* တစ်နေ့ အယုတ္တ အနတ္တ စကားတွေပြောပြီး စိတ်ဆိုးနေတဲ့သူ တစ်ယောက်ဟာ ဗုဒ္ဒ ကိုလာတွေ့ပါတယ်။ သူဟာမကောင်းတဲ့ စကားတွေကို သုံးပြီး ဗုဒ္ဒကို စော်ကားပါတယ် ။ ဗုဒ္ဒကလဲ စိတ်ရှည် လက်ရှည်နဲ့အဲဒီလူ ပြောသမျှကို နားထောင်ပေးတော်မူတယ်။ အဲဒီလူ ပြောနေတုန်း ဘာမှ မိန့်တော်မမူဘူး။ အဲဒီ စိတ်ဆိုးနေတဲ့သူဟာနောက်ဆုံးမှာ စကားပြော ရပ်သွားတယ်။ အဲဒီတော့မှ ဗုဒ္ဓက အဲလူကို မေးတော်မူတယ်။
“ တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကို လက်ဆောင်တစ်ခု ပေးချင်တယ်။ သင်က မလိုချင်ဘူး။ အဲဒီလက်ဆောင် ဘယ်သူ့ဟာပဲ ဖြစ်မလဲ ” တဲ့။ ဒေါသအိုးက ဖြေတယ်၊ “ ဒါဟာ ကနဦးပေးတဲ့ လူပဲ ပိုင်တာပေါ့ကွ“ တဲ့။ “ကောင်းပါပြီ “ ဗုဒ္ဒက မိန့်တော်မူပါတယ်၊ “ သင့်ရဲ့မကောင်းတဲ့စကားတွေကို ငါဘုရား မလိုချင်ပါဘူး။ ဒီတော့ ဒီစကားတွေကို သင်ပဲ ပိုင်ဆိုင်တယ်“ ။ ငါဘုရားကိုပေးလိုတဲ့ မကောင်းတဲ့စကားတွေ ဖြစ်တဲ့ သင့်လက်ဆောင်ကို သင်ပဲ ပြန်သိမ်းရပါလိမ့်မယ် ။ အဆုံးမှာ သင်ဟာ စိတ်မချမ်းမသာ ဖြစ်နေရတဲ့သူ ဖြစ်မှာကို ငါဘုရားစိတ်မကောင်းပါဘူး။ သူတော်ကောင်းတစ်ယောက်ကို စော်ကားတဲ့ သူဟာကိုယ့်ကိုယ် ကို စိတ်ဆင်းရဲအောင်လုပ်တာပါပဲ။ ကောင်းကင်ကြီးကို ညစ်ပေအောင်လို့ တံတွေးနဲ့လှန်ထွေးသူလိုပါပဲ။ သူ့တံတွေးက ကောင်းကင်ကို ဘယ်တော့မှ ညစ်ပေစေမှာမဟုတ်ပါဘူး။ ကောင်းကင်ကို ညစ်ပေစေမဲ့အစား သူ့တံတွေးက သူ့မျက်နှာပေါ် ပြန်ကျပြီး သူ့ကိုယ်သူပဲ ညစ်ပေစေပါလိမ့်မယ်“ တဲ့။ အဲဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဒရဲ့ တရားတော်ကို နာကြားပြီး ရှက်လာရှာတယ်။ သူ့ကို ခွင့်လွှတ်ဖို့ဗုဒ္ဒ ကို တောင်းပန်ပြီး ဗုဒ္ဒရဲ့တပည့်တစ်ယောက်ဖြစ်သွားပါတော့တယ်။
Light English ( နိုဝင်ဘာ 2007 ) ကို ပြန် ရေးပေးထားတာပါ။
No comments:
Post a Comment