Saturday, May 28, 2011

* * * စကား * * *

ကျွန်‌တော်တို့တွေဟာ နေ့တစ်ဓူဝ စကားတွေပြောဆိုကြရတယ်..။
မိသားစုအချင်းချင်းပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။
လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အချင်းချင်းနဲ့ပြောကြတယ်..။
ချစ်သူခင်သူတွေနဲ့လည်းအပြန်အလှန်ပြောကြတယ်..။


စကားတွေပြောရင်းနဲ့ဘဲ....ရင်းနှီးခွင့်တွေရတယ်..သိလိုတာတွေသိခွင့်ရတယ်..။
မိတ်ဆွေတွေတိုးပွားကြရတယ်..။ ချစ်သူတွေလည်းဆုံတွေ့ခွင့်ရခဲ့ကြတယ်..။
စကားတွေပြောရင်းနဲ့ဘဲ....ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေဖလှယ်ခွင့်ရတယ်..။
စကားတွေပြောရင်းနဲ့ဘဲ...အမုန်းတွေပွားရတယ်...။
အရင်းနှီးဆုံးမိတ်ဆွေတွေကနေ..အမုန်းဆုံးသူတွေလည်းဖြစ်ကြရတယ်..။


စကားတွေကတော့ပြောနေကြတာဘဲ...
စကားတစ်ခွန်းကြောင့်ဘဲ...
စိတ်ချမ်းမြေ့မှုတွေရရှိသွားတယ်..
စိတ်ဓာတ်ခွန်အားတွေလည်းတိုးလာရတယ်..
ထောင်မတ်သွားတဲ့ ဘ၀တွေလည်းရှိခဲ့တယ်..။
လက်လွတ်စပယ်ပြောလိုက်တဲ့..စကားတခွန်းကြောင့်..
တဘက်သားထိခိုက်နစ်နာရတယ်..
ဘ၀တွေပျက်ကြရတယ်..။


စကားတစ်ခွန်းကြောင့်ဘဲ..စစ်မက်တွေဖြစ်ပွားရတယ်..။
စကားတွေပြောကြရင်းနဲ့ဘဲ..ငြိမ်းချမ်းရေးတွေတည်ဆောက်ခွင့်ရကြတယ်..။
စကားတွေပြောရင်းနဲ့ပဲ..
နှုတ်ဖျားလေးဟလိုက်ယုံနဲ့...
အူဘယ်နှစ်ခွေရှိတယ် ဆိုတာသိနိုင်သလို...
လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်...
စကား..စကားပြောဖန်များ..စကားထဲကဇာတိပြ
နှုတ်တစ်ရာ စာတစ်လုံး..ဆိုတာတွေကလည်း..
စကားတွေပြောရင်းရလာတဲ့
စကားပုံတွေဘဲလေ...။


စကားတွေကို...
အပျင်းပြေပြောနေသင့်လား..။
စကားဆိုတာ...
လိုအပ်မှရောမပြောသင့်ဘူးလား..။
စကားတွေကို..
ချင့်ချိန်ပြီးမပြောသင့်ဘူးလား..။
စကားတစ်ခွန်းမပြောခင်..ပြောသင့်ရဲ့လား.. ပြောခွင့်ရှိရဲ့လား...
ပြောဘို့ရောလိုလို့လား....ဆိုတာ..စဉ်းစားမိကြလား..။


ကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်....
ရလာတဲ့ရလာဒ်တွေကိုရော..ခံယူဘို့အသင့်ဖြစ်ကြပြီလား..?
ကိုယ်ပြောလိုက်တဲ့ စကားကိုရော..တာဝန်ယူရဲကြရဲ့လား..?
အပြောနဲ့အလုပ်ရောညီကြရဲ့လား..?
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
ရလာတဲ့ အပေါ်မှာရော..
စိတ်သန့်သန့်နဲ့ မုဒိတာပွားနိုင်ရဲ့လား..?
ပြောခွင့်မရလိုက်ရဘဲ..မြိုသိပ်ပြီးနေလိုက်ရလို့...ရလာတဲ့ ရလာဒ်တွေကရော
ခါးသီးနေမလား....? ဒါမှမဟုတ်...ချိုမြိန်ရဲ့လား..?

ကဲ...ကျွန်‌တော်နဲ့အတူ
စဉ်းစားကြည့်ရအောင်လား..?

ခင်မင်မှုများစွာဖြင့်....
မိုးထက်


ကိုယ့်အကြောင်း ကိုယ်ပြောလျှင်

ခြုံ၍ပြောရလျှင် လူသည်မိမိအကြောင်းမိမိပြောပါက ပြောသည့်အခါတိုင်းရှုံး၏။ အကြောင်းမူ မိမိကိုယ်ကိုချီးမွှမ်းပြောဆိုပါက ယင်းစကားအားလုံးကို တစ်ဖက်လူက လက်မခံပယ်ချကာ၊ မိမိကိုယ်ကို ပြစ်တင်ရှုံချပြောလျှင်ကား ပြောသမျှအားလုံးကို တစ်ဖက်သားက လက်ခံမှတ်သားသွားသောကြောင့်ဖြစ်၏။
မွန်တိန်း

No comments:

Post a Comment