ဗုဒ္ဓ သာသနာနှင့် နက္ခတ်ဗေဒင်
ကောင်းကျိုးဆိုးကျိုးကို ကောင်းကံ၊မကောင်းကံက ဖန်တီးမပေးဘဲ ကိတ်ဂြိုဟ်မှတစ်
ပါး ဂြိုဟ်ကြီးရှစ်လုံးက ဖန်တီးပေးသည်ဟူသော ဗေဒင်၊နက္ခတ် အယူအဆသည် ဗုဒ္ဓ
နှင့်အလွန်ပင် ဆန့်ကျင်လှပါ၏။ကချင်ပြည်နယ်၊နမ္မားမြို့၊မင်္ဂလာရာမကျောင်းဆရာ
တော် ဦးဥာဏက အောက်ပါအတိုင်းသတိပေးရေးသားတော်မူခဲ့ပါသည်။
`ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊နမန္တာကျမ်းကို ယုံသူတွေကများပါတယ်။
တစ်နှစ်တစ်ခါမှာထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းရဲ့ဦးပြတ်ကြီးကို နတ်သမီးများ တစ်
ယောက်တစ်ယောက်လက်ကမ်းနေတာ မြင်တယ်မဟုတ်လား။မြတ်စွာဘုရားက နတ်
ဗြဟ္မာများ၏ ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့သေလျှင် မီးတောက်သဖွယ်
ပျောက်ကွယ်တတ်တာလို့ဟောတယ်။ဗေဒင်က ယခုထိခေါင်းပြတ်ကြီးမပုပ်သေးဘူး၊
မြန်မာပြည်က ယုံကြည်လက်ခံသမျှ ပုပ်မှာမဟုတ်ဘူးကွဲ့၊ဗေဒင်က ရက်ရာဇာနဲ့ပြသဒါး
ကို ပဓာနထားသကွဲ့။မြတ်စွာဘုရားက ကုသိုလ်နဲ့အကုသိုလ်ကို ပဓာနထားသကွဲ့။
ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား၍ထူသကွဲ့။မြတ်စွာဘုရားက သမ္မတ္တိလေး
ပါးကို အဓိကထား၍ ထူသကွဲ့။ကဲ…မဆန့်ကျင်ပါလား။မြတ်စွာဘုရားနှင့်ဆန့်ကျင်
တာကိုယုံလျှင် ဘုရားတရားကိုမယုံရာကျတာပေါ့။မြတ်စွာဘုရားဟောတာကို သဗ္ဗေက
မ္မသကာသတ္တာ၊ကမ္မံသတ္တေ၀ိဘဇ္ဇတိတဲ့…နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း
မပါ။မသာကိုစံချရင် တစ်လောင်းနှင့် ကိစ္စမပြီးတတ်ဘူးလို့လည်းမပါ.အိမ်တိုင်ထူတာ
နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်းမပါ။မင်္ဂလာဆောင်တာ ရက်မရွေးမိ
လို့ပျက်စီးရတယ်လို့လည်းမပါ။ဓမ္မာသောက အင်းဝရာဇာကျလို့ ပျက်စီးတတ်တာ
လည်းမပါ။သားဦးနေ မီးလိုမွှေဆိုတာလည်းမပါ။တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါဆိုတာတွေဟာ
ပညတ်သင်္ကေတတွေပဲ။လူကိုကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး၊ကုသိုလ်ကံက
သာ ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်။
ဒီတော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကံကို က္ကစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မ
ဟုတ်လား` ဟု ထုတ်ပြခဲ့ပါသည်။
အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ဘုရားကြီးကလည်း ` တစ်ခါတစ်ခါ
စဉ်းစားကြည့်ရင် ကံတရားဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေတစ်ယောက်နဲ့တစ်
ယောက်မတူအောင် စီမံထားတယ်။တူတဲ့နေရာတူပေမယ့် မတူတဲ့နေရာတွေက အများ
ကြီးရှိတယ်။ဒါကြောင့် ဘုရားရှင်က ကမ္မံသတ္တေ၀ိဘဇ္ဇလို့ ဟောတော်မူတာပဲ။မိမိကိုယ်
ကို မကောင်းအောင်လုပ်တာဘယ်သူလဲ။မိမိအလုပ်ကိစ္စမိမိကံပဲ။ဘေးရန်အန္တရာယ်မ
ဖြစ်အောင် ဘယ်သူလုပ်သလဲ။မိမိကံက လုပ်တာပဲ။ဥပမာ ဧရာဝတီမြစ်ကြီးရှိတယ်။
ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင်မလုပ်နိုင်ပါဘူး။မြစ်ထဲဆင်းတဲ့သူကို
သာ ရေနစ်စေနိုင်တယ်။ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေရှိပေမယ့်လည်း အလုပ်
ကောင်းလုပ်သူ၊ကံကောင်းရှိသူ ဘေးရန်အန္တရာယ်မဖြစ်နိုင်ပါဘူး။ကံကောင်းမရှိသူသာ
