Sunday, July 6, 2014

ပိန်းဥအော်ကွေ့ ကြည် (Yum Cake)


ညနေခင်း (သို့ ) အဆာပြေစားဖို့  ပိန်းဥ အော်ကွေ့ကြည် လုပ်နည်းလေး ကို share ပါမယ်ရှင်။
ဒီနည်းလေးကတော့ မုန့် ကြိတ်ဆုံမရှိတဲ့အရပ်မှာ မဖြစ်ဖြစ်အောင် လုပ်စားရတဲ့ အလွယ်နည်းလေးပါ။

Ingredients:
ဆန်မှုန့် ဆန်ချိန်ခွက် ၁ခွက်
ပိန်းဥအကြီး တခြမ်း
ပုစွန်ခြောက်မှုန့်  ၃ဇွန်း
ဂျုံမှုန့်  ၂ဇွန်း
ငရုတ်ကောင်းမှုန့်  အနည်းငယ်
ဆား အနည်းငယ်
ဆီ အနည်းငယ်

Preparation Method:
၁) ပိန်းဥကို အတုံးသေးသေးတုံးထားပြီး ရေအနည်းငယ်နဲ့ ပြုတ်ထားပါ။
၂) ဆန်မှုန့် ဂျုံမှုန့်  ပုစွန်ခြောက်မှုန့် ဆား ငရုတ်ကောင်းမှုန့်  တို့ ကို ရောနယ်ပေးပါ။ရေကို သင့်ရုံချိန်ဆထည့်ကာ သမအောင်နယ်ပေးပါ။
၃) ပြုတ်ထားတဲ့ ပိန်းဥကို ချေပြီး မုန့်နှစ်အရောထဲ ထည့်ပြီး သမအောင် နယ်ပေးပါ။
၎) မုန့် နှစ်တွေကို ပုံစံခွက် (သို့ ) ပန်းကန်လုံးထဲထည့်ပြီး နာရီဝက်ခန့်  ပေါင်းပေးပါ။
၅) ကျက်မကျက်ကို ဓားဖျားလေးဖြင့် ထိုးကြည့်ပါ။ မကျက်သေးလျှင် ထပ်ပေါင်းပေးပါ။
၆) ပေါင်းထားတဲ့ မုန့် ကို မထူမပါးလှီးပြီး ဆီနည်းနည်းနဲ့  အိုးကပ်ကြော်ပေးပါ။
၇) နှစ်ဖက်စလုံး နီညိုရောင်သန်းလာရင် (ကြွပ်ကြွပ်လေး) ရပါပြီ။

အချဉ်ရည်ကတော့ Chili sauce ၄ဇွန်း၊ ထန်းညက်ရည် ၂ဇွန်း၊ ဆားအနည်းငယ် ရောမွှေထားပါ။

စားမယ့် ပန်းကန်ထဲ ညှပ်ထည့်ပြီး အပေါ်မှ ချိုချဉ်ရည်ဆမ်း ကြက်သွန်မိတ်တင်ပြီးလျှင် ရေနွေးကြမ်းလေးနဲ့ သုံးဆောင်လို့ ရပါပြီတဲ့ရှင်...

Enjoy Weekends!

Shared from KaeKae's Food Palace (FB)

No comments:

Post a Comment