Wednesday, June 22, 2011

သမ္မာဒိဌိ ၅ မျိုး အမှတ် ၁ တရားတော်

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သမ္မာဒိဌိ ၅ မျိုး အမှတ် ၁ တရားတော် ၂၈၊ ၂၊ ၁၉၆၀ ကောက်နှုတ်ချက်များ အပိုင်း (၁)
လူမိုက်နဲ့ လူလိမ်မာ ဘာထူးသလဲလို့မေးရင်၊ လူမိုက်က မဂ္ဂဗြဟ္မာစ၇ိယာအကျင့်ကို မကျင့်ဘူး၊ လူလိမ်မာ က မဂ္ဂဗြဟ္မာစ၇ိယာအကျင့်ကို ကျင်တယ်။ လူမိုက်နဲ့ လူလိမ်မာဒါထူးတယ်နော်။ မဂ္ဂဗြဟ္မာစ၇ိယာအကျင့် ကျင့်လိုက်တဲ့အတွက် လူလိမ်မာမှာတော့ နောက်ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း မရှိတော့ဘူး။ မဂ္ဂဗြဟ္မာစ၇ိယာအကျင့် မကျင့်တဲ့ လူမိုက်များ မှာတော့ နောက်ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းတွေ အလုံးစုံ အကုန်လာတာဘဲ။

ဒါဖြင့် လူမိုက် နဲ့လူလိမ်မာ မဂ္ဂဗြဟ္မာစ၇ိယာအကျင့် ကျင့်ခြင်း၊ မကျင့်ခြင်းကြောင့် နောက်ဒုက္ခပြတ်တာ
လူလိမ်မာ၊ နောက်ဒုက္ခမပြတ်တာ လူမိုက်။

မဂ္ဂဗြဟ္မာစ၇ိယာအကျင့် ဆိုတာ သမ္မာဒိဌိအလုပ်။ သမ္မာဒိဌိဘယ်နှစ်မျိုးရှိတယ်ဆိုတာမှ မသိရင်လည်း နေရာမကျသေးဘူးပေါ့ဗျာ။ အဲ့တော့ သမ္မာဒိဌိကိုဝေဖန်တော့

၁) ကမ္မသက္ကဿသမ္မာဒိဌိ
၂) ဈာနသမ္မာဒိဌိ
၃) ၀ိပဿနာသမ္မာဒိဌိ
၎) မဂ္ဂသမ္မာဒိဌိ
၅) ဖလသမ္မာဒိဌိ

သမ္မာဒိဌိ ၅ မျိုးရှိပါတယ်။

၁) ကမ္မသကဿသမ္မာဒိဌိ

သာသနာပရော၊ သာသနာတွင်းရော ၂မျိုးလုံးမှာရှိတဲ့ သမ္မာဒိဌိ က ကမ္မသကဿသမ္မာဒိဌိ၊ လှူဒါန်း
ပေးကမ်းပြီးသကာလ သုတိဘ၀သပ္မတ္တိ၊ ဘောဂ သပ္မတ္တိ ရတာက ကမ္မသကဿသမ္မာဒိဌိ၊ ၁ နံပါတ် ကပြီးသွားေ၇ာပေါ့နော်။

၂) ဈာနသမ္မာဒိဌိ

ဈာနသမ္မာဒိဌိဆိုတာက သမထလမ်းကနေ ရူပ၊ အရူပ ဗြဟ္မာပြည်ထိရောက်စေတတ်တဲ့ သမ္မာဒိဌိ
(၀ါ) ဥာဏ်ပေါ့ဗျာ။ ဒါကလည်း သာသနာပရော၊ သာသနာတွင်းရောရှိပြီးတော့ နေတော့၊ လမ်းက သူ့ကြည့်လိုက်ပြန်လည်း ရူပဘုံ၊အရူပဘုံရောက်ပါတယ်၊ ဆိုတော့ ဒုက္ခသစ္စာပြန်ရခြင်းကြောင့် သူ့လည်း သိပ်ပြီးအဖိုးတန်တယ်လို့ အယူကြီးမယူလိုက်ပါနဲ့။

