Friday, June 13, 2014

ဘုန်းကံကြီးမားတိုင်းလည်း ရဟန္တာမဟုတ်


ဘုန်းကံကြီးမားတိုင်းလည်း ရဟန္တာမဟုတ်။

ရဟန္တာတိုင်းလည်း ဘုန်းကံမကြီးမား။

ပုထုဇဉ်ဖြစ်သော်လည်း ဒါနရှိခဲ့လျှင်

ဘုန်းကံကြီးမား။

လောသကတိဿမထေရ်သည်

ရဟန္တာဖြစ်သော်လည်း ပရိနိဗ္ဗာန်ဝင်စံသည်အထိ

ဆွမ်းတစ်နပ်မျှ ဝအောင် ဘုဉ်းပေးမသွားခဲ့ရ။

ဒါနမရှိခဲ့သည့်အပြင် အတိတ်ဘဝတစ်ခုက

ဣဿာမစ္ဆရိယစိတ်ထားဖြင့် ရဟန်းတစ်ပါး၏လာဘ်လာဘကို

ဖျက်ဆီးခဲ့မိသောကြောင့်ပင်ဖြစ်၏။

ကောင်းကင်ပျံနိုင်တိုင်းလည်း ရဟန္တာမဟုတ်။

ရဟန္တာတိုင်းလည်း ကောင်းကင်မပျံနိုင်။

ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်သော၊

သံဃာသင်းခွဲသော၊ ပုထုဇဉ်သာဖြစ်သည့်

ရှင်ဒေဝဒတ်သည် ကောင်းကင်မှာပျံနိုင်ခဲ့၏။

ကုဋေနှင့်ချီးပြီးရှိသည့် သုက္ခဝိပဿကရရဟန္တာများသည်

ကောင်းကင်သို့ မပျံနိုင်ကြပေ။

ဆရာတော် အရှင်ဇဝန
မေတ္တာရှင် (ရွှေပြည်သာ)

Dhamma Dãna Source : ထေရဝါဒ ရနံ့
https://www.facebook.com/thefragranceoftheravada

No comments:

Post a Comment