လူတွေဟာ ကိုယ်မကြိုက်တာတွေ ကိုယ်မဖြစ်စေခြင် တာတွေ ဖြစ်ကြပြီဆိုရင် စိတ်ထဲမှာကြိုးထုံးတွေထုံးကြ၊ သောက တွေများကြ၊
အကုသိုလ်တွေဖြစ်နဲ့  ဒေါသတွေ၊ မုန်းတီးမှုတွေ၊ မကောင်းတဲ့ စိတ်တွေ၊ ရန်လိုမှုတွေပွားကြပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်ဖြစ်စေချင်တာတွေ မဖြစ်ဖူး၊
အနှောက်အယှက်တွေ ပေါ်တယ် ဆိုပြန်ရင်လဲ ဒီလိုပါဘဲ။
စိတ်ထဲမှာ အကုသိုလ်စိတ်တွေပွားကြပြီး စိတ်မချမ်းမသာဖြစ်ကြပါတယ်။ လူတွေရဲ့  တသက်တာမှာ မဖြစ်ချင် တာတွေတော့ ဖြစ်၊ ဖြစ်ချင်တာတွေကြ တော့ ၊
တခါတရံတော့ဖြစ်ပါရဲ့ ၊မဖြစ်တာကများပါတယ်။ ဒီလိုနဲ့ ကြိုးထုံးတွေ တထုံးပေါ်တထုံး၊ တထုံးပေါ်တထုံး၊ ဆင့် ဆင့် ပြီး စိတ်ဓါတ်ကြီး တခုလုံးဟာ ဖြေလို့ မရတဲ့ 
အထုံးတွေ၊ အထွေးတွေအပြည့် နဲ့ ၊ စိတ်မငြိမ် သက်မှု၊ စိတ်အနှောက်အယှက်တွေအပြည့် နဲ့ ၊ဆင်းရဲမှုတွေအပြည့် နဲ့ အဆိုင်အခဲ အထုတ်အပိုးကြီးဖြစ်လာပါတယ်။
အခုလို အကုသိုလ်တွေပွားပြီး ဆင်းရဲမှုတွေကို ခံစားလာရတဲ့အခါမှာ ဒီအကုသိုလ်တွေ၊ စိတ်ဆင်းရဲမှုတွေကို ကိုယ့် ဟာကိုယ် ထိန်းသိမ်းပြီး
မထားနိုင်ကြပါဘူး။ ကိုယ့် သောကတွေကို သူများတွေအပေါ်မှာ လျှောက်ပြီး ပုံပုံပစ်ကြပါတယ်။ ဝေငှာကြပါတယ်။ သူတို့ ရဲ့ ပတ်ဝန်းကျင်အားလုံးဟာလည်း
စိတ်သောကတွေအပြည့်  နဲ့ ပါ။
ဒီလိုအချိန်အခါများမှာသူတို့ နဲ့  ထိခိုက်ဆက်သွယ်မိတဲ့ လူတွေဟာလည်း စိတ်မချမ်းမသာ ဖြစ်ကြပါတယ်။ ဒါဟာကောင်းတဲ့ ဘ၀လို့ မဆိုနိုင်ပါဘူး။
ကိုယ့်  ကိုယ်ကို စိတ်ဆင်းရဲအောင်လုပ်၊ သူများကိုလည်းစိတ်ဆင်းရဲအောင်လုပ်၊ ဒီလိုအသက်ရှင်ရတာဟာ စိတ်ချမ်းသာမှာလည်းမဟုတ်ပါဘူး။
ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး၊
တွက်သက်ဝင်သက်ကိုရှုနေ
လူတွေဟာ မိမိတို့  ကိုယ်အတွင်းကိန်းအောင်းနေတဲ့ အမှန်တရားတွေကိုသိရှိနိုင်ဖို့ ရာ သဘာဝက အင်မတန်အဖိုးတန်တဲ့ တန်ဆာပလာပေးထားပါတယ်။
အဲဒီတန်ဆာပလာကတော့ ထွက်သက် ၀င်သက်ပါဘဲ။ ငါ ငါ ငါ့ ဟာ ငါ့ ဟာ- လို့ ပြောနေတဲ့ လူတွေရဲ့  ရုပ်ခန္ဒာ ကိုယ်ကာယအစိတ်အပိုင်းနဲ့  သက်ဆိုင်တဲ့
