Saturday, July 5, 2014

ဘယ်သူ့ကို အပြစ်တင်မလဲ


ခက်ခက်ခဲခဲနှင့် အသက်မွေးဝမ်းကြောင်းနေရသော မိဘမဲ့ကလေးတွေကို ဘာသာခြားတို့မှ ငွေရေးကြေးရေးစတဲ့ မက်လုံးတွေနဲ့ ဘာသာပြောင်းဖို့ ဆွဲဆောင်လာသောအခါ နှလုံးသားဝယ် ဘုရားမတည်မိသေးပါက ကလေးမပြောနှင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်လူကြီးတွေတောင် အချိန်မရွေး ဘာသာပြောင်းသွားနိုင်ပါတယ်။

ဒီလိုပြောင်းသွားခဲ့ရင် ဆွဲဆောင်စည်းရုံးတဲ့ ဘာသာခြားတွေ ပြီးတော့ ဘာသာပြောင်းသွားတဲ့ ကလေးတွေကို အပြစ်မတင်သင့်ဘဲ ကလေးတွေရဲ့နှလုံးသားမှာ ငယ်ရွယ်စဉ်ကတည်းက ဘုရားမတည်ပေးလိုက်မိတဲ့ မိမိတို့ လူကြီးမိဘတွေအနေနှင့် ကိုယ့်ကိုကိုယ်သာ ရင်နာနာဖြင့် အပြစ်တင်သင့်ပါတယ်ခင်ဗျာ။

Shared from Aung Sann Kyaw (FB)

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ် 
အိုးတွင်ခပ်နှိပ် အမှတ်တံဆိပ်ကား 
မပြတ်မစဲ အိုးပင်ကွဲလည်း 
အမြဲတစေ တည်ရှိနေသို့ 
ထွေထွေသွေးသား ကလေးများ
ဘုရားတံဆိပ် ဘာသာစိတ်ကို 
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင် 
ဗုဒ္ဒ၀ါဒီ စွဲတည်မည်
ကိုယ်စီခပ်နှိပ်နိုင်ကြစေသတည်း။ ။

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြ၀ါဒ

No comments:

Post a Comment