Tuesday, May 10, 2011

အချစ်ဦးမဟုတ်ပေမဲ့ အချစ်ဆုံးဖြစ်ခဲ့တယ်

* သူနဲ့ကျွန်မ စတွေ့ခဲ့တာ အွန်လိုင်းပေါ်မှာပါ ။

စတွေ့တုန်းကဘုနဲ့ဘောက် ကျွန်မကလည်း ပေါက်ကရတွေပဲပြောတယ် သူလည်း အဲလိုပဲ ပေါက်ကရ တွေပြောတယ်လေ အဲဒီလိုနဲ့ပဲ ကျွန်မသူ့ကိုခင်သွားတယ်
သူကရီစရာတွေပြောလို့လေ အချိန်တွေ ကြာလာတာနဲ့အမျှ
ကျွန်မသူ့ကိုပိုပိုခင်လာမိတယ်
ကျွန်မက၀န်ထမ်းတစ်ယောက်လေ အလယ်တန်းပြ ကျောင်းဆရာမပေါ့၊ သူကလည်း
နိုင်ငံခြားမှာပညာတော်သင်သွားနေတဲ့
ဝန်ထမ်းပဲ ကျွန်မတို့ နှစ်ယောက်လုံး ရန်ကုန်ဇာတိတွေပါ နေ့တိုင်း
အွန်လိုင်းမှာ တွေ့တာကြာတော့ သံယောဇဉ်
ဖြစ်မိလာတယ် သူ့ကသူ့အကြောင်းတွေအကုန် ကျွန်မကိုပြောပြလေ့ရှိတယ်၊
သူ့မိဘတွေအကြောင်း၊
သူ့မှာ ရည်းစားရှိတဲ့အကြောင်း စသည်ဖြင့်ပေါ့လေ ကျွန်မကလည်း သူဘာပြောပြော
သူ့ပြောရင်
စိတ်ဝင်တစားနဲ့ အမြဲနားထောင်ပေးတယ်လေ၊သူစိတ်ညစ်နေရင်
ကျွန်မနှစ်သိမ့်ပေးမိတယ်
၊ သူအားငယ်

စိတ်ပျက်နေတဲ့အချိန်တွေဆို စိတ်မပျက်ဖို့ အားပေးမိတယ် ၊ကြာလာတော့ သံယောဇဉ်ဖြစ်လာတာလည်း ပါတယ်လေ၊ကျွန်မ တခြားသူငယ်ချင်းတွေနဲ့တောင် မပြောမိတော့ဘူး
သူနဲ့ပဲပြောနေမိတယ်၊ သူမရှိတဲ့ အချိန်တွေဆို
ကျွန်မအွန်လိုင်းတောင်မတက်ဖြစ်တော့ဘူး၊သူရှိမယ့်
အချိန်လေးပဲ ရွေးပြီး ကျွန်မ အွန်လိုင်းပေါ် တက်ဖြစ်တော့တယ်၊ တနေ့
သူကပြောတယ် သူ သူ့ရည်းစားနဲ့ပြတ်သွားပီတဲ့ ၊ ကျွန်မ
သူ့ကိုနှစ်သိမ့်မိတယ်၊စိတ်လည်းမကောင်းပါဘူးသူ့အတွက်လေ
သူနဲ့သူ့ချစ်သူက ငယ်ငယ်တည်းက ချစ်လာတာတဲ့ခုသူ့ရည်းစားကသူ့ကိုပစ်သွားတော့
သူစိတ်မကောင်းဖြစ်နေမှာပဲ ကျွန်မသူ့ကိုသနားတယ်၊

ဒီလိုနဲ့ပဲအချိန်တွေကြာလာတာနဲ့အမျှသူနဲ့ကျွန်မပိုပိုပီးရင်းနှီးလာတယ်လေသူလည်းကျွန်မကိုပိုပိုပီးခင်လာတယ်၊တနေ့သူကကျွန်မကိုဖွင့်ပြောတယ် ”နင့်ကိုငါချစ်တယ်”တဲ့ ကျွန်မအရမ်းပျော်သွားတယ် ဒါပေမဲ့ ကျွန်မသူပြောတာမယုံခဲ့ဘူး
ကျွန်မမှာအကျင့်တစ်ခုရှိတယ် ကျွန်မကိုအွန်လိုင်းမှာရည်းစားစကားပြောရင်
ကျွန်မက ဘလော့လုပ်လိုက်လေ့ရှိတယ်
ကျွန်မအဲလိုလုပ်တတ်တာသူကသိတယ်လေ ၊ကျွန်မသူ့ကို ပြန်ပြောလိုက်မိတယ်
”နင့်ကိုငါမချစ်ဘူး”လို့လေ၊ နင်ကငါ့ကို အစားထိုးတာလို့လည်း ပြောလိုက်တယ်
ဒါပေမဲ့
သူငယ်ချင်းလိုတော့ခင်ပါတယ်လို့ ပြန်ပြောလိုက်တယ်၊ သူကလည်း
ပြန်တောင်းပန်ပါတယ်
ငါမှားသွားတယ်တဲ့ သူငယ်ချင်းအချင်းချင်း ဘာတွေပြောမိမှန်း မသိဘူးတဲ့
ကျွန်မကလည်း
သူ့ကို ပြန်ပြောလိုက်ပါတယ်၊ ”ရပါတယ် နင်မပြောခဲ့ဘူးလို့မှတ်လိုက်မယ်
ငါလည်းမကြားခဲ့ဘူးလို့ မှတ်လိုက်မယ်လို့”
သူ့ကိုပြောလိုက်တယ် အဲဒါနဲ့ကျွန်မနဲ့သူ အရင်အတိုင်းပုံမှန်
ပြန်ဖြစ်သွားကြတယ်
ကျွန်မလဲ အဲဒီကိစ်စကိုမေ့လိုက်တယ် သူ့ကိုကျွန်မချစ်ခဲ့ပါတယ် ဒါပေမဲ့
ကျွန်မ၀န်မခံခဲ့မိဘူး သူ့ကို့ချစ်တယ်ဆိုတာကိုပေါ့ ဒီလိုနဲ့ပဲ
အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပါတော့တယ်
သူလည်း နိုင်ငံခြားက ပြန်လာခဲ့တယ် ၊ ကျွန်မတို့နှစ်ယောက်
အပြင်မှာတွေ့ဖြစ်ခဲ့ကြတယ်
ပိုပီးခင်မင်လာခဲ့တယ် သူကျွန်မကို နောက်တစ်ကြိမ်ချစ်ခွင့်ထပ်ပန်ခဲ့တယ်
ဒီတစ်ခါတော့ကျွန်မ မငြင်းမိတော့ဘူး ချစ်တယ်လို့

