ရာသီစက်ဝန်းတွေလည်း အလီလီပြောင်းခဲ့ပါပြီ…ဒီလောကကြီးထဲ မှာနေထိုင်ခဲ့တာလည်းနှစ်
ပေါင်း ၃၀ ကျော်ခဲ့ပြီမို့လူ့တယောက်ရဲ့ ဘ၀သက်တမ်းဟာလည်း တ၀က်ကျိုးလာပြီလို့ဆိုလို့
ရပါတယ်.။ ကိုယ်ဖြတ်သန်းခဲ့ပြီးတဲ့ဘ၀တလျှောက်မှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ ဖြစ်မလာ
ခဲ့တဲ့အတွက်လည်းအားငယ်စိတ်တွေဖြစ်မိပါတယ်..တခါတလေ ဖုန်တွေထနေတဲ့ မြေနီလမ်းပေါ်
မှာ လွတ်လွတ်လပ်လပ် နဲ့ပျော်ရွင်စွာပြေးလွား ဆော့ကစားနေကြတဲ့ ကလေးငယ် တွေကိုကြည့်
့ပြီး အပူအပင်းကင်းတဲ့သူတို့ရဲ့ကလေးဘ၀လေးတွေကို ကျွန်တော် အားကျမိပါတယ်။ လောဘ
တွေ မောဟတွေကင်းစင်နေတာကြောင့်လည်း သူတို့ရဲ့ဘ၀လေးတွေက ဖြူစင်တယ်။ လိုချင်တပ်
မက်မှုဆိုတာလည်းဘာမှမရှိသေးတာမို့သူတို့ရဲ့အတွေး လေးတွေကလည်း စင်ကြယ်တယ်။ ဆာရင်
စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကိုတမ်းတပြီး ငိုမယ်..။ နေ
ညိုလို့အိပ်ချိန်တန်ရင် အမေ့ရဲ့နွေးထွေးရင် ငွေ့အိပ်ယာက အသင့်မို့လိုလေးသေးမရှိ ပြည့်စုံပါ
တယ် လို့ပြောလို့ရပါတယ်..။ ကြောင့်ကျမဲ့တဲ့ ကလေးတယောက်ရဲ့ဘ၀ကို ပြန်တမ်းတလို့ မ
ရနိုင်မှန်းသိပေမယ့် ကျွန်တော်ပြန်ရောက်ချင်နေ မိပါတယ်။
ကလေးသဘာဝ ဘာဘဲလိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ရနိုင်တယ် မဟုတ်ပါလား.။ အခုတော့ကိုယ်
ရောက်နေတဲ့လက်ရှိ ဘ၀လေးကိုဘဲ ကျေနပ်တင်းတိမ်နိုင်ပေမယ့် တခါတလေတော့လည်း အား
ငယ်စိတ်တွေဖြစ်မိပါတယ်..။ ဘာလို့လည်းဆိုတော့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေ လုပ်သ
လို ထင်သလိုတွေဖြစ်မလာလို့ပါ..။ ဒါတွေဟာအားငယ်စရာတွေမဟုတ်ပေမဲ့လည်းတခါတလေကျ
တော့လည်း အားငယ်စိတ်တွေဖြစ်မိပါတယ်..။
အခုတော့ ကျွန်တော် နားလည်သွားပါပြီ…အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိ
ဥာဏ် ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်း ရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်
ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှမရှိတော့ရင်တောင်မှ ဘာမှအားငယ်နေစရာမလိုပါဘူး။ ကျွန်တော့်မှာအမေပေးထားတဲ့ ဦးနှောက်ရှိနေ ပါသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေး
တယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တ
ရားလဲ ရှိသေးတယ်။ ရိုးသားမှု ကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုးလို့ ကျွန်တော် ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ် မှာယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသသင့်ပါတယ် ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပါ ။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးပါ ။ လူတိုင်း မှာလည်းရှိသင့်ပါတယ်.. ။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ဘယ်သူမှဥပေက္ခာမပြုနိုင်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ ဘယ်သူမှ အသိအမှတ် မပြုဘဲလည်းနေလို့မရနိုင်ပါဘူး။အခုတော့ကျွန်တော်မှာအားငယ်တဲ့စိတ်တွေမရှိတော့ပါဘူး…ဘာလို့
လည်းဆိုတော့ကျွန်တော့်မှာရိုးသားမှု့ကိုပေးစွမ်းနိုင်တဲ့ရိုးဂုဏ် လေးတခုရှိနေသေးလို့ပါ…။ သူငယ်ချင်းအားလုံးလည်းဘ၀မှာ ရိုးဂုဏ် လေးတခုကိုပိုင်ဆိုင်တဲ့အောင်မြင်သောသူတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်း အားလုံးပဲပျော်ရွင်နိုင်ကြပါစေ..။
ရာဇာထွေး
[Reference: Friends Day Group Website]
No comments:
Post a Comment