Sunday, June 29, 2014

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၂)


ဘုရားရှင်ကလည်း လောကမှာ လူတွေဟာ ကိုယ့်ကိုကိုယ်ကို အချစ်ဆုံးပဲတဲ့။
ဝိပဿ     နာ လုပ်တော့လုပ်ချင်တယ်။ သားသမီးတာဝန်တွေရှိသေးတယ်။ ကိုယ်မွေးထားတဲ့မီး ကိုယ်ငြိမ်းရမှာပေါ့လို့ပြောတာ တဏှာသံတွေ ထွက်နေတာတဲ့။
"သိတော့သိတယ် ဒီဘဝတော့ လုပ်နိုင်မယ် မထင်ဘူး တဲ့"
သေရင် ဒယ်အိုးပဲ။ ဒါမှမဟုတ် အပါယ်လေးဘုံတစ်ပုံပုံပဲ။ ဒီဘ၀မှ မလုပ်ကြရင်တော့ နောင်ဘ၀ ဗုဒ္ဓဘာသာနဲ့တွေ့ဖို့တောင် မလွယ်တော့ဘူး။ သစ္စာတရားနဲ့တွေ့ဖို့လည်း မလွယ်ဘူး။ သစ္စာတရားနာမှ နိဗ္ဗာန်ကို ညွန်ပြနိုင်မှာ။ ဘာကြောင့်လည်းဆိုတော့ ဒီလို သစ္စာတရားတွေကို နောင်တစ်သက်နှစ်သက်ပဲ နာရတော့မှာတဲ့ မိုးကုတ်ဆရာတော်ဘု၇ားကြီးက သတိပေးသွားတယ်။ အခုသေပြီ။ တရားမရူပဲနဲ့။ ငရဲမှာအကြားကြီးနေရမှာ။ ဒီပြန်လာတဲ့အခါ သစ္စာတရားတွေ ရှိနိုင်မယ် မထင်တော့ဘူး။ မှီမှာ မဟုတ်ဘူး။ ဘေးငါးပါးနဲ့ပဲ ကြုံတော့မယ်။ အိုဘေး၊ နာဘေး။ အစာရေစာ ခေါင်းပါးတဲ့ဘေး။ စပါးစေ့ကို ကြိတ်ရင် အခွံတွေပဲ ထွက်တယ်တဲ့။ သူပုန်တွေ သောင်းကျန်းလို့ ထွက်ပြေးနေရတဲ့ဘေး (အဲဒီအချိန် တရားမမှတ်နိုင်ဘူးတဲ့။) သံဃာတွေ၊ လူတွေ အစိပ်စိပ်ကွဲတဲ့ဘေး။ မိသားစု တစ်စုတည်းမှာကို ဘာသာမျိုးစုံတဲ့ ကွဲကြမယ့်ဘေး။ ဒါကြောင့် အခုကစ တရားရူကြပါတဲ့။

မိုးကုတ်ဆရာတော်ဘုရားကြီး
* * * * * * * 

ဘ၀ခင်တွယ်သူမှန်သမျှ ဘ၀ပျက်သုဉ်း အအေးဓာတ်လုံးလုံးသာရှိတဲ. နိဗ္ဗာန်ကို လိုချင်မယ်မထင်ဘူး။ နိဗ္ဗာန်ဆိုတာ တစ်ဘ၀နဲ.တစ်ဘ၀ ဆက်စပ်ပေးတဲ့ တဏှာအစေး မရှိတော့ဘူးလေ။ တဏှာက လိုချင်တောင့်တ၊ နိဗ္ဗာန်က လိုချင်တောင့်တရဲ့ ပြောင်းပြန်။ ဒါကြောင့် နိဗ္ဗာန်ဆိုတာ ဘာမှမလိုချင်တော့တဲ့ ရောက်ရ ရရာသော အပ္ပဏီဟိတတရား...။ ဘ၀ရာဂ သံယောဇဉ် အားကြီးနေသမျှ နိဗ္ဗာန်နဲ့ ဝေးနေကြဦးမယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
* * * * * * *