အမှန်တရားကို စူးစမ်းရှာဖွေ ဖို့  ရာမှာ အသုံး ပြု ဖို့ ရာဖြစ်ပါတယ်။
ဒီခန္ဒာကိုယ်အဆေက်အအုံကြီးကို ငါလို့ အသိအမှတ်ပြု ပြီး သိပ်ပြီး ငြိတယ်မှုတွေပွားများတော့ ဒီ တွယ်တာမှုတွေကြောင့်  ဆင်းရဲ ဒုက္ခတွေ၊
စိတ်သောကတွေ အင်မတန်ဖြစ်စေပါတယ်။ ဒီအတိုင်းပါဘဲ။ ငါ ငါ ငါ့  ဟာ ငါ့ ဟာ လို့  ပြောဆိုပြီးနေတဲ့ စိတ်ပိုင်းရဲ့ အဆောက်အအုံကြီးရဲ့  အမှန်တရားကိုလည်း
စူးစမ်းရှာဖွေတတ် ဖို့ ရာ လိုပါတယ်။
ဒီအတွက်ကြောင့်  သဘာဝ ၀င်သက် ထွက်သက်သန့်  သန့် တခုတည်းကိုသာရှုနေ ဖို့ ပါပဲ ၊ အဲဒီလိုရှုတဲ့ အချိန်မှာ ရုပ်တရားနာမ်တရားတို့  ရဲ့  အမှန်တရားကို
အဟုတ်တကယ်ဖြစ်ပျက်နေတဲ့ အတိုင်း သိလာကြပါလိမ့် မယ်။
စိတ်ရဲ့ အမှန်တရားကိုသိနိုင်သော ၀င်သက်ထွင်သက်
ဝင်သက်ထွက်သက်ဟာစိတ်ရဲ့  အမှန်တရားကိုရှာဖွေစူးစမ်းရာမှာ အင်မတန် အသုံးဝင်တဲ့ ကရိယာတန်ဆာပလာဖြစ်ပါတယ်။ မိမိတို့ ဟာ ၀င်သက်ထွင်သက်ကို
ရှုမှတ်နေတဲ့  အခါမှာ စိတ်နဲ့  ပတ်သက်တဲ့ အမှန်တရားတချို့ ဟာနှာသီးဖျားမှာ သူတို့ အလိုလိုထင်ရှားလာကြပါလိမ့် မယ်။ မိမိ တို့ ရဲ့ စိတ်အာရုံဟာ
အင်မတန်လှုပ်ရှားနေပါတယ်။ ဟိုပြေးဒီပြေးလုပ်နေပါတယ်။ အနှံအပြားလေလွင့် နေပါတယ်။ လည့် လည်နေပါတယ်။ စိတ္မျငိမ္ဘူး
ဒီနှာသီးဖျားလေးမှာမနေချင်ဘူး၊ ထွက်ထွက်သာပြေးနေတာပဲ။ တခါတလေများ ၀င်သက်ထွက်သက်ကို တစ်ကြိမ်အသက်ရှူကလေးမျှတောင်
စိတ်စိုက်မနေနိုင်ပါဘူး။တစ်ခါ ထွက်ပြေးသွားပြန်ရော စိတ်ဟာဘယ်လောက်လှုပ်ရှားသလဲဆိုတာ မိမိတို့  ကိုယ်တိုင်ခံစားသိရှိနိုင်လာပါလိမ့်  မယ်။
နောက်သိရှိလာမယ့် အမှန်တရားတခုကတော့ ဒီလှုပ်ရှားပြေးလွှားနေတဲ့ စိတ်ဟာ ဘယ်လို လှည့်  လည်နေတယ်ဆိုတာပါပဲ။ မရေမတွင်နိုင်လောက်အောင်များ
ပြားလှတဲ့ ဋ္ဌာနတွေမှာ အရာဝတ္တုတွေမှာ လှည့် လည်နေတာတွေ များလွန်းလို့  မှတ်လို့ တောင် မရနိုင်တော့ ပါဘူး။
စိတ်အာရုံ၏ပြေးလွှားနေတဲ့ အချိန်ပိုင်း