နောက်ပြမယ့် သမ္မာဒိဌိ ၃မျိုးကတော့ သာသနာတွင်းမှာဘဲ ရှိတဲ့ သမ္မာဒိဌိ။

၃) ၀ိပဿနာသမ္မာဒိဌိ

ဝိပဿနာသမ္မာဒိဌိက သက္ကာယဒိဌိ ပြုတ်အောင်လုပ်နိုင်တယ်။ သက္ကာယဒိဌိ ပြုတ်အောင်၊ပျက်အောင်
လုပ်နိုင်တဲ့ ဒီ ၀ိပဿနာသမ္မာဒိဌိ အလုပ်သာလုပ်မယ်ဆိုရင် ဘုန်းကြီးကရော၊ ဘုရားကရော အပယ် တော့ မကျဘူဟေ့၊ မင်းတို့ အထက်သံသရာကနေ နိဗ္ဗာန်သာသွားမယ်ဆိုတာ ရဲဝံစွာ တာဝန်ခံ ပါ တယ် ။အဲတော့ သူ့အကျိုးပေးပြောစမ်းပါဆိုတော့ ယခုဘ၀ သောတာပန်၊ သက္ကဒါဂမ်၊ အနာဂမ် ရသည့်တိုင်အောင် ၀ိပဿနာသမ္မာဒိဌိ ကအကျိုးပေးနိုင်သည်ဆိုတာ ပြောပြီးပြီ။

ကဲကောင်းပါဘီတဲ့ ၁နံပါတ် နဲ့ ၂ နံပါတ်ကို တော့ သာသနာပလဲဖြစ်နေလို့ ဘာမှ ဒုက္ခ၀ဋ်ကို ကျွတ်စေ နိုင်တဲ့ သဘောမျိုး အင်္ဂ္ဂုထိုလ် သက္ကဒါဆရာ မပြောသည်ဖြစ်လေသောကြောင့်လည်း တစ်ကြောင်း
အရေးကြီးတဲ့ ၃ နံပါတ်ဘဲ အလုပ်ခွင်ဝင်ပြီးသကာလ အရေးတကြီးမှတ်ကြစို့။

အဲ့တော့ သံယုတ်သက္ကဒါဆရာက ၀ိပဿနာသမ္မာဒိဌိဟေ့ တဲ့ ပဋိစ္စသမုပ္ပါသ်ပေါ်လာတဲ့ ဓမ္မတွေအနိစ္စ ဒုက္ခ၊ အစချီနဲ့ သူသည် မြင်တဲ့အတွက် ငါ၊ ငါလို့ ထင်တဲ့ သက္ကာယဒိဌိကို သေသေချာချာ စင်နိုင်တဲ့အ တွက် ၀ိပဿနာသမ္မာဒိဌိဘဲဟေ့၊ ပဋိစ္စသမုပ္ပါသ်ပေါ်လာ အစမှာပေါ်လာတာကို ရှုနိုင် ရှုနိုင်၊ အလယ်မှာပေါ်လာတာကို ရှုနိုင် ရှုနိုင်၊ အဆုံး မှာပေါ်လာတာကို ရှုနိုင် ရှုနိုင်၊ ရှုချင်တာရှု ပါတဲ့ အနိစ္စ ဖြစ်ပျက်ကို မြင်ကြလို့ရှိရင်။ ဘယ်နည်းနဲ့မဆို သက္ကာယဒိဌိ၊ သဿတဒိဌိ၊ ဥစ္တေတဒိဌိ ရှင်းပါတယ်၊ လင်းပါတယ်၊ ကွာပါတယ်။ ဒီဥာဏ်ကနော်။ ဒါဖြင့် ၀ိပဿနာသမ္မာဒိဌိသည် ဒိဌိ ၃မျိုးကို စင်ကြယ်စေ နိုင်တယ်လို့မှတ်လိုက်ပါ။

