Tuesday, May 10, 2011

သစ္စာကမ္ဘာ

ယနေ့ကာလ လူသားကမ္ဘာတွင် သစ္စာတရားခေါင်းပါးလာမှုများ တစ်စထက်တစ်စ များပြားလာသည်ကို တွေ့နေရသည်။ သစ္စာဟူသည် အမှန်တရားဖြစ်သည်။အမှန်ပြောရသည်။အမှန်လုပ်ရသည်။အမှန်တွေးရသည် ။ သစ္စာတရားကို လက်ကိုင်ထားနိုင်သူသည် အရာရာတွင် အားကိုးရသည်။အဆိပ်သောက်မိချေလည်း အဆိပ်အတောက်ကို သစ္စာနှင့် ဖြေနိုင်သည်။ မီးလောင်နေလျှင်လည်း မကြောက်ရ သစ္စာတရားက မီးကို ရှောင်ကွင်းစေနိုင်သည်။ သေလုမျောပါးဖြစ်နေ၍လည်း သေမှာကို မကြောက်ရ သစ္စာတရားက ရှင်အောင်လုပ်ပေးနိုင်သည်။ ဤသို့ သစ္စာတရား၏ တန်ခိုးအာနိသင်မှာ အလွန့်အလွန်ကို ထက်မြက်သည် ။ယုံကြည်ကိုးစားရသည်။ ယနေ့လို အခါမျိုး၌ လူတိုင်းလူတိုင်း၏ နှလုံးသား၌ သစ္စာတရားသည် ကိန်းနေပြီး လူအချင်းချင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရာ၌ အမှန်တိုင်းပြောမည်။အမှန်တိုင်းလုပ်ကြမည်။အမှန်အတိုင်း တွေးခေါ်ကြမည်ဆိုလျှင် လူသားကမ္ဘာကြီးသည် သစ္စာတည် ကမ္ဘာကြီး တစ်ခုဖြစ်လာနိုင်သည်။ ထိုအခါ အရှင်မဟာသီလ၀ံသ ညွန်ခဲ့သော....."တရားသစ္စာ တည်သောအခါဝယ်၊သြဇာလေးနက်၊ပေါဆီတက်၍၊နွယ်မြက်သစ်ပင်၊ဆေးဖက်ဝင်၏" ဟူသော.....အဆုံးအမကို လူသားအချင်းချင်း ၊နိုင်ငံအချင်းချင်း သစ္စာဓါတ်ခိုက်မှု့ကြောင့် မြေဆီ မြေလွှာများ၊ အသီးအနှံများ ၊ အဆီသြဇာလေးနက်ပြီး ချမ်းသာကြမည် ဖြစ်ပေသည်။ သို့အတွက် အခုလို ဆုပ်ကပ်အခါဝယ် သူလည်းငြိမ်းငြိမ်းချမ်းချမ်း ကိုယ်လည်းငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြသည်ဖြစ်ရာ လူတိုင်း သစ္စာတည်နိုင်အောင် ကြိုးစားဖို့လိုကြောင်း ကိုရင်၎ ရေးသားတင်ပြလိုက်ရပေသည်။ ။ 

No comments:

Post a Comment