ှဆရာတော်လောင်းလျာမောင်အောင်ထွန်းကို(၁၆.၃.၁၉၁၃) တွင်မွေးဖွားခဲ့  သည်။ ငယ်စဉ်ကကောင်းစွာစာမသင်ခဲ့ သဖြင့့်သေစာရှင်စာလောက်တာဖတ်တတ်သည်။ အိမ်ထောင်(၄)ကြိမ်ပြုခဲ့ သည်။ သားကျွေးမှု၊ မယားကျွေးမှုအတွက်။ အသက်(၄၆)နှစ်အရွယ်အထိ၊အရက်သမားလောင်းကစားသမား၊ ကြေးစားလူမိုက်၊ ဓါးပြဗိုလ်ဘ၀တို့  ဖြင့် ၊ အကုသိုလ်မျိုးစုံကျူးလွန်ရင်း၊ အစိုးရပြစ်းဒါဏ်များလည်းကျခံခဲ့ သည်။
တနေ့ တွင်ဇနီးသ်ာဝယ်လာသောစာမတတ် သောစွန်းလွန်းဆရာတော် အကြောင်း၊ စာအုပ်ကိုရုပ်ပုံများကြည့် ရင်း၊ သတိပဋ္ဌာန်လေးပါးကိုစာလုံးပေါင်းဖတ်ကြည့် 
ပြီး၊ "သူတောင်ရဟန္တာဖြစ်ရင် ငါလည်းကျင့်  ရင်ဖြစ်မျာပဲ" ဟုတရားကျင့် လိုစိတ်စတင်ဖြစ်ပေါ်ခဲ့  သည်။
နောက်ဆုံးအကြိမ် ဓါးပြတိုက်ရာတွင် ဦးခေါင်းကိုဓါးခုတ်ခံရပြီး သံဝေဂအကြီးအကျယ်ရခဲ့ သည်။ (၇)ရက်အကြာ၊ ဒါဏ်ရာသက်သာသွားသောအခါ ၊
စွန်းလွန်းစာအုပ်ယူပြီး၊မှော်ဘီ၊ နှောကုန်းရွာ၊ ကျောင်းလေးကျောင်းသိမ်ထဲ တွင်၊ (၉)ပါးသီလခံယူပြီး၊ တံခါးပိတ်ခါ တရားစကျင့် သည်။ လူသေလျှင်သေ၊
မသေလျှင်ကိလေသာသေ။ ဟုပြင်းပြသောစိတ်ဖြင့်  ၀င်လေ ထွက်လေ နှာသီးဖျားထိသည်ကို သတိဖြင့်  မပြတ်ရှုမှတ်သည်။
မခံမရပ်နိုင်သောဝေဒနာတို့ ကြောင့် ၊ ထိုင်ရာမှတဗိုင်းဗိုင်းလဲကျသည်။ သတိမလွတ်စေပဲမလျော့ သောဇွဲဖြင့်  ဝေဒနာတခုစီ၏ သဘောကို၊ သူ့  ဟာသူ မဆုံးမချင်း
သီးခံရင်းမှတ်သည်။ (၆)ရက်မြောက်သောနေ့  (၁၂.၉.၁၉၅၉)တွင်ပထမအသိထူးကိုရရှိသည်။ (၉)ရက်မြောက်နေ့  တွင်(၈)ပါးသီလကိုပြောင်းယူပြီးနှောကုန်းရွာ၊ အမကြီးဒေါ်ဖွားစိန်ခြံဝင်းထဲရှိဆေးရိုးပင်အောက်၊ နှင့် ၊ နေ့  ခင်းဘက်တွင် လူသူကင်းသော၊ နောကုန်းသင်္ချိင်းတွင်သွားရောက်တရားကျင့် သည်။
ဝေဒနာကိုနိုင်ပြီးနောက်၊ (၇)ရက်ခန့်  နေ့  ရော ညရော ဆက်တိုက်အစာမစားပဲ၊ ရှုမှတ်ခဲ့ သည်။ တရားထိုင်စဉ်။ မှတ်၊ ခြင်၊ ယင်တို့  ကြောင့် ပိတ်ဖြူအ၀တ်အတွင်း
သွေးများစွန်းနေသည်။ အတွင်းဝေဒနာကိုဥပက္ခာပြုနိုင်သလို၊ အပြင်ဝေဒနာကိုလည်းသီးခံနိုင်ခဲ့ သည်။
(၁၀.၁၀.၁၉၅၉) တွင်ဒုတိယအသိထူးကိုရသည်။ သိလိုမြင်လိုသည်များကိုပါ၊ သမာဓိအားဖြင့် သိမြင်လာသည်။ (၁၅.၃.၁၉၆၀) အပေါ့ 