မဂ္ဂသမ္မာဒိဌိကတော့ အလွယ်လေး သူများရှင်းပြီးသာဟာ သူက၀င်ထိုင်တာဗျ။ သူကဒီလောက်အရေး
ကြီးတာမဟုတ်ဘူး။ ၀ိပဿနာသမ္မာဒိဌိက ဒိဌိတွေရှင်းလင်းပြီး ထက်မြတ်တဲ့ ဥာဏ်ဝင်လာပြီး နိဗ္ဗာန် မြင်ပြီးဝင်လာတဲ့ တရားပါ။ ဒါကြောင့် ၃ နံပါတ်ဟာ အရေးကြီးဆုံးအချက်လို့ သေသေချာချာမှတ်ပါ။

ဝိပဿနာသမ္မာဒိဌိ ဆိုတာ ၀ိပဿနာရှုတဲ့အလုပ်၊ ၀ိပဿနာရှုတဲ့အလုပ်ဆိုတာ တစ်ခြားမှတ်မနေနဲ့
ခင်ဗျားတို့ မှာပေါ်လာတဲ့ ဝေဒနာဖြစ်စေ၊ စိတ်ဖြစ်စေ ပေါ်ချင်တာပေါ်လာပါစေ၊ စားချင်တဲ့စိတ်ကလေး
ပေါ်ချင်ပေါ်ပစေ၊ အိပ်ချင်တဲ့စိတ်လေးပေါ်ချင်ပေါ်ပစေ၊ ငိုက်ချင်တဲ့စိတ်လေးပေါ်ချင်ပေါ်ပစေ၊ ပျံ့လွင့်
တဲ့စိတ်ပေါ်ချင် ပေါ်ပစေ၊ ပေါ်တာကို နောက်ကနေပြီး ဒီဓမ္မလေးဟာဖြစ်ပြီးပျက်တဲ့ အနိစ္စပါလားလို့ ရှု ဖြစ်အောင်သာ ရှု့ ဒါဝိပဿနာဖြစ်တာဘဲဆိုတာ သေချာမှတ်ပါ။ ဘယ်စိတ်လာလာ ဖြစ်ပြီးပျက်တာ လေးကိုဘဲ ဥာဏ်ဦးတည့်နေရင် ဒါ ၀ိပဿနာသမ္မာဒိဌိ ဧကန်ဖြစ်တယ်လို့မှတ်ပါ။ ဘယ်စိတ်ကယ်လို့ ဆိုစရာမလိုပါဘူး ပေါ်တာကိုသာလျှင် ဖမ်းရှု့ပါ၊ ပေါ်တာက ပဋိစ္စသမုပ္ပါသ်ဘဲ၊ ပဋိစ္စသမုပ္ပါသ်ဆိုတာ ခန္ဓာဘဲ၊ ခန္ဓာသည်ကားလို့ ဆိုရင်ဖြင့် ဖြစ်ပြီး ပျက်မလို့ ပေါ်လာတဲ့တရားမှ တစ်ပါး တစ်ခြားမဟုတ်ပါ ဘူး။ ခင်ဗျားတို့ သန္နန်မှာ စိတ်တွေ မပေါ်ဘဲနေရင်လည်းသေမှာပါဘဲ။ ပေါ်လာတဲ့စိတ်တွေကို နောက်ကနေ ၀ိပဿနာသမ္မာဒိဌိနဲ့ ရှုပေးပါ။ ရှု့လိုက်သည်နှင့် တပြိုင်တည်း ခင်ဗျားတို့ က အနိစ္စ မြင်တယ်လို့ ဆိုကြလိမ့်မယ်၊ မငြင်းပါဘူးတဲ့ အော် သူတို့ ဖြစ်ပြီးပျက်တာမြင်ကြတာ အနိစ္စမြင်တာဘဲ၊
မှန်ပါတယ် အနိစ္စမြင်တာ အပါယ်ရောက်တတ်တဲ့ ဒိဌိသေတာဘဲလို ဆိုချင်ပါတယ်။ ဖြစ်တာလေးက ပျက်သွားတာလေးကို မြင်လိုက်တော့ ငါလည်းမဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ်လို့ ပျက်စီးတာဘဲ၊ဓမ္မလေး သဘောအတိုင်းဖြစ်လာတာ၊ ဓမ္မလေးသဘောအတိုင်းပျက်သွားတာဖြစ်သဖြင့် ငါ၊ ငါ့ဥစ္စာဆိုတာလာ သေးရဲ့လား၊ အဲ့ဒါမလာတာထောက်လိုက်တော့ ဖြစ်ပျက်မြင်တာသည် ဒိဌိသတ်နေတာပါလားလို့ ထူးထူးခြားခြားဘဲ မှတ်လိုက်ပါတော့။