ပြန်ပြောလိုက်မိတယ် ၊ဒီလိုနဲ့ပဲ ကျွန်မတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်၊ သူကကျွန်မကိုအရမ်းချစ်သလို ကျွန်မလည်း သူ့ကိုအရမ်းချစ်ခဲ့တယ်၊သူကကျွန်မကို ထူးထူးဆန်းဆန်း
”ချစ်ဆုံး”လို့ခေါ်တယ်
၊ ကျွန်မက နင်ဘာလို့ ငါ့ကိုအဲဒီလိုခေါ်တာလဲလို့မေးရင် သူဘာမှပြန်မပြောဘူး
ပြုံးနေတတ်တယ် ကျွန်မကလည်း အမြဲတမ်းမေးတယ် သူကလည်း မေးလိုက်တိုင်း
ပြုံးပီးတော့ပဲနေခဲ့တယ်
တစ်နေ့တော့သိမှာပေါ့တဲ့ တစ်ခါတော့သူ အဲလိုပြောဘူးတယ် ကျွန်မကတော့သူ့ကို
”ကို”လို့ခေါ်ခဲ့တယ်၊ စကားပြောရင်တော့ နင်နဲ့ ငါနဲ့ပဲပြောဖြစ်ကြတယ်၊ သူနဲ့က
(၁)နှစ်ပဲကွာတာလေ ၊သူကကျွန်မထက်(၁)နှစ်ကြီးတယ်၊

ရှေ့ဆက်ရမယ့်နေ့ရက်တွေဟာပျော်စရာတွေနဲ့ပဲပြည့်နေမှာပဲလို့ ကျွန်မထင်ခဲ့မိတယ် ၊သူ့ရည်းစားဟောင်း အကြောင်းလည်း ယောင်လို့တောင်ကျွန်မသူ့ကိုမမေးမိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသူ့ကို
သိပ်ချစ်ခဲ့လို့လေ
အရင်ကသူဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာသူက ကျွန်မချစ်သူဆိုတာပဲ ကျွန်မသိတယ်
အဲလောက်တောင်ကျွန်မသူ့ကိုစူးစူးနစ်နစ်ချစ်ခဲ့မိတယ်၊ဒါပေမဲ့သိတယ်မလား
ကံကြမာက
ကျွန်မကို မျက်နှာသာမပေးခဲ့ပါဘူး၊သူ့အရင်ရည်းစားနိုင်ငံခြားကပြန်လာတယ်တဲ့လေ
၊သူကျွန်မကို
ပြောခဲ့တာတော့ မဟုတ်ဘူး၊ သူ့သူငယ်ချင်းက ပြောခဲ့တာပါ
အော်သူ့သူငယ်ချင်းတွေကလည်း
ကျွန်မကိုခင်ကြတယ်လေ၊

