Sunday, May 29, 2011

Comment ပေးကြရာဝယ်

မြန်မာတွေပြုလုပ်တဲ့ မြန်မာဆိုက်တွေ တော်တော်များများကို (အထူးသဖြင့် ning ဆိုက်များ) ဖတ်ဖြစ်ခဲ့တာ အတော်ကြာပါပြီ။
တစ်ဦးတစ်ယောက်က post တင်လိုက်တိုင်း ဖတ်ဖြစ်ကြတယ် comment လေးတွေပေးကြတယ်ဆိုတာလည်း သဘာဝတစ်ခုလို ဖြစ်နေပြီ။
ဒီအခါမှာ ဘာပြဿနာရှိလဲဆိုတော့ comment ပေးတဲ့နေရာမှာ ပြဿနာတက်တော့တာပဲ။
စာရေးသူကစာရေးတယ်ဆိုတာ သူ့အမြင်ကိုတင်ပြတာပဲ။ ဒီလိုပဲ စာဖတ်သူက comment ပေးတာဟာလည်း သူ့ဘက်ကအမြင်ကို ပြန်တင်ပြတာပါပဲ။
တခါတရံမှာ ငြင်းကြခုန်ကြ သဘောထားမတိုက်ဆိုင်တာလေးတွေတော့ ရှိတာပေါ့။
ဒါကလည်း မဆန်းပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဘယ်တူမလဲ။
ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုးဆိုပေမဲ့ သူဘက်ကကြတော့ လက်ဖဝါးဖြစ်ချင် ဖြစ်နေမှာပေါ့။
ဒါပေမဲ့ အရေးကြီးတဲ့အချက်ကတော့ အပြုသဘောဆောင်သော စာပေတိုင်းမှာ စာရေးသူကိုမစော်ကားမိသော comment ရေးဖို့ပဲဖြစ်ပါတယ်။
အပြုသဘောဆောင်သော စာပေကိုရေးသားသူသည် သူကိုယ်တိုင် ကျင့်သုံးသည်ဖြစ်စေ မကျင့်သုံးသည်ဖြစ်စေ
ထိုသူကိုတော့ မစော်ကားသင့်ဘူးလို့ ထင်ပါတယ်။
ကုန်ကုန်ပြောရရင် ထိုသူဟာ လူကောင်းတစ်ယောက်မဟုတ်သည့်တိုင် သူ့ရဲ့စာဟာ ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင် ကျေးဇူးမတင်ချင်နေပါ။
ဒါပေမဲ့ သူ့ကိုအပြစ်သဘောဆောင်သော comment ပေးခြင်းကတော့ ကိုယ့်အတွက်ရော သူ့အတွက်ပါ မကောင်းဘူးပေါ့။
ထိုသူစာရေးနေချိန်မှာ တကယ်လို့များ စေတနာပါခဲ့ရင် သူ့ရဲ့စေတနာကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။
ရိုင်းသလိုလည်းဖြစ်သွားတာပေါ့။
နောက်တစ်ချက်အနေနဲ့က comment ပေးရင်းငြင်းခုန်ကြရာမှာ ပျော့ပြောင်းညင်သာသော အသုံးလေးတွေနဲ့
သုံးနှုံးပြီးတော့ ပြောရင်ပိုမကောင်းဘူးလားဗျာ။
ကျွန်တော်တို့အားလုံးဟာ ရန်သူတွေမဟုတ်ကြပါဘူး။ မိတ်ဆွေသူငယ်ချင်းတွေပါ။
သူတစ်ပါးကို ပြစ်တင်စော်ကားတဲ့သဘော သက်ရောက်စေသော ညင်းခုန်မှုကတော့ မကောင်းဘူးလို့ ထင်ပါတယ်။
လူတစ်ယောက်ဟာ ဘက်ပေါင်းစုံကို မမြင်နိုင်ပါဘူး။ တခါတရံမှာ ကိုယ်မတွေးမိတာကို သူကတွေးမိတာမျိုးလည်းရှိပါတယ်။
အဲဒီတော့ လိုအပ်တဲ့နေရာလေးတွေကို ကိုယ်ကထောက်ပြ ဝေဖန်သုံးသပ် ဖြည့်ဆည်းပေးလိုက်ရင် ပိုပြီးရင်းနှီးချစ်ခင်မှုကို ဖြစ်စေပါတယ်။
ဒါ့အပြင် အတွေးအခေါ်ကောင်းများ စာပေကောင်းများလည်း ပိုပြီးဖြစ်ထွန်းလာမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း နောက်အခါများမှာ comment ပေးတော့မယ်ဆိုရင် သူတစ်ပါးကို မထိခိုက်အောင် ပိုပြီးသတိထားကာ ပေးသွားပါ့မယ်။
အားလုံးပဲ ချစ်ခင်ရင်းနှီးမှုတွေ တိုးသထက်တိုးနိုင်ကြပါစေဗျာ...................
ဝန်ခံချက်။ ကိုလင်းပြော သောအကြောင်းများသည် ယခု တစ်လော ဖြစ်ပျက်နေသောကြောင့်
သင့်သင့်သည် ထင်ရ်ျ ပြန်လည် တင်ပြလိုက်ပါသည်။
MC WAI YAN !

No comments:

Post a Comment