ဒါကြောင့် ဖြစ်ပျက်မြင်ပြီးသေသွားစမ်းပါလို့ပြောလိုက်တယ်၊ ဖြစ်ပျက်အဆုံးမရောက်ချင်နေပါစေ အပယ်တော့ စိတ်ချရတယ်၊ ဘာဖြစ်လို့ အပယ်စိတ်ချရတုန်းလို့ မေးလို့ရှိရင်ဖြင့် သက္ကာယဒိဌိကပြုတ် နေတယ်။ ဖြစ်တာမြင်သဖြင့် ဥစ္တေတဒိဌိပြုတ်တယ်၊ ပျက်တာမြင်သဖြင့် သက္ကာယဒိဌိ နဲ့ ဥစ္တေတဒိဌိ ပြုတ်တယ်ဆိုတာပြောခဲ့ပါတယ်။ မူလအရင်းဒိဌိတွေက မပြုတ်လား။ အဲ့ဒါကြောင့် အော် အပယ်လေး ပါး တခါးပိတ်တာ ဒီကစတာကိုး၊ ၀ိပဿနာရှု့တာက ဖြစ်၊ပျက်မြင်တာကစတာကိုးလို့ ဆိုတာသေသေ ချာချာမှတ်ပါ။

ဒိဌိတွေကို သေသေချာချာမဂ်နဲ့ ဖြုတ်ပြီးသားဖြစ်နေလေတော့၊ မဂ်ဥာဏ်မရ၊ ၀ိပဿနာမဂ်နဲ့သာသေ သွားစမ်းပါ လောကုတ္တရာမဂ်မရောက်ချင်နေပါ အပယ်လေးပါးတော့ မရောက်ပါဘူး။ ဒုတိယဘ၀ လည်း သေသေချာချာ သောတပတ္တိမဂ်ရမယ်ဆိုတာ အင်္ဂ္ဂုထိုလ်က တာဝန်ခံသောကြောင့်၊ အင်္ဂ္ဂုထိုလ် ဆိုတာ ဘုရားတိုက်ရိုက်ဟောတာဖြစ်သောကြောင့် စိတ်ချရတယ်၊ ဒါဖြင့် ၀ိပဿနာသမ္မာဒိဌိကိုသာ မဖြစ်ဖြစ်အောင်လုပ်။ ရှင်းပြီနော်

ဝိပဿနာသမ္မာဒိဌိမဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတာ၊ သက္ကာယဒိဌိမပြုတ်ပြုတ်အောင်ဖြုတ်ရမယ်ဆို တာနဲ့ ဘာထူးသေးလည်း။ဘာမှမထူးပါဘူးတဲ့။ သက္ကာယဒိဌိမဖြုတ်သေးဘဲ အေးအေးနေချိန်လုံးဝမရှိ လို့ ဆုံးဖြတ်ချက်ချပါ။