ဒါပေမဲ့ ကျွန်မသူ့ကိုမမေးခဲ့ပါဘူး သူကလည်းမပြောခဲ့ဘူး သူမပြန်လာတဲ့နောက်ပိုင်း သူ့ရဲ့ ပုံစံတွေ ပြောင်းလာခဲ့တယ်
ချိန်းထားရင် အရင်လို တိတိကျကျ ရောက်မလာတော့ဘူး အမြဲနောက်ကျ တတ်လာတယ်
တခါတလေ သူမအားတာ
ပိုများလာတယ်၊ ဒါပေမဲ့ကျွန်မသူ့ကို အပြစ်မမြင်ခဲ့ပါဘူး ဘာမှလည်း
မမေးမိအောင် ကြိုးစားပီးနေခဲ့ပါတယ၊်
ရင်ထဲမှာတော့ ဝေဒနာတွေအပြည့်နဲ့ပေါ့ ၊ တခါတခါ ကြိတ်မှိတ်ပီး ခံစားရလို့
ရူးမတတ်ပါပဲ၊
ဒါပေမဲ့ ကျွန်မသူ့ကိုထူးဆန်းစွာ အပြစ်မပြင်မိခဲ့ဘဲ သနားလို့တောင်
နေမိပါတယ၊်
ဘာဖြစ်လို့လဲဆိုတော့ သူ့အရင်ရည်းစားက သူ့ကိုပြန်ဆက်သွယ်ခဲ့တယ် ဆိုပဲ ၊
သူကျွန်မကကိုပြောတာတော့မဟုတ်ပါဘူး၊ သူ့သူငယ်ချင်းတွေကပြောတာပါ၊
သူနဲ့သူ့ရည်းစားက
(၇)နှစ်လောက်ချစ်ခဲ့ကြတာလေ၊(၇)နှစ်ဆိုတဲ့ သံယောဇဉ်က နည်းမှမနည်းတာ၊
သူနဲ့ကျွန်မချစ်တာက တော့ (၁)နှစ်တောင် မပြည့်သေးပါဘူး၊ ဒါပေမဲ့ တစ်ခုတော့
ရဲရဲကြီး
ကျွန်မအာမခံတယ်၊ သူနဲ့ကျွန်မချစ်သက်တမ်းဟာ (၁)နှစ်မပြည့်သေးပေမယ့်
ကျွန်မသူ့ကို
ချစ်ခဲ့တဲ့ အချစ်ကတော့ ကျွန်မဘ၀တစ်ခုလုံး ပါဆိုတာလေ၊တခါတလေ
ကျွန်မစဉ်းစားမိတယ်
သူ့မှာ အရင်ရည်းစားနဲ့ ပြန်တွဲချင်တာတောင် ကျွန်မကို အားနာနေရှာမှာပဲလို့
တွေးမိတယ်။ ကျွန်မသူ့ကို ဘယ်လိုကူညီရမလဲလို့ အမြဲတွေးနေမိတယ်၊ခက်တာက
သူကကျွန်မကို
ဘာမှမပြောဘူး သူ့အရင်ရည်းစားနဲ့ပတ်သက်ပီးတော့ပေါ့၊ အဲ ကျွန်မတို့မှာ
အကျင့်တစ်ခုရှိတယ်
လ(၁)လရဲ့ လကုန်တဲ့ရက်တိုင်း တစ်ယောက်နဲ့တစ်ယောက်
တွေ့သည်ဖြစ်စေ၊မတွေ့သည်ဖြစ်စေ ချက်တင်ထဲမှာ
Offline Message ပို့လေ့ရှိတဲ့ အကျင့်လေးပါ၊ စကားလုံးလေးကတော
့ဘာမှမထူးဆန်းပါဘူး
”ချစ်တယ်”ဆိုတဲ့ (၂)လုံးထဲ အဲဒါသူနဲ့ ကျွန်မအမြဲတမ်း မပျက်မကွက်လုပ်နေကျ
အကျင့်လေးတစ်ခုပါ။ကျွန်မတို့ အွန်လိုင်းမသုံးဖြစ်ကြတော့ပေမဲ့
အဲဒါလေးကိုတော့ လကုန်ရက်တိုင်း
မပျက်မကွက် ပြုလုပ်ခဲ့ကြတယ်၊ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်
မပျက်မကွက်လုပ်ပါ့မယ်လို့လည်း
ကျွန်မတို့ ကတိထားခဲ့ကြတယ်၊ ဒီနေ့က လကုန်တဲ့ရက်လေ ကျွန်မကတော့
ထုံးစံအတိုင်း တာဝန်ကို
မပျက်မကွက်ထမ်းဆောင်ခဲ့တယ်၊နောက်နေ့ ကျွန်မ အကောင့် ဖွင့်ကြည့်တော့
သူမက်ဆေ့ပို့မထားဘူး၊
ကျွန်မ၀မ်းနည်းသွားခဲ့တယ်၊ဒါပေမဲ့ သူ့ကိုဖွင့်မမေးဖြစ်ခဲ့ပါဘူး၊
သူနဲ့ကျွန်မမတွေ့ကြတာ (၄) ရက်လောက်တော့ရှိပီ၊ မနေ့ကတော့
သူကျောင်းကိုဖုန်းဆက်တယ်၊ မနက်ဖြန်တွေ့မယ်တဲ့လေ၊
ကျွန်မအရမ်းဝမ်းသာသွားတယ် ဟုတ်တယ်လေ သူ့ကိုကျွန်မလွမ်းနေရတာ
(၄)ရက်တောင်ရှိပီလေ၊
ဒါပေမဲ့ ချိန်းထားတဲ့အချိန်သူရောက်မလာခဲ့ပါဘူး အဲဒါနဲ့ ကျွန်မလည်း
စိုးရိမ်ပြီး
