Monday, July 7, 2014

အစားက ပဋိစ္စ္စသမုပ္ပါဒ်ကို ဖြတ်တာလား


အစားက ပဋိစ္စ္စသမုပ္ပါဒ်ကို ဖြတ်တာလား
စားလို့ပေါ်လာတဲ့ ဓမ္မက ပဋိစ္စ္စသမုပ္ပါဒ်ကို စဖြစ်တာလား။

ဒီဓမ္မမနိုင်ပဲ ဟိုဓမ္မကိုသွားသတ်လို့မရဘူး။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက
ငါဘယ်နှစ်ရက် သတ်သတ်လွတ်ဘုန်းမယ်ကွာဆိုတာ မရှိခဲ့ဘူး
မိုးကုတ်ဆရာတော်ဘုရားကြီး

ဝက်သားတစ်တုံး ပါးစပ်ထဲထည့်ပြီး လျာပေါ်တင်လိုက် ရင် ကောင်းတာကို သိတဲ့စိတ်ကလေး ပေါ်လာလိမ့်မယ်။ အဲဒီပေါ်လာတဲ့ စိတ်ကလေးကို ဖြစ်ပျက်ရှုပေး။ မမြဲပါလား။ ဒုက္ဘသစ္စာတွေလို့သိသိပေးရင် ဖြစ်ပျက်နဲ့ မဂ်ကိုက်နေရင် ကိလေသာ မလာတော့ဘူး။ ပဋိစ္စသမုပ္ပါဒ်ကို မလည်စေတော့ဘူး။ အဲလိုသာ ဖြစ်ပျက်နဲ့ ကိုက်ကိုက်ပေးနေရင် ထမင်းစားရင်းလည်း နိဗ္ဗာန်ရနိုင်တယ်။ လက်ဘက်ရည်သောက်ရင်းလည်း နိဗ္ဗာန် ရောက်နိုင်တယ်။ ဆေးလိပ်သောက်ရင်းလဲ နိဗ္ဗာန်ရနိုင်၊ ရောက်နိုင်တယ်။ လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက (၃၀.၈.၁၉၆၁) မှာ ဟောသွားတာပါ။

Shared from Ma Myint Sandar (FB)

No comments:

Post a Comment