စိတ်အာရုံဟာ အမြဲပဲလှည့်  ပတ်ပြေးလွှားနေတဲ့ အချိန်ပိုင် ၂ - ပိုင်း ထင်ထင်ရှားရှားရှိလာပါတယ်။တခုကတော့ ပြီးခဲ့ တဲ့  လွန်သွားပြီးတဲ့
အချိန်ကုန်ဆုံးသွားပြီးတဲ့ အတိတ်ရဲ့ နယ်မြေထဲမှာဖြစ်ပါတယ်။ အတိတ်ကဖြစ်ခဲ့ တဲ့ အမှုကိစ္စ တွေ ကိုအောင့်  မေ့  သတိရပြီးမှတ်မိနေပါတယ်။
တွေးတောနေမိပါတယ်။ ဒီကိစ္စကဒီလိုဖြစ်ခဲ့ တာ ပဲ၊ ဘယ်သူက၊ ဘယ်ဝါက၊ ဘယ်လိုလုပ်ခဲ့ တာပဲ၊ ပြောခဲ့ ဆိုခဲ့ တာပဲ၊ ငါ့  ကိုစော်ကားတာပဲ၊ အဲဒီတုံးက ၊ ငါက၊
ဘယ်လို ကလဲ့ စားပြန်ချေရမယ်လို့  မသိလိုက်ဘူး။ ဘယ်လိုပြန်ပြောရမယ်လို့ မသိလိုက်ဘူး။ နောက်တခါသာဆိုရင် ငါက ဒီလိုပြန်ပြောလိုက်မယ်၊ ဒီလိုပြန်တုံ
့ပြန်လိုက်မယ်၊ အစရှိလို့  စိတ်ကူးထဲမှာ၊ အတိတ်ကာလကနေ၊ အနာဂတ်ကာလထဲရောက်သွားပြန်ပါတယ်။နောင်ဖြစ်မယ့်  အချိန်ထဲရောက်သွားပြန်ပါတယ်။
နောင်လုပ်မယ့် အလုပ်ကိစ္စတွေကိုလည်းစိတ်ကူးယဉ်ပါတယ်။ ဒီ
လိုနဲ့  စိတ်အာရုံက အတိတ်ထဲရောက်လိုက်၊လှိမ့်  နေလိုက်၊ အနာဂတ်ထဲရောက်လိုက်လှိမ့်  နေလိုက် နဲ့ တချိန်လုံး အတိတ်မဟုတ်ရင် အနာဂတ်ထဲမှာသာ၊ရွေ
့လျားနေပါတယ်။ ယခုလက်ရှိပစ္စုပန်တည့် တည့် မှာမနေနိုင်ပါဘူး။
စိတ်ကိုပစ္စုပ္ပန်မှာပဲထားပါ
ဒါပေမယ့်  မိမိတို့ ဟာပစ္စုပ္ပန်တည့် တည့် မှာပဲနေကြရမှာပါ။ အတိတ်ထဲ ဘယ့် နယ်နေလို့  ရမှာလဲ အတိတ်ဟာဖြစ်ပြီးပီ၊ မရှိတော့ ဘူး၊ သွားပြီ၊
အပြီးအပိုင်ကုန်ဆုံးသွားပါပြီ၊။ ကုန်ဆုံးပြီးသွားတဲ့ အချိန်ကို ပြန်ပြီးယူလို့ မရနိုင်တော့ ပါဘူး။ကမ္ဘာပေါ်မှာ၊ ရှိရှိသမျှ ပိုက်ဆံတွေ၊ ဒေါ်လာတွေပေးပြီးဝယ်လို့  လည်း
မရနိုင်တော့ ပါဘူး၊တခါတည်းပြန်လမ်းမရှိကုန်ဆုံးသွားပါပြီ။
အဲဒီအတိုင်းပဲ၊ မဖြစ်သေးတဲ့  ရောက်မလာသေးတဲ့ အနာဂတ်အချိန်ထဲမှာလည်းနေလို့ မရပါဘူး။ အနာဂတ်ကနေပြီးပစ္စုပ္ပန် ဖြစ်လာနေတဲ့ လက်ရှိ
အချိန်ထဲမှာသာ နေလို့  ရပါတယ်။ ဒါပေမယ့်  ကြည့်  စမ်းပါအုံး၊ စိတ်အာရုံဟာ ဘယ်လိုသူ့  အကျင့်  ၀သီရဲ့ အကျဉ်းသားဖြစ်နေသလဲဆိုတာ၊တချိန်လုံးပဲ