သူ့အိမ်ကို လိုက်သွားမိတယ်၊ အဲဒီမှာစတွေ့တာပါပဲလေ သူ့အိမ်မရောက်ခင်
လမ်းထိပ်လေးက
ကော်ဖီဆိုင်မှာ သူနဲ့ကောင်မလေးတစ်ယောက်ပါ သေချာကြည့်မိလိုက်တော့ သူ့အရင်
ရည်းစားကောင်မလေးပါ
၊ သူ့အရင်ရည်းစားက ကျွန်မကိုသိချင်မှသိမှာပါ၊ ကျွန်မကသူပြလို့ ဓါတ်ပုံထဲမှာ
မြင်ဖူးတယ်၊ သူတို့က ကျွန်မကိုမမြင်ပါဘူး ကောင်မလေးက ငိုနေတယ် သူကတော့
လက်ကိုင်ပုဝါလေး ထုတ်ပေးလိုက်တာတွေ့လိုက်တယ်၊ ကျွန်မမတ်တပ်ရပ်နေရင်း
အရှင်လတ်လတ်ကြီး သေသွားသလို ခံစားရတယ်၊ ဒါပေမယ့် ထူးဆန်းတာတစ်ခုက
ကျွန်မသူ့ကိုနည်းနည်းလေးမှ အပြစ်မမြင်မိဘူး သူတို့နှစ်ယောက်ကို ကျွန်မ
သနားတောင်သနားသွားမိတယ်
၊ သြော် --သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက် ငါ့ကြောင့်စိတ်ဆင်းရဲရပီ
ဆိုပီးတော့လေ
ကျွန်မကိုယ့်ကိုကိုသာ အပြစ်တင်မိတယ် ၊ငါသာ သူ့ကိုချစ်တယ်လို့
ပြန်မပြောမိခဲ့ရင်
ခုဆို သူတို့နှစ်ယောက်ပျော်နေရမှာ၊ ခုတော့ငါ့ကြောင့် ငိုနေရပီ
ဆိုပီးတော့ပေါ့၊ ကျွန်မကြောင့်သူများတွေစိတ်ဆင်းရဲရမှာကို
မလိုလားပါဘူး၊ သူကလည်း အားနာတတ်တော့ ကျွန်မကို သူ့အရင်
ရည်းစားနဲ့ပြန်ဆက်သွယ်ပါရစေလို့
ပြောမှာမဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်၊ အဲဒါနဲ့ပဲ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို
သေသေချာချာချလိုက်တယ် ၊အဲဒါက ဘာလဲ ဆိုတော့ ကျွန်မသူ့ဘေးနားက
တိတ်တိတ်လေးထွက်သွားဖို့ပါ ဟုတ်တယ်လေ ဒါမှသူတို့နှစ်ယောက် ပျော်ရမှာလေ၊
ကျွန်မသူ့ကိုသိပ်ချစ်ပေမယ့် စွန့်လွှတ်ပေးလိုက်တော့မယ် ၊သူပျော်အောင်လို့ပါ၊
သူပျော်မယ်ဆိုရင်
ကျွန်မဘာပဲပေးဆပ်ရ ပေးဆပ်ရပါ၊ အဲဒါနဲ့ ကျွန်မလည်း ကျွန်မရဲ့ အလုပ်မှာ
Transfer
တောင်းပီး တနင်္သာရီတိုင်းဘက် ကိုပြောင်းခဲ့ပါတယ် ၊
သူ့ကိုတော့အသိမပေးခဲ့ပါဘူး အလုပ်ကိုတော့
သူလာမေးခဲ့လို့ရှိရင်၊ တနင်္သာရီတိုင်းဘက် ပြောင်းသွားတယ်လို့ပဲ
ပြောပေးပါလို့ပြောခဲ့တယ်၊
တနင်္သာရီတိုင်းဘက်မှာက မြို့ငယ်လေးတွေ အများကြီးရှိတယ်လေ ၊မပြောင်းခင်တစ်ရက်
ကျွန်မသူနဲ့ တွေ့ခဲ့သေးတယ် ကျွန်မသူ့မျက်နှာကို အကြာကြီးစိုက်ကြည့်နေမိတယ်
သူက”ချစ်ဆုံးဘာလို့ကို့ ကို ကြည့်နေတာလဲ”လို့ပြောတယ် ကျွန်မပြန်မဖြေမိဘူး၊
ပြုံးပီးနေလိုက်တယ် ဟုတ်တယ်လေ နောက်ဆို ကျွန်မသိပ်ချစ်တဲ့ သူ့ကို
အဲလိုကြည့်ရတော့မှာမှ မဟုတ်တာ၊ ကျွန်မသူနဲ့ဝေးရာကို သွားရတော့မှာ ၊ ကျွန်မ
အရမ်းငိုချင်လာတယ်
ဒါပေမဲ့ မငိုခဲ့ပါဘူး၊ ကျွန်မသူ့ရှေ့မှာ ဟန်ဆောင် ကောင်းခဲ့တယ်
ကျွန်မသူ့ကိုမေးနေကျ
မေးခွန်းလေးဖြစ်တဲ့ နင်ငါ့ကိုဘာလို့ ”ချစ်ဆုံး”လို့ ခေါ်တာလဲလို့
မေးခဲ့ပြန်တယ် ၊