အလေးသွားရန်ဝါးငုတ်ပေါ်ထိုင်ရင်း တတိယတရားအသိထူးနှင့်  အတူ နတ်ပြည်(၆)ထပ်။ ဗြဟ္မာ(၂၀)။ ငရဲကြီးအထပ်ထပ်ကို အ၀ီစိထိအောင် တွေ့  မြင်ရသည်။
ပထမနှင့်  ဒုတိ.အသိထူးရပုံများကို တတိယအသိထူးရပြီးမှ၊ ပြန်လည်ဆင်ခြင်ကာသိမြင်ခဲ့  ခြင်းဖြစ်သည်။
သကြား။ ဗြဟ္မာတို့ ၏လျှောက်ထားချက်အရ၊ (၁၂.၃.၁၉၆၁) တွင်ရဟန်းပြုသည်။(၂၀.၅.၁၉၆၁)တွင် ဒကာရင်း ဦးစု၏နေအိမ်၌ကျင့် စရာမရှိတောသည်ကိုသိသောနောက်ဆုံးအသိထူးကိုရရှိသည်။ ဗြဟ္မာ၃ဦး၏တောင်းဆိုချက်အရ၊ရဟန်း(၁၂)၀ါအတွင်းမြန်မာပြည်အနှံ့ အရှေ့ ဘက်တောင်ကြီးမြို့ ၊ အနောက်ဘက်စစ်ထွေမြို့ ၊ မြောက်ဘက်မြစ်ကြီးနားမြို့ ။တောင်ဘက်မြိတ်မြို့  များအထိ၊ ပင့် ဆောင်သောမြို့  များသို့  လိုက်လံတရားပြသည်။
တစ်နေ့  လျှင်(၂) ကြိမခန့်  ပုံမှန်ဟောပြောလေ့  ရှိသည်။ (၂၁)လအတွေ အကြုံ ခန္ဓာကိုယ်တွေ့ မဂ်လေးပါးတရားကို မနားမနေလှည့်  လည်ဟောကြားသည်။
တရားဟောပြီးတိုင်း နာတယ်။ ကိုက်တယ်။ယောက်ကျား။ မိန်းမ။ စသည့်  မရှိတဲ့  ပညတ်တွေစွဲသေပြီး အပါယ်မကျအောင်လက်တွေ တရားထိုင်စေသည်။
ရောဂါဝေဒနာများဖိစီးနှိပ်စက်သည်ကိုပင်၊ ဂရုမထားပဲ ၊ အများပြည်သူတို့ သံသရာဝဋ်ဆင်းရဲ မှ၊လွတ်ကင်းပြီး သူ့ လိုတရားချမ်းသာကိုခံ စားနိုင်ကြစေရန်၊လမ်းပြကယ်တင်လဲ့ သည်။
(၈.၇.၁၉၇၃)တွင်ခန္ဓာဝန်ချခဲ့  သည်။ မပုတ်မသိုးသောရုပ်ကလပ်တော်ကို(၃)နှစ်အပူဇော်ခံထားစဉ်အတွင်း၊ ပတ္တမြားလုံးအသွင်မျက်ရှင်တော်နှစ်ဆူနှင်စွယ်တော်တစ်ဆူရရှိခဲ့  သည်။
ဆရာတော်သည် မရမနေစိတ်ဖြင့်  ကြိုးစားလျှင်၊ မဖြစ်နိုင်တာ မရှိကြောင်း တရားလိုခြင်သောသဒ္ဓါတရားသာအဓိကဖြစ်ကြောင်းလက်တွေ့ ပြသသွားခဲ့ သည်။
လူဆိုးလူမိုက်ဘ၀မှဘုရားပေးသော၊ အမြင့်  ဆုံးဘွဲ့  ကိုရယူနိုင်သည့်  အထိ၊ ဘ၀ကိုပြောင်းပြန်လှန်ပြခဲ့  သည်။
နောင်လာနောင်သားများတရားချမ်းသာခံစားနိုင်ကြစေရန်၊ လမ်းပြကယ်တင်ခဲ့ သည်။
မသိချင်နဲ့ ။ မကြားချင်နဲ့ ။မမြင်ချင်နဲ့ ၊ ချင်(၃) ချင်ရှောင်ရင်၊ သောတာပန်လည်းလက်တလှိမ့် ကလေး၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ လည်းလက်တလှိမ့် ကလေး၊ ကြိုးစားပါ၊ သဒ္ဓါ စိတ်တင်ထား၊ တထိုင်ထည်းနဲ့  ရတယ်။ နည်းသိရင်လွယ်လွယ်လေး။ မျက်စိမှိတ်ပြီးလက်ကလေးထပ်ပြီးထားပါ။ ပထမ အာနာပါန