အဲ့ဒါကြောင့် အရောင်းအ၀ယ်၊ သားခင်မှု၊ မယားခင်မှု၊ ဆွေခင်မှု၊ မျိုးခင်မှုတွေ အသာလျော့ထားစမ်း ပါ။ ဒီသက္ကာယဒိဌိ အရင်ဖြုတ်လိုက်စမ်းပါ။

သက္ကာယဒိဌိရှိတဲ့ပုဂ္ဂိုလ်များသည်တဲ့ ကျောက်ခဲလေးရေထဲချလိုက်သလို ဘယ်တော့ပေါ်လိမ့်မည်လို့ ငါဘုရားမဟောဘူးကွတဲ့။ အဲ့တော့ သားမုန်းတာ၊ သမီးမုန်းတာ၊ ပစ္စည်းမရတာ အရေးမကြီးပါနဲ့ ကိုယ် မြုပ်သွားလို့မပေါ်မှာစိုးရိမ်ပါ။ ခင်ဗျားတို့ က ယခုမှတွေ့တဲ့ သား၊ ယခုမှတွေ့တဲ့ သမီး၊ ယခုမှတွေ့တဲ့ ဆွေမျိုး၊ ယခုမှတွေ့တဲ့ အိမ်နီးခြင်း၊ ယခုမှရတဲ့ ပစ္စည်းကလေးကို အရေးတကြီးထားပြီးသကာလနေကြ ပါတယ်။ ကိုယ်ကို သနားတဲ့စိတ်ကတော့မပါဘူး၊ သူတစ်ပါး ငဲ့ပြီး ငါတော့ အပယ်ရောက်ပလေ့စေ၊ ဒီအဓိပ္ပာယ်ရောက်နေတယ်။

အဲ့တော့ အရေးကြီးရမှာက ဘုရားက ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင် တာထက် သက္ကာယဒိဌိအရေးကြီး တာ သံယုတ်ပါဌိတော်မဟောဘူးလား။ ဒါကိုလုပ်ပါ သက္ကာယဒိဌိ ကိုဖြုတ်ပါလို့ပြောတော့ ဘယ်နှယ့် လုပ်ရမှာလည်း မေးတော့၊ ဖြစ်ပျက်ရှု့ရမှာ။ ဖြစ်ပျက်ရှု့မှပြုတ်မှာ။ ဖြစ်ပျက်မှမရှု့ ရင်တော့ မပြုတ်ပါဘူး
ခင်ဗျားတို့ ရုပ်၊ နာမ်ခွဲယုံလေးနဲ့ဟာတော့ သညာပြုတ်လို့ခေါ်တယ်။ ဒါက ပညာပြုတ်ဗျ။ ပညာနဲ့ကို ဖြုတ်တာ၊ ၀ိပဿနာပညာနဲ့ဖြုတ်တာ (၀ါ) ၀ိပဿနာသမ္မာဒိဌိနဲ့ဖြုတ်တယ်။