သူကလည်း ထုံးစံအတိုင်း ပြုံးနေတယ် ၊ဒါနဲ့ပဲ ကျွန်မလည်း ထပ်မမေးဖြစ်တော့ပါဘူး ၊ အိမ်ရောက်မှပဲ ရေချိုးခန်း ထဲဝင်ပီး အားရပါးရ ငိုလိုက်တယ်
၊ အိမ်ကိုတော့ကျွန်မ နယ်တခါမှမသွားဘူးလို့ လျှောက်လိုက်တာလို့ပဲပြောခဲ့တယ်၊
အိမ်ကို ကျွန်မဖွင့်မပြောရသေးပါဘူး၊ သူနဲ့ချစ်သူဖြစ်တာ၊ သူငယ်ချင်းလို့ပဲ
ပြောထားတယ်၊ သူလာမေးရင်လည်း ထားဝယ်ဘက်လို့ပဲပြောလိုက်ပါလို့
ပြောထားခဲ့တယ်၊နောက်နေ့ ကျွန်မ ထားဝယ်ကို ထွက်ခွါခဲ့တယ်၊ကျွန်မတာဝန်ကျတာ
ထားဝယ်မြို့မှာ

မဟုတ်ဘူးလေ ၊ ”လေညာ”ဆိုတဲ့ ရွာ လေးမှာပါ ၊ရောက်စကတော့ နေသားမကျဘူးပေါ့ ဒါပေမဲ့ကျွန်မမှာ အရမ်းချစ်စရာကောင်းတဲ့ တပည့်လေးတွေ ရခဲ့တယ်၊
သူတို့က သိပ်ချစ်ဖို့ကောင်းတယ် ၊ရိုးသား ဖြူစင်ကြတယ်၊ အဲရွာလေးက
များသောအားဖြင့် ရေလုပ်ငန်း
လုပ်ကြတယ်လေ၊ တချို့ကလည်း စိုက်ပျိုးရေးလုပ်ကြတယ်၊ ရောက်စကတော့ ရန်ကုန်သူ
ကျွန်မငါးညှီနံ့မခံနိုင်ဘူး၊တခါတလေဆို
ထမင်းတောင်မစားနိုင်ဘူး၊သူ့ကိုလွမ်းတာရောပေါ့ (၁)လလောက်ကြာတော့ ကျွန်မ
နေသားကျသွားတယ်
၊ ဒါပေမယ့် သူ့ကိုတော့ တနေ့မှ မမေ့ခဲ့ပါဘူး ညနေ နေညိုချိန်ဆို ခရုလေးတွေ
ကောက်ရင်း၊
ဝင်သွားတော့မယ့် နေမင်းကြီးကိုကြည့်ရင်း ကျွန်မသူ့ကို လွမ်းနေခဲ့မိတယ်
၊တခါတလေ
လသာတဲ့ညတွေတို သောင်ပြင်မှာ တစ်ယောက်တည်း လမင်းကြီးကို မော့ကြည့်ရင်း
သူ့ကိုလွမ်းနေမိတဲ့အကြောင်း တိုင်တည်နေမိခဲ့တယ် ၊ခုချိန်လောက်ဆို
သူပျော်နေမှာပဲလို့တောင်
တွေးမိသေးတယ်၊ အဲဒီလိုနဲ့ပဲ လေညာရွာလေးမှာ(၃)နှစ်ကြာခဲ့တယ်၊
ကျွန်မသူ့အကြောင်းကို
မစုံစမ်းခဲ့ပါဘူး၊မက်ဆေ့လည်းမပို့ဖြစ်တော့ဘူး ၊ကတိလေးကို ကျွန်မဖျက်ခဲ့တယ်၊
သူငယ်ချင်း
တွေကတော့ ပြောတယ် ၊ နင်ပြောင်းပီး (၃)ရက်လောက်ကြာတော့
သူနင့်ကိုလာစုံစမ်းတယ်တဲ့
ငါတို့လည်း နင်မှာတဲ့အတိုင်း ပြောလိုက်ရော မျက်နှာပျက်ပီး ထွက်သွားတယ်လို့
ပြောတယ်
၊ကျွန်မ စိတ်မကောင်း ပါဘူး၊ အော်ဒါပေမဲ့လည်း သူခုမျက်နှာပျက်သွားပေမယ့်
နောက်တော့ ပျော်သွားမှာပါလေလို့
ကျွန်မ ဖြေတွေးခဲ့တယ်၊ ကျွန်မဒီ(၃)နှစ်အတွင်းမှာ
သူ့ကိုလွမ်းတဲ့စိတ်တွေနဲ့ပဲရှိနေခဲ့တယ် ၊ရန်ကုန်က
ပြောင်းလာပီးတဲ့နောက်ပိုင်း
ကျွန်မလည်းအွန်လိုင်းမသုံးဖြစ်တော့ဘူးလေ၊သုံးစရာလည်းမလိုတော့ဘူးလို့
ထင်လို့ပါ၊သူနဲ့စတွေ့ခဲ့တဲ့အွန်လိုင်းကိုလည်းကျွန်မ(၃)နှစ်လုံးလုံး
မေ့ထားခဲ့တယ်၊
တနေ့ ကျွန်မ ကျောင်းကိစ်စ တစ်ခုနဲ့ ထားဝယ်မြို့ကို သွားခဲ့တယ် ၊
(၃)ရက်လောက်နေရမှာလေ ၊ ပထမရက်တော့ အလုပ်ကိစ်စတွေနဲ့ ရှုပ်နေခဲ့တယ်။
ဒုတိယတစ်ရက်
ကျွန်မထူးထူးဆန်းဆန်း အွန်လိုင်း အရမ်းသုံးချင်နေမိတယ်၊
လုံးဝကိုမနေနိုင်ဘူး
အဲဒါနဲ့ ကျွန်မလည်း ထားဝယ်မြို့ထဲက အင်တာနက်ဆိုင်ကို သွားခဲ့မိတယ်၊
မသုံးဖြစ်တာ(၃)နှစ်ကြာတဲ့ အကောင့်လေးကိုဖွင့်လိုက်မိတယ်ဆိုရင်ပဲ Offline
Message

လေးတွေ အများကြီးတက်လာခဲ့တယ် ၊သူပို့ထားခဲ့တာပါ ကျွန်မသူ့နားက အဝေးထွက်သွားတဲ့အချိန်က စပီး မနေ့ကထိပေါ့ ၊ကျွန်မ၀မ်းသာလွန်းလို့
မျက်ရည်တွေတောင်ကျမိတယ် သူကျွန်မကို အရမ်းချစ်တဲ့အကြောင်း၊သူ့ဘေးနားက
ဘာလို့ထွက်ပြေးသွားတာလဲဆိုတဲ့အကြောင်း၊ကျွန်မကို
သူအရမ်းလွမ်းနေတယ်ဆိုတဲ့အကြောင်း၊သူလည်း
ခုထိ ကျွန်မကို စောင့်နေတယ်ဆိုတဲ့ အကြောင်းတွေပါ၊

