Tuesday, May 10, 2011

သစ်ကျုတ်သီလ

တောအုပ်တစ်ခုတွင် သစ်ကျုတ်တစ်ကောင် အစာရှာမရသဖြင့် ဆာလောင်နေသည်။“အစာမရမှတော့ မထူးတော့ပါဘူးလေ၊ ယနေ့ သီလ ဆောက်တည်နေမည်” ဟု ဆုံးဖြတ်သည်။သိကြားမင်းသည် သစ်ကျုတ်၏ သီလကို စမ်းသပ်လိုသဖြင့် သမင်ယောင်ဆောင်ကာ သစ်ကျုတ်အနားမှာ ဆော့ကစားနေသည်။ဆာလောင်နေသော သစ်ကျုတ်သည် သမင်ကို မြင်သောအခါ“သြော် ငါက အစာမရတော့ဘူးထင်လို့ ဥပုသ်စောင့်နေတာ၊ ခုတော့ အစာက ငါမရှာရပဲ ငါဆီရောက်နေပြီ၊ ဥပုသ်က ဘယ်အချိန်စောင့်စောင့် ရပါတယ်။“စားသောက်ပြီးမှပဲ ဥပုသ်စောင့်တာပေါ့”ဟု စိတ်ပိုင်းဖြတ်ပြီး သမင်ကို ခုန်အုပ်လေတော့သည်။ သို့သော် သိကြားမင်း ဖန်ဆင်းထားသော ထိုသမင်ကို သစ်ကျုတ် မည်သို့မျှ လိုက်မမီတော့ပဲ တောင်အစပ်နေရာ၌ မျက်ခြည် ပြတ်သွားသည်။ သစ်ကျုတ်သည် ဤသို့ညဉ်းညူလိုက်ပါသတဲ့။ “အမယ်လေး ကံကောင်းလို့ ငါ့ ဥပုသ်မကျိုးတယ်”..........


No comments:

Post a Comment