အပယ်မျိုးစေ့ ၀မ်းထဲရှိနေတာကို မရှိအောင်လုပ်ဖို့ကအရေးကြီးတယ်၊အပယ်မျိုးစေကဘာပါလိမ့်၊ သက္ကာယဒိဌိတဲ့၊ သူတစ်ခုရှိရင် ၆၂ ပါးသော ဒိဌိတွေက အကုန်ဖြစ်နေတာ။ ၆၂ ပါးသော ဒိဌိအယူမှား
တွေကဟာလေ သက္ကာယဒိဌိက ပွားလာတာ။ ဒါဖြင့် တစ်သံသရာလုံးကျုပ်တို့မှာ ဒီဒိဌိတွေရဲ့ ပို့ချက် ကြောင့် ဘုရားအဆူဆူနဲ့လည်းလွဲရ၊ တရားတွေနဲ့လည်း လွဲရ၊ ဘာနဲ့ချည်းနေခဲ့ရလဲဆိုတော့ ဒုက္ခကို ဒုက္ခဆင့်ပြီးနေခဲ့ရတာ အမှန်ဘဲလို့ ဆုံးဖြတ်ချက်ချ။ ကဲဒါဖြင့် ဒီဘ၀မှာ ခန္ဓပဋိစ္စသမုပ္ပါသ်ကို ဖြစ်ပြီး၊ ပျက်တဲ့သဘော၊ ခန္ဓပဋိစ္စသမုပ္ပါသ်လို့ သိလည်းသိရမယ်၊ တစ်ခြားကြောင့်အောင့်မေ့မနေနဲ့ ပုဂ္ဂိုလ်၊
သတ္တ၀ါပေါ်လာမှာဆိုးလို့၊ ဥပမာ ကြားစိတ်ကလေးက ခန္ဓပဋိစ္စသမုပ္ပါသ် အစဟေ့ ဆိုတော့ အဲ့ဒီ ပဋိစ္စသမုပ္ပါသ်အစကို သိပါမှ အော်ဒါ ပဋိစ္စသမုပ္ပါသ် တရားလေးပါလား၊ သဘောကျပလား။ ဒီတော့ ငါလား၊ သူလားဆိုတာလေးက ပျောက်နေတယ်။ အစကထည်းက ဥာဏ်နဲ့ပျောက်ပြီးသွားတော့ငါလား သူလားလို့လည်း နဂိုကမထင်ထဲကာမှ သူကနေပြီးသကာလ ပျက်ပျက် ပြီးပြလိုက်ပြန်တော့ မပြုတ်ဘဲ ခံနိုင်မလား။ ဓမ္မပေါ်၍ ဓမ္မ အနိစ္စရောက်တယ်ဆိုတော့ ဘယ်မတုန်းဗျ ငါ၊ ငါ့ဥစ္စာလာသေးလား။

အဲ့ဒါကြောင့် ၀ိပဿနာရှု့မှု အလုပ်မှတစ်ပါး သာသနာတွင်းမှာ အရေးတကြီးထားရမှာက သူဘဲ။ ကဲဒါဖြင့် မလုပ်မဖြစ်တဲ့ အလုပ်ထဲထားဖြစ်အောင်ထားပါ။

အင်းဘုရား၊တရား၊ သံယာကိုးကွယ်နေတဲ့ကိုယ်မှာအကြောင်းညီညွတ်နေတယ်၊ သက္ကာယဒိဌိက၀င်ပူး
လိုက်တယ်။ ဘုရား၊ တရား၊ သံယာ ကိုးကွယ်တဲ့ အထဲတောင်သူက မြောင်လိုက်လာသေးတယ်။အင်း
ငါဒါတွေကိုးကွယ်မိလို့ စီးပွားရေးလေးဖြောင့်နေတယ်၊ အမလေးဒုက္ခ ဘယ်သူမြောင်လိုက်လာလည်း သက္ကာယဒိဌိ မြောင်လိုက်လာတာ ရိုက်မိလား။ ဆိုတော့ သူမပြုတ်သရွေ့ကာလပတ်လုံး ဥာဏ်သက် သက် စစ်စစ်ဖြစ်ဖို့ ဘယ့်နှယ်လုပ်မတုန်း။ မလွယ်ပါဘူး ရောနေမှာဘဲ။ ရောနေထဲက အ၀ိဇ္ဖာပစ္စယာ သင်္ခါရထဲ သွင်းလိုက်တော့။ ကုသိုလ်သင်္ခါရဗျာ၊ ကုသိုလ်သင်္ခါရာဆိုထဲက သင်္ခါယာပစ္စယာဝိဥာဏာ၊ ဇာတိချောက်ကျမှာဘဲ။ မကျပါနဲ့ဆိုလို့ မရပါဘူး။
ကုသိုလ်ဟူသရွေ့မှာ သူမပြုတ်သရွေ့ကာလပတ်လုံးအရောကြီးဘဲ။ အရောကြီးဆိုမှဖြင့် အဖြူထဲ အမဲ ကွက်ပါတယ် ဘယ်တော့မှကြည့်မကောင်းဘူး။ ဒါဖြင့် နေရာတိုင်းမှာ သူပါနေရင် ဘယ်နည်းနဲ့မှ နိဗ္ဗာန် မရောက်ဘူး။ မရောက်တော့ဘူးဆိုလို့ရှိရင်ဖြင့် ဘယ်သူ့ကြောင့်မရောက်တာလည်း ဒါနကြောင့်မ ရောက်တာလား။ ဒါန၊ သီလ က ရောက်အောင်ပို့နိုင်တယ်။ သူစွဲထားလို့ မရောက်တာ။ ဒါကြောင့် ဒါန၊ သီလ နိဗ္ဗာန်မရောက်ဘူးလို့ မဟောဘူး။ သက္ကာယ မပါရင်ရောက်တယ်၊ သက္ကာယပါရင်မရောက်ဘူး။