သူ့အရင်ရည်းစားလည်း လက်ထပ်သွားပီဆိုတဲ့အကြောင်း အစုံပါပဲ၊ သူ့မက်ဆေ့ကို ရရင်လည်း သူ့ဆီစာပြန်ပါဆိုတဲ့အကြောင်းလည်းပါပါသေးတယ်၊ အိုး---၀မ်းသာမှုဟာ
ကျွန်မရင်ထဲမှာ အတိုင်းမသိပဲ၊ ခုချိန်ငှက်တွေလိုသာ ကျွန်မမှာ အတောင်ပံပါရင်
ချက်ချင်းပဲ
ပျံသန်းပီး သူ့အနားကိုပြေးလိုက်ချင်ပါရဲ့ တကယ်ပါ၊ ကျွန်မလည်းချက်ချင်းပဲ
သူ့ကို
Offline Message ပြန်ပို့ခဲ့တယ်၊ ကျွန်မလည်းသူ့ကို
ချစ်နေတုန်းပဲဆိုတဲ့အကြောင်း၊
သူနဲ့ သူ့အရင်ရည်းစားတို့ ကိုကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့အချိန်က စပီး
သူတို့နှစ်ယောက် ပျော်ရွှင်အောင် သူ့အနားကနေ အဝေးကိုထွက်သွားခဲ့တဲ့အကြောင်း
စုံနေအောင်ရိုက်ပီး ပို့လိုက်မိတယ် ၊ မကြာခင် ကျွန်မသူ့အနားကို
ပြန်လာမယ်ဆိုတဲ့အကြောင်းလည်း ပါပါသေးတယ် ဟုတ်တယ်လေ ကျွန်မသူ့ကို
မုန်းခဲ့လို့
သူ့နားကထွက်ပြေးခဲ့တာမှ မဟုတ်ဘဲ၊လာမယ့် တနင်္ဂနွေနေ့ မှာ
ကျွန်မရန်ကုန်ကိုပြန်လာမယ်ဆိုတဲ့အကြောင်းလည်းရိုက်လိုက်တယ် ၊ ညနေကျရင်
ကျွန်မတို့တွေ့နေကျ

ကျွန်မတို့လမ်းထိပ်နားက ပန်းခြံလေးကိုလာခဲ့ဖို့အကြောင်းလည်း ပါသေးရဲ့၊တွေ့တဲ့အခါကျရင်လည်း ကျွန်မမေးနေကျမေးခွန်းလေးရဲ့အဖြေကိုဖြေပေးဖို့ အကြောင်းလည်း
မမေ့မလျော့ရိုက်လိုက်ပါသေးတယ်၊
ကျွန်မလေ အဲဒီထဲမှာ အာရုံဘယ်လောက်ဝင်စားနေမိလဲဆိုတော့
ထမင်းစားဖို့တောင်မေ့နေတယ်
၊အချိန်တွေလည်း တော်တော်တောင် ကုန်သွားတယ် ညနေတောင်စောင်းသွားတယ်၊ ဒါနဲ့
ကျွန်မလည်း

အဖေါ်ပါလာတဲ့ အစ်မစိတ်ပူမှာစိုးလို့ ကမန်းကတန်းဆိုင်ကပြန်လာခဲ့တယ် ၊ခုချိန်မှာ ကျွန်မဟာ ငှက်မွှေးလေးလိုပဲ အရမ်းကိုပေါ့ပါးပီး နေလို့ထိုင်လို့ကောင်းနေတယ် ၊သူနဲ့တွေ့ရမယ့်ရက်ကိုလည်း
တွေးပီးပျော်နေမိတယ်၊
ရင်ထဲမှာလည်းပြည့်နေတယ် ၊ဆာလည်းမဆာဘူး၊ အချစ်က တကယ်ကို ထူးဆန်းပါတယ်။
တည်းတဲ့နေရာပြန်ရောက်တော့
အဖေါ်ပါလာတဲ့အစ်မက စိတ်တွေ ပူနေလို့ တောင်းပန်လိုက်ရသေးတယ်၊ ဒါနဲ့
ကျွန်မလည်းအဲဒီအစ်မကို
အကျိုးအကြောင်းပြောပြပီးခွင့်ယူမယ့် အကြောင်း
တိုင်ပင်လိုက်တယ်၊သူကလည်းပြောပါတယ်
ညီမလေးခွင့်မြန်မြန်ရမှာပါတဲ့၊
ဟုတ်တယ်လေ

