Sunday, May 29, 2011

ဟန်ဆောင် ပေါင်းသင်းခြင်း


တစ်ဦးနှင့် တစ်ဦး ခင်မင် ရင်းနှီး ပေါင်းသင်း ဆက်ဆံရာမှာ – ဟန်ဆောင်ခြင်း သည် အလွန် ရွံရှာ စက်ဆုပ်ဖွယ် ကောင်းကြောင်း နှင့် ထိုသို့ ရွံရှာ စက်ဆုပ်ဖွယ် ကောင်းသည့် အကျင့်ကို ရွံရှာ စက်ဆုပ်ဖွယ်ကောင်း ကြောင်းပင် မသိသူများစွာ ရှိနေပြီး ထိုသို့ ပြုမူနေထိုင် ကြသည်ကိုပင် ယဉ်ကျေးမှုဟု တစ်လွဲ ယူဆသူများလည်း ရှိကြသည်။
ဥပမာ – ဒေါသဖြစ်လည်း ပြုံးပြနေခြင်း၊ ဧည့်သည် တစ်ဦးကို လက်မခံလိုသော်လည်း ကြိုဆို ဧည့်ခံခြင်း စသည်အပြု အမူများ ဖြစ်သည်။ အမှန်ကို ဖုံးကွယ်၍ ဟန်ဆောင်ခြင်း သည် တစ်ဦး နှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာတွင် မည်သို့မျှ ကောင်းကျိုး ဖြစ်စေရန် မရှိပါ။ ရှေ့တွင် ဖုံးကွယ်ထားသဖြင့် မိမိ၏ ခံစားချက်ကို နောက် တစ်ဦးအား ဖွင့်လှစ်ပြီး အပြစ်ဆိုခြင်း ဖြင့် ယုတ်ညံ့သည့် အတင်း အဖျဉ်းပြောသည့် အကျိုးဆက်များ သာ ဖြစ်ဖွယ်ရာ ရှိသည်။
မြန်မာစကားတွင် ပွင့်လင်း မြင်သာမှု မရှိခြင်းကို ခိုးကြောင် ခိုးဝှက် လုပ်သည်ဟု လည်း ခေါ်သည်။ ခိုးကြောင် ခိုးဝှက် လုပ်သည်ဆိုသည်မှာ မဟုတ်မမှန် ကြံစဉ် လုပ်ကိုင်ခြင်း မျိုးပင်ဖြစ်တော့သည်။ သို့ဖြစ်ရာ ဟန်ဆောင်ခြင်းသည် ပွင့်လင်း မြင်သာမှု မရှိအောင် ဖုံးကွယ်ခြင်း ဖြစ်သည့် အလျှောက် မဟုတ်မမှန် ကြံစဉ် လုပ်ကိုင်ခြင်း မျိုး တစ်ခု ဖြစ်တော့သည်။

ဝန်ခံချက်။ ။ ကိုအောင်ရေးသားသော စာများကိုကြိုက် နှစ်သစ်ရ်ျ ပြန်လည် တင်ပြရခြင်းသာ။
MC WAI YAN !

No comments:

Post a Comment