေ ဗြဟ္မာတွေ နှစ်ဘက် ကွဲကုန်ကြတယ်။
ဒီတော့ အငြင်းပွားခြင်း ဝိဝါဒသည်
လွန်စွာ ကြောက်စရာဖွယ်ကောင်းတယ်။
အငြင်းမပွားမူ့ ဟာ ဘေးမဖြစ်စေဘဲ အေးချမ်းတဲ့ တရားပဲ။
ဤကဲ့ သို့ အမှန်အတိုင်းသိကြပြီး ညီညွတ်ကြ၊
ပြေပြစ်သောစကားပြောကြားကြ ၊
ဤကား အဆူဆူသော ဘုရားရှင်တို့ ၏ အဆုံးအမ ဖြစ်တယ်။

(၂) ချစ်သား သာရိပုတြာ
သင်ချစ်သားတို့ သည်ကုသိုလ်ပြုခွင့် ကြုံကြိုက်သော်
အချိန်ဆွဲခြင်း၊ရှောင်လွဲခိုကပ်ခြင်း၊အပျင်းပိုခြင်းကို
ဘေးအနေအားဖြင့် မြင်ပြီး အပျင်းကိုခွါရှောင်
ဝီရိယကို ပွားကြခြင်းသည် ဘေးကင်းသော တရားပါပဲ။
ဤသည်ကား ဗုဒ္ဓါနုသာသနီ ဘုရားအဆူဆူတို့ ၏ အဆုံးအမ ဖြစ်တယ်။

(၃)ချစ်သားသာရိပုတြာ
အာရုံငါးပါး လိုက်စားမူးမေ့ ပုထုဇဉ်တို့ ၏
အလေ့ကို ကြောက်ဖွယ်ဘေး အနေနဲ့ ချစ်သားတို့ မြင်ကြ။
အာရုံ ငါးပါးမလိုက်စားဘဲ ကုသိုလ်တရားတို့ ၌
မမေ့မလျော့ မပေါ့ဆခြင်း သတိတရားကို
ဘေးကင်းတဲ့ တရားအနေဖြင့် သင်ချစ်သားတို့ မြင်ကြရမယ်။
မြင်ပြီးတော့ ကုသိုလ်တရားတို့ ၌ နေ့ နေ့ ညည မမေ့ကြကုန်လင့်။
ဤသည်ကား ဘုရားအဆူဆူတို့ ဆုံးမတော်မူသည့်
အနုသာသန သြဝါဒတော် ဖြစ်ပေသည် ဟူ၍ ဟောတော်မူခဲ့ပါသည်။

ဘုရားရှင်တို့  ချီမွမ်းအပ်သည့် 
သုံးခန်းသိက္ခာ သာသနာတော်၏
အကွပ် မြတ်မွန်လှသည့် အပ္ပမာဒ တရားကိုကား
နိဗ္ဗာန်တိုင်ထိ အကျိုးရှိမည့်
ဘာဝိတဗ္ဗမှန်ငြား တို့ တတွေ ပွားရမည့်
ဘေးကင်းသော တရားအနေဖြင့်
ယထာဘူတ သဘာဝ ဥာဏ်ဝင်
အမှန်တိုင်းမြင်ပြီး မမေ့ မလျော့ ထက်သန်ခိုင်ထွား
အပ္ပမာဒ တရား ကိုယ်စီကိုယ်င လက်ကိုင်ထားနိုင်ကြသည် ဓမ္မမိတ်ဆွေ အပေါင်းတို့ ...။

Credit by ကို ဦး ငယ်

Ko Thant Gyi ထံမှ ကူးယူပူဇော်ပါသည်။
Photo Credit >> Original Uploader

No comments:

Post a Comment