ဘာဖြစ်လို့လဲဆိုတော့ ရောက်တဲ့ချိန်ကစပီး (၃)နှစ်လုံးလုံး ကျွန်မခွင့်တစ်ရက်မှ မယူခဲ့လို့ပေါ့၊ကျွန်မစိတ်တွေကို စာသင်တဲ့ထဲမှာ မြှုပ်နှံထားခဲ့တယ်၊ဒီလိုနဲ့ပဲ ရန်ကုန်ပြန်မယ့်ရက်ကို
ရောက်လာတယ်၊ ပျော်လိုက်တာအရမ်းပဲ၊
ဒီနေ့လေယာဉ်စီးရမှာလေ၊မြန်မြန် ရောက်ချင်လို့ ကားတောင်မစီးဘူးလေ၊ ထားဝယ်ကနေ
(၄၅)မိနစ်လောက်ကြာတော့ ရန်ကုန်မြို့ကြီးကို ရောက်ပီ ၊ မေမေတို့လာကြိုကြတယ်၊
အိမ်ရောက်တော့
အိမ်သားတွေနဲ့ အလွမ်းသယ်ကြတယ်လေ၊ ညနေ မြန်မြန်ရောက်ဖို့ ကျွန်မ
ဆုတောင်းနေမိတယ်၊ဟုတ်တယ်လေ
ကျွန်မသူ့ကို သိပ်တွေ့ချင်နေမိပီလေ၊ ညနေရောက်တော့ ရေမိုးချိုးပီး
ပါးကွက်ကလေးကွက်လို့ ချိန်းထားတဲ့နေရာလေးကို ကျွန်မ စောစော
သွားခဲ့တယ်၊”အချိန်တွေရယ်မြန်မြန်ကုန်ပါတော့
ကိုရယ်မြန်မြန်လာပါတော့” ဆိုပီး ရင်ထဲက ဆုတောင်း
မိတယ်၊ချိန်းထားတဲ့အချိန်တော့ ရောက်ပီ
၊ ဒါပေမဲ့ သူမလာသေးဘူး၊ ရပါတယ် ကျွန်မ စောင့်နေနိုင်ပါတယ်၊
(၃)နှစ်လုံးလုံးတောင် စောင့်နေခဲ့သေးတာပဲဆိုပီး
ကျွန်မစောင့်နေခဲ့ပါတယ်၊ ၊နောက်ထပ်(၂)နာရီလောက် ကြာတော့ ကျွန်မ
ဝမ်းနည်းလာမိတယ်
၊သူမေ့သွားပီလား မသိဘူးဆိုပီးတော့ပေါ့၊ ပါးပြင်ပေါ်ကိုမျက်ရည်တွေ
ဘယ်ကနေဘယ်လိုပိုးပိုး
ပေါက်ပေါက် ကျလာခဲ့မှန်း မသိပါဘူး ၊ဒီလိုနဲ့ ညတောင်မိုးချုပ်သွားတယ် ၊
ကောင်းကင်မှာ
ကြယ်လေးတွေတောင်ထွက်နေပါပီ ၊ ကျွန်မ အရုပ်တစ်ရုပ်လိုပဲ
တောင့်တောင့်ကလေးရပ်ရင်း
သူမလာမချင်း စောင့်နေမိတယ် သူကတော့ ပေါ်မလာပါဘူး ၊ အဲဒါနဲ့ပဲ
ပန်းခြံစောင့်ဦးလေးကြီးက လာပြောတယ် ”ကလေးမ နောက် (၁၀)မိနစ်လောက်နေရင်
ပန်းခြံပိတ်တော့မယ်တဲ့” ကျွန်မလည်း ”ဟုတ်ကဲ့ ခဏနေရင် ကျွန်မလည်း
ပြန်တော့မှာပါ”လို့
ပြန်ပြောလိုက်တယ် ၊ပန်းခြံပိတ်ဖို့ (၅)မိနစ်အလိုမှာ ကျွန်မလည်း
ပြန်ဖို့ဆုံးဖြတ်လိုက်တယ်၊ သူ့အတွက်ပါလာတဲ့ ထားဝယ်ပြန်
လက်ဆောင်ထုပ်လေးကိုတောင်
ကျွန်မ ပြန်မယူခဲ့မိတော့ဘူး၊၀မ်းနည်းပက်လက် မျက်ရည် စက်လက်နဲ့ ကျွန်မ
အိမ်ပြန်ဖို့
ခြေလှမ်းစတင် လိုက်တယ် ၊ခြေလှမ်းတွေက အသက်မပါဘူး၊ ပထမခြေလှမ်း၊
ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း မြောက်မှာ
နောက်နားကနေ ”ချစ်ဆုံး”လို့ ခေါ်သံသဲ့သဲ့ ကျွန်မ ကြားလိုက်မိတယ် ၊
စိတ်ထဲကတော့ ငါစိတ်ထင်လို့နေမှာပါ
ဆိုပီး လှည့်မကြည့်မိဘူး၊ နောက်တစ်လှမ်းလှမ်းဖို့ ပြင်လိုက်တဲ့
အချိန်မှာတော့
”ချစ်ဆုံး”လို့ ခေါ်လိုက်တဲ့ အသံကို ပီပီသသကြီး ကြားလိုက်ရတယ်၊ကျွန်မလည်း
နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ
မျက်နှာမှာ စက်ဆီတွေပေနေတဲ့ ကျွန်မသိပ်ချစ်ရတဲ့ သူ့ကို တွေ့လိုက်ရတယ်၊
သူနည်းနည်းပိန်သွားတာကလွဲရင် အရင်အတိုင်းပဲ မပြောင်းလဲသေးဘူး၊ လက်ထဲမှာ
တော့ နှင်းပန်းဖြူဖြူလေး
တစ်စည်းနဲ့ပေါ့ ရုတ်တရက် ကျွန်မကြက်သေသေပီး ကြောင်တောင်တောင်နဲ့
ကြည့်နေမိတယ်၊ သူက
”ချစ်ဆုံး ဘာလို့ကို့ကိုကြည့်နေတာလဲ စိတ်မဆိုးပါနဲ့ကွာ လမ်းမှာ
ကားပျက်နေလို့