ဘေးရန်ဖြစ်နိုင်တယ်။ဒါကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့ကံညံ့၊ကံယုတ်
များကိုသာ ကြောက်စရာလိုတယ်။ဘေးရန်အန္တရာယ်တွေ ကြောက်စရာမလိုဘူး။ဂြိုဟ်
ကြီး ရှစ်လုံးပူးပူး မပူးပူး ဇာတိဇရာ မရဏစတဲ့ ဘေးရန်တွေကို သတ္တ၀ါတိုင်းတွေ့နေ
ကြရတယ်။သံသရာကျင်လည်ခိုက်မှာ မကောင်းမှုကံပါလာလို့ ကပ်ကြီးသုံးပါးတွေ့ကြ
ရာ သံသရာဒုက္ခခံကြရတယ်။
ဘေးရန်တွေက မိမိမှာဖြစ်လာတာမဟုတ်လား။ကိုယ့်ရဲ့မကောင်းတဲ့
စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေဖြစ်နေကြရတာ။အတိတ်နမိတ်ဆိုတာက တစ်ခါ
တစ်ရံတော့ ရှိတတ်ပါရဲ့။ငရဲကြီးရှစ်ထပ် ရှိနေပေမယ့်လည်း ငရဲကြီးရှစ်ထပ်က ဘယ်
သူ့ကိုမှလည်း လာမခေါ်ပါဘူး။ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲ့ကြီးရှစ်ထပ်ရှိရာ
ကို ခေါ်သွားနိုင်တယ်။` လို့မိန့်တော်မူခဲ့ပါသည်။
ဗေဒင်၊ နက္ခတ်၊ဂြိုဟ်၊ဘေးရန်တွေဟာ ကြောက်စရာမဟုတ်။မိမိပြု
လုပ်သော မကောင်းမှုအကုသိုလ်ကံများသည်သာ ကြောက်စရာအစစ်ဖြစ်သည်။ဒီဂြိုဟ်
ထဲရောက်နေလို့ ဒီနက္ခတ်နဲ့ တည်နေလို့ ဒီဆိုးကျိုးကိုခံစားရတာဟု ယူဆလိုက်လျှင်
ကံ၊ကံ၏အကျိုးကို ယုံကြည်သော ကမ္မဿတကာ သမ္မာဒိဋ္ဌိအဖြစ်မှသွေဖည်၍ မိစ္ဆာဒိဋ္ဌိ
အယူသို့ သက်ဝင်သွားလေပြီ။နက္ခတ်ကောင်းကို စောင့်နေသော လူမိုက်ကို ကောင်း
ကျိုးချမ်းသာများက လွန်မြောက်၍သွားကြသည်။ကောင်းသောအလုပ်ကိုစလုပ်သော
နေ့သည်ပင် ကောင်းသောနက္ခတ်ဖြစ်၏။ကောင်းကင်မှာသွားနေသာ နက္ခတ်များသည်
အဘယ်အကျိုးစီးပွားကိုမှ ပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပေ။လူတစ်
ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဗေဒင်ဂဏန်းသင်္ချာ၊နက္ခတ်များက
ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာ မပီသနိုင်တော့ပေ။
ပညာရှိသူတော်ကောင်းဟာ ဥစ္စာရယ်၊ကုသိုလ်ရယ်၊ပညာဗဟုသုတ
ရယ် တစ်ခုခုကိုရရှိခြင်းဖြင့် အချိန်ကာလကို ကုန်လွန်စေတယ်။ပညာမဲ့လူမိုက်ကတော့
မြူးတူးပျော်ပါးကစားခြင်း၊အိပ်ခြင်း၊ငြင်းခုန်ခိုက်ရန် စကားများခြင်းဖြင့် အချိန်ကာလကို
ကုန်လွန်စေတယ်။အချိန်မှန်သမျှထဲက ဥစ္စာ၊ပညာဗဟုသုတရအောင်ယူပြီး ကုသိုလ်တ
ရားများကိုလည်းရအောင်ယူတယ်။ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ကံတွေကြောင့် ခန္ဓာ
ပျက်ကိန်းက လွတ်ခဲ့ရတယ်။ကံဆိုတာ ကောင်းအောင်လုပ်လို့ရတယ်။ဒါန၊သီလ၊ဘာဝ
နာလုပ်တာဟာ ကံကောင်းအောင်လုပ်တာပဲ။မကောင်းကျိုးတွေ ပေးမရအောင် အ
ကောင်းဆုံးယတြာချေချင်တယ်ဆိုရင် ဒါန၊သီလ၊ဘာဝနာတွေကို ကြိုးစားအားထုတ်
ဖို့ပဲလိုတယ်။ကုသိုလ်ကံသစ်များကို မမေ့မလျော့ကြိုးစား အားထုတ်နေသမျှ အကု
သိုလ်ကံဆိုးများ ခေါင်းထောင်မလာနိုင်ဘဲ နောက်ဆုတ်သွားပေမည်။ကုသိုလ်ကို
ကိုယ်ကမေ့လျှင် ကုသိုလ်က ကိုယ့်ကိုမေ့လိမ့်မည်။ကုသိုလ်က ကိုယ့်ကိုမေ့လျှင်
ဘေးတွေ့လိမ့်မည်။ဗေဒင်၊နက္ခတ်၊အတိတ်၊နမိတ်၊တဘောင်စသည်တို့ကို ကောတုဟ
လမင်္ဂလာဟုခေါ်သည်။ထိုကောတုဟလမင်္ဂလာကို ယုံကြည်ခြင်းကို မိမိကိုယ်ကို အညံ့
ဆုံး၊အညစ်ဆုံးဥပါသကာထဲ ဆွဲချလိုက်ခြင်းနှင့်တူပေသည်။
[Reference: from a forward mail]
[Reference: from a forward mail]
No comments:
Post a Comment