သောတာပန် ချမ်းသာ

( သောတပတ္တိမဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်အကြောင်းကို လယ်တီဆရာတော် ဘုရားကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီးမှ ကောက်နုတ်တင်ပြပါမည်။ )
သောတာပန်ဆုပန် ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်သို့ ဆိုက်ရောက် သောအခါ အတိတ်ကံဆိုးကံညံ့ အနန္တတို့သည် အကုန် ချုပ်ငြိမ်းလေတော့သည်။ သံသရာ အဆက်ဆက်မှ ပါလာခဲ့သည့် အသင်္ချေယျအနန္တ ကံဆိုး၊ ကံညံ့၊ အကုသိုလ်ကံဟောင်းတို့သည် အကုန် ဇာတ်သိမ်းလေတော့သည်။ အပါယ် သံသရာကြီးသည်လည်း ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ အားလုံး အကုန်အစင် ဇာတ်သိမ်းလေကုန်၏။ ပုထုဇဉ် လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတွေပင် ဖြစ်နေလင့်ကစား အပူကောင်သက်သက်သာ ဖြစ်သည့်အတွက် သောတာပန်ပုဂ္ဂိုလ်ကဲ့သို့ မငြိမ်းချမ်း၊ မအေးချမ်းနိုင်သေးပေ။ ပုထုဇဉ်ဖြစ်သော လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ချမ်းသာသည် အတက်အကျရှိ၏။ အတက်ပြီးလျှင် အကျဘက်သို့ ရောက်ရ၏။ ကျပြီးလျှင်(လိပ်ကန်းဥပမာအရ) ပြန်တက်ဖို့အလွန်ခဲယဉ်းလှ၏။ သောတာပန်ချမ်းသာသည် အတက်သာရှိ၏။ အကျလုံးဝမရှိပေ။ တက်ပြီးရင်းတက် ချမ်းသာပြီးရင်း ချမ်းသာရ၏။ ဆင်းရဲဒုက္ခတို့သည် ဝေးသထက် ဝေးသွားရ၏။ ချမ်းသာမှု အသေးမှ အလတ်၊ အကြီးတို့ကိုသာ ကျော်ဖြတ်ရ၏၊ နောက်ဆုံးမှာ ဆင်းရဲတို့ ချုပ်ငြိမ်းရာ သန္တိသုခ နိဗ္ဗာန်ချမ်းသာသို့သာ ဆိုက်ရောက်ရ လေတော့၏။
Ashin Mu Nain Da
* * * * * * *

ပုထုဇဉ်လို့ဆိုတဲ့ လူတွေရဲ့ဒုက္ခ နှင့် သောတာပန်တို့၏ ဒုက္ခ

သမန်းမြက်ဖြားပေါ်မှာ တင်ကျန်နေတဲ့ ရေပေါက် (၇) ပေါက် နဲ့ တစ်ယူဇနာကျယ်ပြီး ၅ ယူဇနာ နက်တဲ့ ရေအိုင်ထဲက ရေတွေရဲ့ ပဏာမနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် ပုထုဇဉ်ရဲ့ ဒုက္ခက ရေအိုင်ထဲက ရေလောက်ရှိပြီး သောတာပန်တည်သွားရင်တော့ ကျန်နေတဲ့ဒုက္ခက ရေစက် (၇) စက်စာလောက်ပဲ ကျန်တော့လောက်အောင် ကွာခြားလွန်းပါတယ် လို့ ဘုရားရှင်က ယှဉ်ပြထားပါသည်။
ပုထုဇဉ်ဆိုတာ လူယုတ်မာကိုခေါ်တာ။ သူတော်ကောင်းစိတ် မရှိတာ အပြည့်အ၀ မရှိတာ။
သောတာပန်ကတော့ သူတော်ကောင်းစိတ်ကိန်းသွားပြီ။ အရိယာအနွယ်ဝင်သွားပြီ။ တနည်းအားဖြင့် ဘုရား၏ တပည့်သားသမီး အစစ်ဖြစ်သွားပြီ။ သူမှာ အနည်းဆုံး (၇) ဘ၀ပဲ (၂၇)ဘုံမှာ ကျင်လည်ရတော့မယ်။ ငရဲ တိရ စ္ဆာန်၊ ပြိတ္တာ နှင့် အသူရကယ်ဘုံတို့ကို ဘယ်တော့မှ ပြန်မရောက်တော့ဘူး။ စိတ်ညွတ်ရာကို သွားလို့ရတယ်။
အားကြစရာမကောင်းဘူးလား။

Shared from Ma Myint Sandar (FB)

No comments:

Post a Comment