ကားပြင်နေရလို့ နောက်ကျနေလို့ပါ ”ဆိုပီး ပုခုံးကိုကိုင်ပြောတော့မှ သတိဝင်လာမိတော့တယ် ၊ ဟား --ပျော်လိုက်တာအရမ်းပဲ ကျွန်မ ၀မ်းသာလိုက်တာ သူကနှင်းပန်းလေး
ကျွန်မကိုကမ်းပေးလိုက်တယ်
ကျွန်မ လည်းယူပီး အားပါးတရနမ်းလိုက်တယ်၊
ပန်းခြံပိတ်တော့မှာဆိုတော့ ကျွန်မတို့ ပန်းခြံထဲက ထွက်လာ ခဲ့တယ် ၊
လမ်းလျှောက်ရင်း ကျွန်မတို့ စကားပြောလာခဲ့တယ်
ပြောရင်းမှပဲသိလာတယ် ကော်ဖီဆိုင်မှာ
သူတို့နှစ်ယောက်ကိုတွေ့တဲ့နေ့က သူက အရင်ရည်းစားကို ဘာပြောခဲ့တာလဲဆိုတော့
သူက ”နင့်ကိုငါ
သူငယ်ချင်းလိုပဲ ခင်တော့ကြောင်း ၊ ခုသူ့မှာ
ကျွန်မရှိနေပီ ဖြစ်ကြောင်း ၊ ကျွန်မကိုပဲ သူအရမ်း ချစ်ကြောင်း၊
ကျွန်မကိုပဲလက်ထပ်မယ်ဆိုတဲ့အကြောင်း
ပြောနေခဲ့တာတဲ့၊ အဲလိုပြောတော့ အဲဒီတစ်ယောက်ကငိုလို့ သူကလက်ကိုင်ပုဝါ
လှမ်းအပေး
ကျွန်မကတွေ့သွားပီး ကိုယ်ထင်ရာ မြင်ရာတွေကိုလျှောက်တွေးပီး တဖက်သတ်
အတွေးတွေနဲ့ သူ့နားက ကျွန်မ ထွက်ပြေးသွားခဲ့တာပါ၊
ခုတော့အားလုံးရှင်းသွားပီလေ၊ကျွန်မရဲ့ ကိုယ်လိုရာကိုယ် စွဲတွေးမှုကြောင့်
ကျွန်မတို့ (၃)နှစ်ကြီးများတောင်ဝေးခဲ့ရတယ်၊ဒါကလည်း
ကျွန်မသူ့ကိုသိပ်ချစ်ခဲ့လို့ပါ၊
သူကကျွန်မကို ပြောတယ် ”ချစ်ဆုံး နောက်တစ်ခါတော့ ကို့ကို တစ်ယောက်
တည်းထားပီး အဲလိုအဝေးကို
တိတ်တိတ်လေး ထပ် ထွက်ပြေးမသွားနဲ့တော့နော်တဲ့
၊ ကိုအရမ်းခံစားရလို့ပါတဲ့” ကျွန်မလည်းပြုံးရင်း ခေါင်းကို
အသာညိမ့်ပြလိုက်တယ်၊
ကျွန်မက ၀မ်းသာလွန်းလို့ စကားတောင်သိပ်မပြောနိုင်ပါဘူး တလမ်းလုံးသူပဲ
စကားပြောလာတာ၊ ကျွန်မက နားထောင်သမားသက်သက်ပေါ့ ၊ဒီလိုနဲ့
အိမ်ရှေ့ကိုရောက်လာရော
ကျွန်မက မနက်ဖြန်မှ တွေ့မယ်နော်လို့ နှုတ်ဆက်လိုက်တယ် ၊ ကျွန်မသူ့ကို
နှုတ်ဆက်ပီး
အိမ်ထဲဝင်တော့မယ့်ချိန် သူက ”ချစ်ဆုံးခဏလေး ချစ်ဆုံးမေးထားတဲ့
မေးခွန်းလေးလေ ကိုအခု
ပြောပြမလို့တဲ့” အို --ဟုတ်ပါရဲ့
ကြည့်စမ်း ကျွန်မအပျော်လွန်ပီး မေ့နေတာလေ၊ ”အင်း” ပြောပြလေ

သူကျွန်မ နားနားကို တိုးတိုးလေးကပ်ပြောလိုက်တယ် ”ချစ်ဆုံးက ကို့ဘ၀မှာ အချစ်ဦးမဟုတ်ခဲ့ပေမဲ့ ကို့ရဲ့ အချစ်ဆုံး မို့လို့ပါတဲ့” ဟား
”ကို ကျွန်မကိုအဲလောက်ချစ်မှန်း ကျွန်မမသိခဲ့ဘူး
” ကျွန်မပျော်လွန်းလို့ ကို့မျက်နှာ ကိုကြည့်ရင်း မျက်ရည်တွေတောင်
ကျလာမိတယ် ၊ကိုက
မျက်ရည်တွေကို အသာအယာ သုတ်ပေးရင်း ကျွန်မကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်၊
ကျွန်မလည်း
သူ့ကိုပျောက်သွားမှာ ဆိုးတဲ့အလား ခပ်တင်းတင်းလေး ဖက်ထားမိပါတော့တယ်၊
အဲဒီအချိန်
လေပြည်ညှင်းက သွဲ့သွဲ့လေး တိုက်နေတယ်
၊ညမွှေးပန်းရနံ့လေးကလည်းသင်းလို့၊အရာအားလုံးက
အချစ်ကြောင့် လှပနေတယ် ၊ ကောင်းကင်က ကြယ်လေးတွေကတော့ ကျွန်မတို့ကို
ခိုးကြည့်နေလေရဲ့......

၊ပြီးပါပီ၊

ကဲ ..သူငယ်ချင်းတို့ရော ဘယ်လိုလဲ အချစ်ဦးဖြစ်ချင်လား ? အချစ်ဆုံးဖြစ်ချင်လား?

No comments:

Post a Comment