အတိတ်ထဲပြေးလိုက်၊ အနာဂတ်ထဲ ပြေးလိုက်နဲ့ ပစ္စုပ္ပန်တဲ့ တဲ့ မှာကိုမနေနိုင်ပါဘူး။ဟိုပြေး ဒီပြေးနဲ့ စိတ်ဟာသိပ်ကိုလှုပ်ရှားနေပါတယ်။ဂယက်ရိုက်နေပါတယ်။
ဘ၀ကို ဘယ်လိုနေထိုင်ရမယ်လို့  မသိပါဘူး။
ဘ၀နေထိုင်နည်း
ဒီကမ္မဋ္ဌာန်းနည်းကတော့ ဘ၀နေနည်းပါပဲ။ မိမိတို့ တွေအခုကစပြီးတော့ စိတ်အာရုံကိုပစ္စုပန်တဲ့တဲ့မှာထားကြပါ။ဘ၀ကိုပစ္စုပ္ပန်ထဲမှဘယ်လို အသက်ရှင်
ရမယ်ဆိုတဲ့ နည်းကို စပြီးသင်တန်းတက်နေကြတာပါ။အခု အချိန်အထိ ပစ္စုပ္ပန်တဲ့ တဲ့ မှတကယ်ဖြစ်ပျက်နေတာကတော့ ၀င်သက် ၀င်သွားတာ။
ထွက်သက်ထွက်သွားတာကို အခုအသက်ရှူသွင်းလိုက်တယ် အခုအသက်ရှူထုတ်လိုက်တယ်။ လို့ အာရုံပြုနေဖို့ ပါ။
ဒါပေမယ့်  စိတ်ကဒီလိုမနေချင်ပါဘူး။ တစ်ခါနှစ်ခါလောက်ပဲ ၀င်သက်ထွက်သက်ကို ရှုမှတ်နေပြီး နောက်တခါပြန်ပြီး အတိတ်ထဲပြေးလိုက်
အနာဂတ်ထဲပြေးလိုက်နဲ့ လှုပ်ရှားပြန့် လွင့်  နေပါတယ်။ ဒီလိုလုပ်တတ်တဲ့ စိတ်အာရုံရဲ့ ၀သီ အကျင့် ကိုမိမိတို့ ကစိတ်ရှည်ရှည်နဲ့  ပြောင်းလဲပေးရပါလိမ့် မယ်။်
ပစ္စုပ္ပန်ထဲမှာနေဖို့ ပစ္စုပ္ပန်တည့်  တည့် မှာ တကယ်ဖြစ်ပျက်နေတဲ့ အတိုင်းကိုရှုမှတ်နေဖို့ ပါပဲ။
နောက်စိတ်အာရုံနဲ့  ပတ်သက်တဲ့အမှန်တရားတခုကိုလည်း မိမိတို့ ထင်ရှားသိလာကြပါလိမ့် မယ်။ အဲဒါကဘာလဲဆိုတော့ စိတ်ရဲ့  အမျိုးအစား
ဘယ်လိုအာရုံတွေကိုစိတ်ကသယ်ဆောင်နေပါသလဲ ဆိုတာဖြစ်ပါတယ်။ မကြာခဏလည်းစိတ်ထဲမှာ အအာရုံတခု ပေါ်လာတတ်ပါတယ်။ ဒီအာရုံဟာ အတိတ်နဲ
့ပတ်သက်တာဘဲဖြစ်ဖြစ် အနာဂတ်နှင့်ပတ်သက်တာဘဲဖြစ်ဖြစ် ပေါ်လာပြီးလို့  ဒီအာရုံ မှာ မပြီ်းဆုံးသေးခင်ဘဲ စကားတခွန်း၊ ဒါမပြီးဆုံးသေးခင် ဒါမကုန်ဆုံးသေးခင်
နောက်တခါ နောက်အာရုံအသစ်တခုက ပေါ်လာပြန်ပါတယ်။
ဒီလိုနဲ့ အာရုံတွေဟာတခုပြီးတခု ဘယ်လိုမှအစီအစဉ်မရှိ အမြီးအမောက်မတဲ့ ပါဘူး။ ဒီလိုပရမ်းပတာ စိတ်ကူးပေါက်နေတာတွေဟာ
စိတ်ရူးပေါက်တာသက်သက်ပါဘဲ။
စိတ်ဟာအမြီးအမေါက်လည်းတဲ့ပါတယ်။ အစီအစဉ်လည်းကျနေပါတယ် ဆိုရင်တော့ စိတ်ရူးမဟုတ်ပါဘူးလို့ မြင်ရိုးမြင်စဉ်အတိုင်းမြင်ကြပါတယ်။
