Monday, June 30, 2014

အတွင်းဓာတ်ခံအေးပါစေ


မင်္ဂလာနံနက်ခင်းတရားတော်
*********************
အတွင်းဓာတ်ခံအေးပါစေ
******************
ဘာမဆို အတွင်းကအေးနေအောင် လုပ်ရတယ်။
အပြင်က ဘယ်လောက်ပူပူ အတွင်းကအေးနေတော့ အေးတာပဲ၊
အပြင်ကဘယ်လောက်အေးအေး အတွင်းကပူတော့ ပူတာပဲ၊၊
(ဆားတောင်ဆရာတော်ကြီး)

လူသားတစ်ဦးချင်း၏ အတွင်းဓာတ်ခံခြင်းမတူ၊ စိတ်နေစိတ်ထားချင်းမတူ
အတွင်းသန္တာန်ချင်းမတူ။
အတွင်းဓာတ်ခံကောင်းသူရှိသလို မကောင်းသူလည်းရှိ၏။
စိတ်နေစိတ်ထားမြင့်မြတ်သိမ်မွေ့သူ ရှိသလို ယုတ်ညံ့ကြမ်းတမ်းသူလည်းရှိ၏။
အတွင်းသန္တာန်၌ ပူလောင်ဆူပွက်နေသူ ရှိသလို အေးချမ်းငြိမ်သက်သူလည်း ရှိ၏၊
လူတို့၏စိတ်နှလုံး၌ လောဘ. ဒေါသ. မောဟ. ဟူသော အကုသိုလ်ဟိတ်သုံးပါးလွန်စွာ ဖွဲ့တည်နေပါမှ၊ စိတ်နှလုံး အေးချမ်းပေလိမ့်မည်။
ပုထုဇဉ်များအဖို့ ထိုအကုသိုလ်စိတ် သုံးပါးစလုံး အနည်းနှင့်အများ အထူနှင့်အပါး ရှိကြပါသည်။
မိမိစိတ်ကြိုက် သဘောကျ ဖန်တီးနိုင်သောအရာကား "မိမိ၏စိတ်နှလုံး" သာ ဖြစ်သည်။
သတိနှင့်ယှဉ်လျက် အသိစိတ်ဖြင့် ကိုယ်ပိုင်စိတ်နှလုံးကို သန့်စင်နေအောင် အေးမြနေအောင် ထားတတ်ဖို့ လိုအပ်ပါသည်။
လောဘ. ဒေါသ. မောဟတို့ အတတ်နိုင်ဆုံး ပါးလျားစေပြီး မေတ္တာ ဂရုဏာ မုဒိတာ ဥပက္ခာစသော ဗြဟ္မစိုရ် တရားလေးပါးနှင့်ယှဉ်သော စိတ်ကောင်း နှလုံးကောင်းများမွေးမြူရန် လိုအပ်ပေသည်။
မိမိ၏ အတွင်းဓာတ်ခံ အေးမြသည်နှင့်အမျှ လောကဓံတရားတို့အပေါ် ခံနိုင်ရည်ရှိလာပေမည်။
မိမိပတ်ဝန်းကျင်ရှိ အခြေအနေများကိုလည်း၊ ငြိမ်းအေးအောင် လှပအောင် စွမ်းဆောင်နိုင်မည် ဖြစ်လေသည်။

Shared from Ma San Myint (FB)

No comments:

Post a Comment