Sunday, June 29, 2014

** သောတာပန် အရိယာတို့၏ အများအားဖြင့် နေထိုင်ပုံ နေ့စဉ်ဘ၀***


မြတ်စွာဘုရား တပည့်သာဝက အစစ်ဖြစ်သွားတဲ့ သောတာပန် အနာဂါန် အစရှိသည်ဖြင့် အရိယာတွေဖြစ်သွားရင် ဘယ်လို ဘယ်နည်းနဲ့ နေ့တွေကို ကုန်ဆုံးကြသလဲ။
သောတာပန်ဖြစ်လာရင် ဘုရားကို ကြည်ညိုတဲ့ စိတ်က ပိုပြီး ထက်သန်လာတယ်။ တရားကို ကြည်ညိုတဲ့ စိတ် ပိုပြီး ထက်သန်လာတယ်။ သံဃာကို ကြည်ညိုတဲ့ စိတ် ပိုပြီး ထက်သန်လာတယ်။ ဒါကြောင့် သောတာပန် ဖြစ်လာရင် ဘုရားကို ပိုမြတ်နိုးလာတယ်။ တရားကို ပိုမြတ်နိုးလာတယ်။ သံဃာကို ပိုမြတ်နိုးလာမယ်။
ပုထုဇဉ်က ဘုရားကို သတိရချိန် နည်းတယ်။ ပုထုဇဉ် ဘုရားကို ကြည်ညိုတာက အိပ်ခါနီး ဘုရားရှိခိုးတက်တဲ့သူက အိပ်ခါနီးမှ ဘုရားကို သတိရတယ်။
သောတာပန် ဖြစ်လာရင်တော့ ဘုရားကို သတိရတဲ့အချိန် ပိုများတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေရင်းနဲ့လည်း ဘုရားအပေါ်မှာ အာရုံရှိတယ်။ တရားပေါ်မှာ အာရုံရှိတယ်။ အိမ်မှာ သားမယားနဲ့နေတာတောင်မှ ဘုရားအပေါ်မှာ အာရုံရောက်တယ်။
ပုထုဇဉ်ကတော့ အပျော်နဲ့အပါးနဲ့ နေကြတယ်။ နေတာ များတယ်။ ကုသိုလ်လုပ်ဖို့ သတိမရကြဘူး။ သို့မဟုတ် တစ်ခြားကိစ္စ၀ိစ္စတွေနဲ့ နေတာများတယ်။
သောတာပန်ဖြစ်သွားရင်တော့ ငါးပါးသီလကိုလည်း မြတ်မြတ်နိုးနိုး ထိမ်းသိမ်းလာနိုင်တယ်။
အလှူအတန်းမှာလည်း နေ့စဉ် စွန့်ကြဲပေးကန်းတာမှုနဲ့လဲ ပြည့်စုံတယ်။ ဘုရားအဆုံးအမကိုလည်း သိတယ်။
ရှစ်ပါးသီလနဲ့ နေကြတယ်။ တရားစခန်းမှာ တရားထိုင်ရင်းလည်း အချိန်တွေ ကုန်ဆုံးကြတယ်။

ဒေါက်တာနန္ဒမာလာဘိဝံသ
မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

No comments:

Post a Comment