၁။ သောတာနုဂမန – ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။
၂။ ၀စသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။
၃။ မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။
၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။
ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီး ရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ
၁။ နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန် တည်ပါတယ်။
(သို့)
၂။ အရှင်မဟာမောဂ္ဂလာန် မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။
(သို့)
၃။ ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါး ဟောတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တုန်းက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။
(သို့)
၎။ လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်းဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။
(ထိုလေးနည်းက တစ်နည်းနည်းဖြင့် သောတာပန်တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်)
အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်
မေတ္တာဖြင့် စုစည်းဝေမျှသူ - အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)
No comments:
Post a Comment