သတိယူ၊ တွန်းတယ် ကန်တယ် သဘောလေးကို သာသိ။ မသိပဲ မ၀င်နဲ့ ။ မသိပဲ မထွက်နဲ့ ။ အတိတ်ကိုလည်းမတွေးနဲ့  ။ အနာဂတ်ကိုလည်းမစဉ်းစားနဲ့ 
ခန္ဓာထဲကဘာပဲပေးပေး၊ ဝေဒနာတလုံးထဲ သိ။ (ဝေဒနာ(နာမ်)၏သဘော၊ ခံစားပြီးပျက်တာကိုသိ၊) ဘယ်လိုခံစားသလဲ သူ့  သဘောကိုကြည့်  နေ။
နာတယ်လို့  သိတဲ့  အသိေ တွ မဖြစ်စေနဲ့ ။ နာသူ၊ ကိုက်သူ၊
ထုံသူမရှိ။ ယောက်ကျားကောင်၊ မိန်းမကောင်ဆိုတာမရှိတဲ့  တရားတွေ။
ခန္ဓာကြီးမညှာနဲ့  ၊ ညှာနေရင်အပါယ်မလွတ်ဘူး။ သေချင်လည်းသေရော၊ ငါမှမဟုတ်ပဲ၊ ဒီစိတ်ကိုထားပါ။ ဝေဒနာဆိုတာမြဲနေတဲ့  တရားမဟုတ်ဘူး၊
ဖြစ်လာရင်ပျက်မှာ၊ သူ့  သဘောနဲ့  သူဖြစ်လာတာ။သူ့  သဘောနဲ့  သူပျက်မှာ။ ဝေဒနာမကုန်မချင်းမထနဲ့ ၊ အရိုးကြေကြေ အရေခန်းခန်း၊ လူသေရင်သေ၊
မသေရင်တရားရ ဆိုတဲ့  စိတ်ထား။
သေလည်းမသေနိုင်ပါဘူး။ နင်လားငါလားလုပ်ရင်ရမယ်။ အ၀ိဇ္ဖာနဲ့  ၀ိဇ္ဖာစစ်တိုက်တာ။ အကုသိုလ်စိတ်နဲ့  ကုသိုလ်စိတ်ပြောင်းတာ။ သူကြိတ်၊ ကိုယ်ကြိတ်၊
ဒီဝေဒနာကိုသည်းညည်းခံပြီးတိုက်။ လျှော့ မပြစ်နဲ့  ။ တော်မပြစ်နဲ့ ။ ပြင်မပြစ်နဲ့  ။ လှန်မပြစ်နဲ့ ။ သေခါနီးဆဲဆဲတော်ပစ်လို့  မရဘူး။ ဒါအသေကျင့်  နေတာ။
အပါယ်လေးပါးနဲ့  နတ်ပြည်နဲ့ လဲ နေတာ။
ဝေဒနာပျင်းရင်၊ ပျင်းပျင်းလေးရှူသွား။ မရှူပဲနဲ့  မှိန်းလိုက်နေရင် ဝေဒနာကိုမခံနိုင်ဘူး ၊ဒါမှမရသေးရင်တကိုယ်လုံးဖြန့် ရှု၊ တစ်နေရာထဲ မရှုနဲ့ ။
ကိုယ့်  စိတ်ကိုယ်စစ်၊ ရှေ့  စိတ်ကလေးတော်ချင်ရင်။ နောက်စိတ်ကလေးကတွန်းတင်လိုက်ကြ။ပြင်းပြင်းထန်ထန်ကြီးလုပ်ရမယ့်တရားမဟုတ်ဘူးမမှတ်နဲ့  မှတ်နေရင်ပညတ်ကြီး။
သဘောကိုလိုက်ကြည့်  ပါ။ သူ့  သဘောကလေးကို အစ အလယ် အဆုံး မျက်ခြည်မပြတ် လိုက်ကြည့် ။ အစိုးမရတဲ့  အနတ္တတရား။ မတင်းနဲ့  မကိုက်နဲ့  လို့ တောင်းပန်လို့  မရဘူး၊ငါ့ သဘောမလုပ်နဲ့ ။ ငါမရှိတာ အရှိထင်ပြီဆို ငါခံရပြီသာမှတ်။ သူ့  သဘောတွေ ပါများရင် ငါပြုတ်သွားလိမ့်  မယ်။
အတွင်းလောကဓံ နိုင်အောင်တိုက်ရင်၊ အပြင်လောကဓံ ရေပဲ။ ဒီရုပ်နဲ့  ဒီနာမ်ဟာဖြစ်လာရင် ဒုက္ခကြီး မချစ်ပဲနဲ့  ပေါင်းနေရတယ်။ မနာချင်ပဲနဲ့ နာနေရတယ်။ မခံစားချင်ပဲနဲ့  ခံစားနေရတယ်။မလိုခြင်ကြနဲ့ တော့။မတပ်မက်ကြနဲ့  တော့။
No comments:
Post a Comment