စိတ် ၂- မျိုး
ဒီကောင်းပါတယ်ဆိုတဲ့ စိတ်ကိုလည်း( ၂ )မျိုးပိုင်ခြားနိုင်ပါတယ်။ နှစ်သက်စရာကြည်နူးစရာကောင်းတာနဲ့ နှစ်သက်စရာနဲ့ မနှစ်သက်စရာ
စိတ်မချမ်းသာစရာ၊ကောင်းတာရယ်လို့  (၂)မျိုးဖြစ်လာပါတယ်။အတိတ်ကဖြစ်ခဲ့ တာကိုပြန်သတိရရင်လဲ ဒီနှစ်သက်စရာနဲ့မနှစ်သက်စရာ၊
အနာဂတ်ကိုတွေးတောလိုက်ပြန်ရင်လဲဒီနှစ်သက်စရာနဲ့မနှစ်သက်စရာ ဒီနှစ်မျိုးပါပဲ။
ဒီလိုတွေဖြစ်တဲ့ အခါမှာ စိတ်က ဘယ်လို အကျင့် ဖြစ်လာသလဲဆိုတော့ အာရုံဟာ စိတ်ကြိုက်ဖြစ်တယ်ဆိုရင် သာယာစရာကောင်းတယ်ဆိုရင်
အဲဒါကိုသဘောကြကျေနပ်နှစ်သက်ကြပါတယ်။ ဒီသဘောကြ နှစ်သက်တာလေးမျိုး နောက်ထပ်လိုချင်ပါသေးတယ် ဆိုတဲ့ လိုချင်တောင့်
့တမှုကလေးလဲဖြစ်လာပါတယ်။ နောက်တခါ ဒီတောင့် တမှုကလေးက နေ ပြီးတော့ ငြိတွယ်မှုကလေးလဲဖြစ်လာပါတယ်။
ဒီအတိုင်းပါပဲ၊ စိတ်မချမ်းသာစရာ၊ စိတ်မလိုလားစရာ အရုံကိုလည်းစိတ်က မကြိုက်ဘူးလက်မခံချင်ဘူး မကြာခင်ပဲဒါကိုတွန်းထုတ်ချင်လာပါတယ်။
မုန်းတီးလာပါတယ်။ တချိန်လုံးပဲစိတ်ကလိုလားတောင့် တမှု ငြိ တွယ်မှုနဲ့ မလိုလားမှုတွန်းဖယ်မှု၊ မုန်းတီးမှု၊ ဒီနှစ်မျိုးကြားထဲမှာလှိမ့် လှိမ့်  နေပါတယ်။
လောဘ၊ ဒေါသ၊ မောဟ။ လောဘ၊ ဒေါသ၊ မောဟ၊ဒီလိုဖြစ်တဲ့ အခါမှာ၊ စိတ်ထဲမှာအာရုံတွေပေါ်နေတယ်ဆိုတာတောင် သတိမရှိကြပါဘူး။အမြင်မှန်မရကြပါဘူး။
အမြင်လွဲမှား အမှန်တရားကိုမသိမှုက လွှမ်မိုးလာပါတယ်။ ဒါတွေဟာစိတ်ရဲ့ သဘောသဘာဝပဲဖြစ်ပါတယ်။
အကုသိုလ်တွေဖြစ်ပေါ်ရာတရား
စိတ်ရဲ့ အညစ်အကြေးတွေအားလုံး အကုသိုလ်တွေအားလုံးဟာ လောဘ၊ ဒေါသ၊ မောဟ၊ (၃) မျိုးတို့ က ဖြစ်ပေါ်လာကြတာတွေချည်းပါဘဲ။
လောဘ၊ ဒေါသ၊ မောဟ၊တို့ ရဲ့  ထုတ်လုပ်မှုတွေပစ္စည်းချည်းပါဘဲ။စိတ်အာရုံဟာတချိန်လုံး အဆက်မပြတ် ဒီ လောဘ၊ ဒေါသ၊ မောဟ၊ထဲမှာပဲလှိမ့်  နေပါ တယ်။
ဒီလိုစိတ်မျိုးနဲ့ ဆိုရင်ကို ဘယ်နယ်လုပ်ပြီး ပျော်ရွှင်မှု အေးချမ်းမှု မျှတမှုတွေကို ခံစားနိုင်ကြပါ့  မလဲ။ ဒီစိတ်မျိုးဟာစိတ်ဆင်းရဲမှုကိုသာ
ခံစားနိုင်ရမှာပဲဖြစ်ပါတယ်။ စိတ်ရဲ့  ဒီလိုဖြစ်နေတဲ့ အကျင့်  ၀သီကို ပြောင်းလဲပေးဖို့ ရာမှာတော့ ဒီကမ္မဋ္ဌာန်းနည်းကကူညီ ပါလိမ့်  မယ်။
ဝင်သက်ထွက်သက်ကို ရှုနေတာဟာ စိတ်အာရုံရဲ့ အကျင့်ပုံစံကို ဖြစ်ပါတယ်။
စိတ်ကိုသန့်  ရှင်းစင်ကြယ်အောင်လုပ်ပါ
မိမိတို့  ရဲ့  မသန့်  ရှင်းမစင်ကြယ်တဲ့ စိတ်အာရုံတွေကို သန့် ရှင်း ဖြူစင်အောင် လုပ်ပေးဖို့  ရာလိုပါတယ်။ဝင်သက်ထွက်သက်ကိုရှုခြင်းအားဖြင့် 
အာရုံတခုထဲမှာစိတ်တည်ငြိမ်ပြီးတော့ သမာဓိဖြစ်လာပါတယ်။ ဒါပေမယ့်  သမာဓိဖြစ်ယုံမျှနဲ့ စိတ်ကိုသန့် ရှင်းစင်ကြယ်အောင်လုပ်ဖို့  ရာမှာအကျုံးမ၀င်ပါဘူး
ဒါကြောင့်  မို့  ဒီကမ္မဋ္ဌာန်းနည်းရဲ့နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဟာ စိတ်စိုက်မှုသမာဓိ မဟုတ်ပါ ဘူး။
သမာဓိဟာ လောဘ၊ ဒေါသ၊ မောဟ၊ စိတ်တို့  နဲ့ လည်းယှဉ်ပြီးတော့ လည်း။ အရင်းခံ ပြီးတော့ လည်း ဆောက်တည်နိုင်ပါတယ်။ ဒီလိုသမာဓိ
မျိုးဆိုရင်တော့ စိတ်ကိုပိုပြီးတော့ ညစ်နွမ်းစေပါဦးမယ်။
ဒါကြောင့်  မို့ မိမိ တို့ သမာဓိထူထောင်ရာမှာ ပထမဆုံးအဆင့်  ဟာ စိတ်ကိုသန်ရှင်းစင်ကြယ်စေတဲ့ အဆင့်  ဖြစ်ရပါလိမ့်  မယ်။ ၀င်သက်ထွက်သက်ကိုသာ
သဘာဝအလျောက် သူ့  ပါသာသူ ၀င်ထွက်နေတာကို ရှုနေတဲ့ ခါများမှာ၊ စိတ်အာရုံဟာဒီထဲမှာပဲ စူးစိုက်ပြီး နေတဲ့ အခါမှာ အထင်အမြင်မမှား
ပါဘူး ။အယူအဆမှားတာလည်းမရှိပါဘူးတကယ်ဖြစ်ပျက်နေတဲ့  အမှန်တရားတခုထဲ ပဲ ရှိနေပါတယ်။ အမှန်တရားကိုလက်တွေ
လုပ်ကိုင်ပြီးကိုယ်တိုင်ခံစားနေရပါတယ်။ ၀င်သက်ထွက်သက်သိုသတိရှိနေတာဟာ သိမ်မွေ့ တဲ့ အမှန်တရားမဟုတ်ပေမယ့်  တကယ်ဖြစ်ပျက်နေတဲ့
တကယ်လက်တွေ့  ခံစားနေရတဲ့ အမှန်တရားပါ။
လိုချင်မှုမပါအောင်၊ ၀င်သက်ထွက်သက်ကို သတိနဲ့ ရှု
မိမိတို့ ဟာအသက်ကိုရှုသွင်းတဲ့ အခါမှာဝင်သက်ကိုလိုခြင်တတ်မက်တဲ့ တဏှာလည်းမဖြစ်ပါဘူး၊လောဘလည်း မဖြစ်ပါဘူး
လိုချင်သေးတယ်လိုချင်သေးတယ် လို့  ပိုပြီးအသက်ရှူသွင်းချင်သေးတယ် လည်းမရှိပါဘူး။မတောင့် တပါဘူး သူ့  အလိုလို သဘာဝအတိုင်း
