Thursday, May 19, 2011

သံဃာတော်၏ ၉ပါးဂုဏ်တော်

ကျွုန်ုပ်တို့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ တပည့် သာဝက သံဃာတော်အရှင်သူမြတ်များသည် အောက်ပါ ဂုဏ်တော်များရှိခြင်းကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအများ၏ ယုံကြည်အားကိုးရာအစစ်၊ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း ဖြစ်ပေတောသည်။

(၁) သုပ္ပဋ္ဋိပန္နဂုဏ်တော်
ကောင်းသောအကျင့် ရှိခြင်း။

(၂) ဥဇုပ္ပဋ္ဋိပန္နဂုဏ်တော်
ဖြောင့်မတ်စွာကျင့်ကြံခြင်း။

(၃) ဥာယပ္ပဋ္ဋိပန္နဂုဏ်တော်
နိဗ္ဗာန်ရောက်ရေးအတွက်ကျင့်ခြင်း။

(၄) သာမိစိပ္ပဋ္ဋိပန္နဂုဏ်တော်
လောကုတ္တရာတရားနှင့် အညီကျင့်ခြင်း။

(၅) အာဟုနေယျဂုဏ်တော်
အဝေးကဆောင်ယူလာသည့် ပစ္စည်းကိုပင်ခံယူထိုက်ခြင်း။

(၆) ပါဟုနေယျဂုဏ်တော်
ဧည့်သည်အတွက်အထူး စီမံထားသော ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။

(၇) ဒက္ခိဏေယျဂုဏ်တော်
 ကောင်းမွန်မြင့်မြတ်သော အလှူကို ခံယူထိုက်ခြင်း။

(၈) အဉ္ဇလိကရဏီယဂုဏ်တော်
လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။

(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿဂုဏ်တော်
လူအပေါင်းတို့၏ ဒါနမျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေကောင်းပမာ ဖြစ်ခြင်း။

ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။

No comments:

Post a Comment