သက္ကာယပြုတ်တော့ ဥာဏ်ဦးစီးပြီ။ မိစ္ဆာဒိဌိပြုတ်တော့၊ သမ္မာဒိဌိဝင်လာမှာပေါ့။ ရှင်းဘီလား။ ကိုင်း အရေးတကြီးလုပ်ရမှာ ၀ိပဿနာအလုပ်။ ဒီကမှ မစလို့ရှိရင်လည်း နိဗ္ဗာန်ရောက်ကြောင်းအစ ၀ိပဿ နာမှမစရင် သွားဘီ။ သံယုတ်ပါဌိတော် မှာ ဘယ်တရားသည် နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်ပါသလဲ။ ၀ိပဿနာ ဖြေချလိုက်တယ်။ ကဲဒီထက်ခိုင်လုံတာတော့ မရှိတော့ဘူးဗျ။ ပါဌိတော်ဆိုတာ ဘုရားကိုယ် တိုင်ဟောတာ။

ကဲနားလည်းလည်ပါဘီတဲ့။ ခန္ဓာထဲမှာတွေ့ဖို့လေးဘဲ အရေးကြီးပါတော့တယ်။ မလုပ်မဖြစ်တဲ့အလုပ် လည်းသိပါဘီ။ တွေ့ဖို့အရေးဆိုတော့ အဝေးကြီးရှာမနေနဲ့ မျက်လုံးလေးဖွင့်လိုက် မြင်စိတ်ပေါ်လာမယ် ဒါလေးဖြစ်ပျက်ရှု့၊ နားလေးထောင်ကြည့်လိုက် ကြားစိတ်ပေါ်လာမယ်။ ဒါလေးက ဖြစ်ပြီးပျက်တာလေး ကြည့်လိုက်စမ်းပါ။ သက္ကာယဒိဌိ ပြုတ်နေတယ်။ နှာခေါင်းလေး မွေးတာသိတယ်၊ သိတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒါလေးဖြစ်ပျက်ရှုလိုက်တာပေါ့၊ ဖြစ်ပြီးပျက်တဲ့ တရားလေးတွေ ရှု့ချလိုက် ပြုတ်မပြုတ်
သေချာပလား။ ယားတယ်၊ ယားတဲ့နေရာလေးဖြစ်ပျက်ရှု့လိုက်၊ လေတိုက်လို့ကောင်းတယ်၊ ကောင်း တဲ့ နေရာဖြစ်ပျက်ရှု့လိုက် သက္ကာယဒိဌိပြုတ်ပါတယ်။ သေချာပီလား။ ကဲဘာစောဒကတက်စရာလို သေးလဲ။ ