Sunday, June 26, 2011

အဘိဓမ္မာကို မလေ့လာ မသင်ကြား မတက်မြောက်ထားသူနှင့် လေ့လာသင်ကြားးတက်မြောက်ထားသူ

ဒကာ၊ ဒကာမတို့ အဘိဓမ္မာကိုအလွယ်တကူလေ့လာနိုင်ရန် ဇယားနည်းကို တီထွင်ပေးသော မူလပဋ္ဌာန်းဆရာတော် ဦးနာရဒ
အဘိဓမ္မာကို မလေ့လာ မသင်ကြား မတက်မြောက်ထားသူနှင့် လေ့လာသင်ကြားးတက်မြောက်ထားသူ နှစ်ဦးကို ဦးစွာပဌမ နှိုင်းယှဉ်ကြည့်သော်
၁။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည် ဘုရား၊တရား၊သံဃာ၊ကံ၊ကံ၏အကျိုးကို ယုံကြည်သောသဒ္ဓါ တရားနည်းပါးကာ နတ်၊၊ဘိုးတော၊် နတ်ကတော်နှင့် ဗေဒင်ယတြာတို့ကိုယုံကြည်ကိုးကွယ်တက်ကြ၏။ အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည်၊ ဘုရား၊တရား၊သံဃာ၊ကံ။ကံ၏အကျိုးကို အကြွင်းမဲ့ယုံကြည်သောသဒ္ဓါတရားနှင့် ပြည့်စုံကာ နတ်၊ဘိုးတော်၊နတ်ကတော်နှင့် ဗေဒင် ယတြာများကို မယုံကြည် မကိုးကွယ်။

၂။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည်
ဖြစ်ကုန်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ဖျောက်ခြင်းငှာ အားထုတ်ခြင်း၊
မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊
မဖြစ်ကုန်သေးသော ကုသိုလ်တို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း
ဖြစ်ကုန်ပြီးသော ကုသိုလ်တို့ကို တိုးပွားစေခြင်းငှာ အားထုတ်ခြင်း ဟူသော ဝီရိယတရားနည်းပါးတက်၏။

အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည် ဖြစ်ကုန်ပြီးသော အကုသိုလ်တရားတို့က်ဖျောက်ခြင်းငှာ အားထုတ်ခြင်း၊
မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊
မဖြစ်ကုန်သေးသော ကုသိုလ်တို့ကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊
ဖြစ်ကုန်ပြီးသော ကုသိုလ်တို့ကို တိုးပွားစေခြင်းငှာ အားထုတ်ခြင်း ဟူသော ဝီရိယတရားနှင့် ပြည့်စုံတက်၏။

၃။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည်
မိမိခန္ဓာကိုယ်၌ အသုဘအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊
မိမိခံစားရသော ဝေဒနာတရားတို့ကို ဒုက္ခအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊
မိမိသန္တာန်၌ဖြစ်ပေါ်သော စိတ်တို့ကို အနိစ္စအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊
သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာဟူသော တရားဓမ္မများကို အနတ္တအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း
ဟူသော သတိတရား နည်းပါးတက်၏။
အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည်
မိမိခန္ဓာကိုယ်၌ အသုဘအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊ မိမိခံစားရဝဒနာတရားတို့ကို ဒုက္ခအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊
မိမိသန္တာန်၌ဖြစ်ပေါ်သော စိတ်တို့ကို အနိစ္စအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း၊
သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာဟူသော တရားဓမ္မများကို အနတ္တအခြင်းအရာ ထင်လာအောင်အဖန်ဖန်ရှု့မှတ်ခြင်း
ဟူသော သတိတရားနှင့် ပြည့်စုံတက်၏။

၎။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည်
မိမိ၏ ဆင်းရဲခြင်း၊ချမ်းသာခြင်း အကြောင်းတရားအမှန် ဓမ္မသဘာဝကို မသိမြင်။
အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည် မိမိ၏ ဆင်းရဲခြင်း၊ချမ်းသာခြင်း အကြောင်းတရားအမှန် ဓမ္မသဘာဝကို သိမြင်၏။

၅.။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည်
မိမိရရှိထားသောဘဝဟာ မည်မျှ တန်ဖိုးရှိသည် မိမိကိုယ်တိုင် မသိရှိနားမလည် ဘဝ၏တန်ဖိုးကိုလည်း နားမလည်ပေ။
အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည်
မိမိရရှိထားသောဘဝဟာ မည်မျှ တန်ဖိုးရှိသည် မိမိကိုယ်တိုင် သိရှိနားလည်ကာ ဘဝ၏တန်ဖိုးကိုလည်း နားလည်တန်ဖိုးထားတက်၏။
၆။ အဘိဓမ္မာကို မလေ့လာမသင်ကြား မတက်မြောက်ထားသောသူသည်
မိမိကိုယ်တိုင် ဘဝခန္ဓာ၏ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ အစိုးမရခြင်း အနတ္တသဘောကို
မသိမြင် မရှု့မှတ်နိုင်။
အဘိဓမ္မာကို လေ့လာသင်ကြား တက်မြောက်ထားသောသူသည်
မိမိကိုယ်တိုင် ဘဝခန္ဓာ၏ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ အစိုးမရခြင်း အနတ္တသဘောကို
သိမြင်ကာ ရှု့မှတ်ကျင့်ကြံအားထုတ်နိုင်ပြီး ဘဝခန္ဓာချုပ်ငြိမ်းရာနိဗ္ဗာန်သို့ရောက်ရှိနိုင်ပေ၏။ ဤကဲ့သို့ သိရှိရခြင်းသည် အဘိဓမ္မာကို လေ့လာသင်ကြားရခြင်း၏ လက်ငင်းအကျိုးတည်း။
သို့အတွက်ကြောင့် သာသနာတော်မြတ်ကြီးနှင့်တွေ့ကြုံရချိန်၊ သူတော်ကောင်းတရားအား ကျင့်ကြံ နာကြား အားထုတ်
သော ဘဝကို ရရှိပိုင်ဆိုင်ချိန်မှာ အဘိဓမ္မာ တရားများ လေ့လာသင်ကြားကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။
လေ့လာသင်ကြား ကျင့်ကြံအားထုတ်ကြပြီး ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေဟု ဆန္ဒပြု အပ်ပါသည်။
အကျွန်ုပ်ရေးပြု၊ ဤစာစု၌၊မှားသည့်စာသား၊ တွေ့ရှိငြားက၊
အမှားကိုပြင်၊ အမှန်ဆင်ကာ၊ ဖတ်ရှု့ပါဟု၊
တောင်းပန်သမှု၊ အကျွန်ုပ်ပြုသည်၊ သီးခံခွင့်လွှတ်နိုင်စေသောဝ်

စေ(ဗုဒ္ဓအလင်းရောင်)

No comments:

Post a Comment