ဝင်လေက၀င်နေတာပါဘဲ။ ထွက်လေကိုလည်းရှူထုတ်တဲ့ အခါမှာ ထွက်လေကိုမလိုမုန်းထားမဖြစ်ပါဘူး။ သူ့  အလိုလိုလေဟာ ၀င်လိုက်ထွက်လိုက်၊
ဝင်လိုက်ထွက်လိုက် ဖြစ်နေ တာပါဘဲ။ မိမိကဒီဖြစ်နေတာကိုသတိရှိနေရတာပါပဲ။ တခြားဘာကိုမျှမလုပ်ရပါဘူး၊ ၀င်သက်ထွက်သက်ကိုသတိနဲ့ ရှုရုံမျှသာပါပဲ။
လိုချင်တောင့်  မှု တွယ်တာမှုလည်းမပါပါဘူးမလိုချင်မှု တွန်းဖယ်မှု မလိုမုန်းတီးမှုလည်းမပါပါဘူး။
လူတွေရဲ့ စိတ်အာရုံဟာ များသောအားဖြင့်  လောဘ ဒေါသ မောဟ အညစ်အကြေးတွေထဲမှာသာ လုံးထွေးပြီးလှိမ့်  နေတာကများပါတယ်
တခဏလေးတခဏလေးမှာ စိတ်အာရုံဟာ ၀င်သက်ထွက်သက်ပေါ်မှာတည်နေတတ်ပါတယ်။
အတိတ်ကိုလည်းမရောက်.. အနာဂတ်ထဲလည်းမရောက် ဘူး။ လောဘ ဒေါသ မောဟထဲလည်းမဆင်းဘူး ပစ္စုပ္ပန်တည့်  တည့်  မှာ ၀င်သက်ထွက်သက်
်တခုတည်းကိုသာ အရုံစိုက်ပြီးရှုနေတဲအချိန် ကလေးတွေ ဆိုတာဟာအင်မတန်ကောင်းတဲ့ အချိန်ကလေးတွေပါ ပဲ။
ခန္ဒာကိုယ်ရဲ့  အကြောင်းကို မသိကြ
လူတွေဟာမိမိရဲ့ ခန္ဒာကိုယ်ရဲ့ အကြောင်းကို သိပ်မသိကြပါဘူး။ တချို့ ကတော့ စာအုပ်တွေဖတ်လို့  တရားဟောတာတွေကိုနားထောင်လို
့တော်တော်များများသိကြပါလိမ့်  မယ်
ဒီအသိဟာဦးနှောက်အသိညာဏ်မျှသာပါ။ စာတွေ့  အသိပါ။ ကိုယ်တိုင်လက်တွေ ခံစားပြီး သိရတဲ့ ငါတွေ့  အသိတော့ မဟုတ်ပါဘူး
ဥမမာ-
ခြေတို့ လက်တို့  မျက်စီတို့ အစရှိတဲ့  အပြင်ပမှာရှိတဲ့  ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုလုပ်ကိုင်ကြတယ်ဆိုတာ ကိုယ်တွေ့  အနေနဲ့  သိရှိနိုင် ကြပါတယ်။
သူတို့ ကတော့ မိမိတို့  အလိုရှိသလို မိမိတို့  ဆန္ဒအတိုင်း မိမိတို့ ညွှန်ကြားချက်အတိုင်း လိုက်နာလုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်  အတွင်းမှာရှိတဲ့ အသဲ နှစ်လုံး
အဆုတ် အစရှိတဲ့  ခန္ဒာကိုယ်အစိတ်အပိုင်းတွေလည်းအများကြီးရှိပါသေးတယ်။ သူတို့  ကတော့  မိမိ တို့ စိတ်ကြိုက် မိမိတို့  အလိုရှိသလို အလုပ်မလုပ်ကြပါဘူး
