Thursday, May 19, 2011

တရားတော်၏ ၆ပါး ဂုဏ်တော်

ကျွုန်ုပ်တို့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြား ဆုံးမတော်မူသော တ၇ားတော်များ သည် အောက်ပါ ဂုဏ်တော်များရှိခြင်းကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအများ၏ ယုံကြည်အားကိုးရာအစစ်၊ လက်တွေ့ ကျင့်ကြံပွားများ ရာအစစ် ဖြစ်ပေတောသည်။

(၁) သွာက္ခာတဂုဏ်တော်
မြတ်စွာဘုရားရှင်ကောင်းစွာဟောကြားထားခြင်း။

(၂) သန္ဒိဌိကဂုဏ်တော်
ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင် ရှုမြင်နိုင်သည့် စွမ်းအားရှိခြင်း။

(၃) အကာလိက ဂုဏ်တော်
ရှုပွားနေသော ယောဂီအတွက် မဂ်ပြီးလျှင် ဖိုလ်တရားသည် အချိန်မဆိုင်းဘဲ ဖြစ်ပေါ်နိုင်ခြင်း။

(၄) ဧဟိပဿိကဂုဏ်တော်
လာလော၊ လက်တွေ့ကျင့်ကြည့်လော ဟု တရားတော်နှင့် ပတ်သက်၍ ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ခံနိုင်ခြင်း။

(၅) ဩပနေယျိကဂုဏ်တော်
မိမိသန္တာန်၌ အစဉ်အမြဲ ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တရားအရသာကို အ၇ိယာ သူတော်ကောင်း တို့သည် အသီးသီးလက်တွေ့ ခံစားနိုင်ခြင်း။

ဗုဒ္ဓဟောကြား မြတ်တရား ရေးသားပူဇော်သည်။

No comments:

Post a Comment