Sunday, June 15, 2014

အတိရေကလာဘ်ကို ပယ်တော်မူသော အရှင်မြတ်




ငြိမ်းအေးချမ်းသာ (သန္တိသုခ) အစစ်အမှန်

ရတနာပူရ တတိယအဝမြို့တည် ဆင်ဖြူရှင် မင်းတရားလက်ထက်တွင် ကြက်သွန်ခင်းဆရာတော် အရှင်ပါသံသဟူ၍ ရှိခဲ့ဖူးသည်။ ဆရာတော်သည် ကျမ်းဂန်သင့်မြတ်လှသည်။ ဓုတင် ပဋိပတ် လေ့လာလှသည်။ မင်းဆရာ ဖြစ်သော်လည်း အလုပ်အကြွေး ကပ္ပိယတစ်ဦးနှင့် တောအရပ်၌သာ နေတော်မူသည်။ အတိရေကလာဘ်(ပိုလွန်သောလာဘ် လွန်သော။ ပိုမိုသော။ surplus; extra; exceeding.Exceeding, excessive) ကို ပယ်တော်မူ၍ ပိဏ္ဍပတ်ဝတ်ဖြင့်သာ အသက်မွေးတော်မူ၏။ သက်တော်ရွယ်တော် ရင့်သည့်တိုင်အောင် ဆွမ်းခံဝတ်ကို ဖြည့်တော်မူသည်။ ဆွမ်းခံရာတွင်လည်း ကိုယ်တော်နှင့် အလုပ်အကျွေး သီတင်းသည်တစ်ယောက် မျှလောက်လျှင် ပြန်လှည့်တော်မူသည်။ ပစ္စည်း မက်မော တော်မမူ။

တရံရောအခါ ရဟန်းတစ်ပါး များစွာသော ဆွမ်းဟင်းလျာ စားဘွယ်စားရာအစုံ တပည့်ဝန်ထမ်း တစ်ထမ်းနှစ်ထမ်းနှင့် စစ်ကိုင်းမြို့မှ ထွက်လာသည်ကို ကြက်သွန်ခင်း ဆရာတော်နှင့် ပက်ပင်းပါ ကြုံတွေ့လေလျှင် ဆရာတော်ကြီးက "ငါ့ရှင် သင်၏မယား မာတော်မူ၏လော" ဟု မေးတော်မူလိုက်သည် ဟူသတတ် . . . . . .

Shared from U Mar Ni Ta (FB)

No comments:

Post a Comment