သူတို့  သဘာဝအတိုင်းပဲလုပ်ကိုင်နေကြတာပါပဲ။ ဒီလိုခန္ဒကိုယ်အစိတ်အပိုင်းအကြီးကြိးတွေကိုဆိုထားပါနဲ့  အုံး ခန္ဒကိုယ်တခုလုံးမျာရှိ တဲ့  အင်မတန်သေးငယ်တဲ
့ပရမာအဏုမြူကလေးတွေ၊ သူတို့ ထက်သေးငယ်သေးတဲ့ ရုပ်ကလပ် ကလေးတွေဟာလည်း ခဏမစဲ တချိန်လုံး မရပ် မနားဖြစ်ပျက်နေကြတာပါဘဲ။ ကိုယ်က
ဖြစ်စေချင်သလို ဖြစ်နေတာမဟုတ်ပါဘူး၊ ရုပ်ကလပ်ကလေးတွေ ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်တွေ့  ခံစားတွေ ထိ သိရှိ ရတဲ့ အနေနဲ့ ဆိုရင် လူတွေ အတော်များများဟာဘာမှမသိကြပါဘူး။
ရုပ်နာမ်ရဲ့ အမှန်တရားကို သိနိုင်တဲ့ ကမ္မဋ္ဌာန်းနည်း
ဒါပေမယ့်  တရားအားထုတ်လာကြတဲ့ အခါမှာ သိရှိနိုင်လာာကြပါလိမ့်  မယ်။ ကိုယ်ခန္ဒာအတွင်းမှာ သူ့  သဘောအလျှောက် အကြမ်ဖျင်းကနေပြီးတော့
သိမ်မွေ့  သိမ်မွေ့  လာပြီး အသိမ်မွေ့  ဆုံးအထိရောက်လာပြီး၊ မိမိရဲ့ ခန္ဒာကိုယ်အတွင်းမှာ ရုပ်ကလပ်ကလေးတွေ လှုပ်ရှားဖြစ်ပျက်နေတာကို ကိုယ်တွေ့  ခံစားသိရှိ နိုင် လာကြပါလိမ့်  မယ်။ ဒီဟာ ကိုဝင်သက်ထွက်သက်နဲ့  အလုပ်လုပ်ယူရပါတယ်။
မိမိရဲ့ စိတ်အတွင်းမှာ အကုသိုလ်စိတ်တွေ ဒေါသ၊ မောဟ၊ မလိုမုန်းထားစိတ်၊ လိုချင်တတ်မက်တဲ့ စိတ်၊ ကြောက်စိတ်၊ မနာလိုဝန်တိုစိတ်၊ အစရှတဲ့ 
ကိလေသာအညစ်အကြေး စိတ်တွေပွားများလာရင် မိမိ ရဲ့  အသက်ရှူတာဟာ မြန်လာပါတယ်။ ပြင်းထန်လာပါတယ်ဆိုတာကို လက်တွေ နိုင်ကြပါလိမ့်  မယ်။
နောက် ဒီအကုသိုလ်အညစ်အကြေးတွေ ကင်းစင်သွားတဲံ့ အခါကြတော့ အသက်ရှူတာဟာ သူ့ နဂိုလ်အတိုင်းပြန်ဖြစ်သွားပါတယ်။ ဒါကြောင့်  အသက်ရှူတာဟာ
စိတ်ပိုင်းနဲ့ လည်း သက်ဆိုင်ဆက်သွယ်ပါတယ်။ အထူးသဖြင့်  စိတ်ရဲ့ အညစ်အကြေးများနဲ့ သက်ဆိုင်ဆက်သွယ်နေပါတယ်။
မိမိ တို့ က ကိလေသာအညစ်အကြေးတွေ ဘယ်လိုကြွတက်လာတယ် ဘယ်လိုပွားများလာတယ် သူတို့ ကိုဘယ်လို အမြစ်ပြတ်သုတ်သင်ရလဲ ဆိုတာကို
ရှာဖွေသိရှိဖို့ ပါပဲ ဒီနေရာမှာဝင်သက်ထွက်သက်ဟာ အကူအညီအထူးပေးပါလိမ့်  မယ်။
Posted by Koko Aung
No comments:
Post a Comment