Sunday, July 13, 2014

ဘုရားဂုဏ်တော်


မင်္ဂလာနံနက်ခင်းတရားတော်
*********************
ဘုရားဂုဏ်တော်ကိုပွားပြီး သမထကျင့်စဉ်ကို ကျင့်လို့ မရဘူးလားမေးရင်၊ ရပါတယ်လို့ဖြေရမှာပါ။
သို့သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ့၊သမာဓိက ဈာန်အထိ အပ္ပနာသမာဓိအထိ မရောက်ဘူး။ ဘာ့ကြောင့်မရောက်သလဲဆိုရင်၊
ဘုရားဂုဏ်တော်က အလွန်လေးနက်တယ်။ ပရမတ္ထအာရုံဖြစ်တယ်။ဒါ့ကြောင့် ဘုရားဂုဏ်တော်ကို အခြေပြုတဲ့ သမာဓိဟာ ဈာန်အဆင့်အထိ မရောက်ဘူးလို့ပြောတာ။
ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ ကျင့်မယ်ဆိုရင် ဂုဏ်တော်ရဲ့အနက်အဓိပ္ပါယ်ကို နားလည်ရမယ်။

ဥပမာ.......
အရဟံ ဆိုရင် ကိလေသာခပ်သိမ်းကို ဖယ်ရှားပြီးသော
မြတ်စွာဘုရားလို့ အာရုံပြုထားရမယ်။ ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်ပြီး စဉ်းစားရတယ်။
သြော် ငါ့မှာ လောဘဆိုတာ ရှိတယ်။ ဒေါသဆိုတာလည်း ရှိပါတယ်။
မောဟဆိုတာလည်း ရှိတယ်။
မာန်မာနလည်း ရှိပြန်သေးတယ်။
မြတ်စွာဘုရားမှာကတော့ လောဘလည်း မရှိ၊ ဒေါသလည်း မရှိ၊
မောဟလည်း မရှိ၊ မာန်မာနလည်း မရှိ၊ ကိလေသာမှန်သမျှ လုံးဝကင်းစင်နေပါကလားလို့ နှုင်းယှဉ်ပြီး နှလုံးသွင်းရင်၊ အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီး ပေါ်လွင်ထင်ရှားလာနိုင်တယ်။
မိမိရဲ့စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင်နေရမယ်။
ဒါမှသာ ဗုဒ္ဓာနုဿတိ ကမဋ္ဌာန်း ဖြစ်မယ်။
မြတ်စွာဘုရားသခင်ရဲ့ တကယ့် ဂုဏ်အရည်အသွေးတွေအပေါ် အာရုံရောက်မှ ဝမ်းမြောက်မှု ပါမောဇ္ဇ၊ ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ ဖြစ်လာပါလိမ့်မယ်။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ. ၏ သမထနဲ့ဝိပဿနာ တရားတော်မှ ကောက်နှုတ် ပူဇော်ပါသည်)
ဓမ္မမိတ်ဆွေများအားလုံး ဘုရားဂုဏ်တော်လည်း မမေ့မလျော့ ပွားများနိုင်ကြပါစေ။

Shared from Daw San Myint (FB)

No comments:

Post a Comment