Friday, July 4, 2014

ပရိတ်ကို အစွမ်းထက်စေခြင်း


ပရိတ်တော်ရွတ်ဖတ်သရဇ္ဈာယ်ရာမှာ မြတ်ဗုဒ္ဓသတ်မှတ်ပေးတဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်အောင်ရွတ်ရင် ရဟန်းပဲရွတ်ရွတ် လူပဲရွတ်ရွတ် အစွမ်းထက်ပါတယ်..
ပရိတ်ရွတ်သူဘက်က အင်္ဂါ(၃)ချက်နဲ့
ပရိတ်နာယူသူဘက်က အင်္ဂါ(၃)ချက်ဆိုပြီး ရှိပါတယ်..

ပရိတ်ရွတ်သူဘက်က အင်္ဂါ(၃)ချက်ကတော့-
၁။ ပါဠိနဲ့ ပုဒ်ဖြတ်ကို မှန်ကန်အောင် ရွတ်ရပါမယ်..
၂။ ရွတ်နေတဲ့ ပါဠိရဲ့ မြန်မာပြန်ကို (သို့)
အဓိပ္ပာယ်အကျဉ်းကို သိနေရပါမယ်..
၃။ လှူဖွယ်ဝတ္ထု လာဘ်လာဘတွေကို
အဓိကမထားပဲ စေတနာမေတ္တာကိုသာ
အဓိကထားရပါမယ်..

ပရိတ်နာယူဘက်က အင်္ဂါ(၃)ချက်ကတော့-
၁။ ပဉ္စာနန္တရိယကံ(၅)ပါးက လွတ်သူ ဖြစ်ရပါမယ်..
၂။ ကံ ကံ၏အကျိုးကို ယုံကြည်သူ ဖြစ်ရပါမယ်..
၃။ ပရိတ်တရားတော်အပေါ်မှာ
ထက်သန်တဲ့ယုံကြည်မှု ရှိရပါမယ်..

မြတ်စွာဘုရားရဲ့ နှုတ်ကပတ်တော်အားလုံးဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ခဲ့တဲ့ ပါရမီအားတွေ အပြည့်ပါနေတဲ့အတွက်ကြောင့် မိမိက စေတနာ မေတ္တာအပြည့်နဲ့သာ ရွတ်ဖတ်သရဇ္ဈာယ်မယ်ဆိုရင် အစွမ်းထက်တာချည်းပါပဲ..

စေတနာမေတ္တာအရင်းခံဖြင့်-
Shared from Ma Ohnmar Shin (FB)

No comments:

Post a Comment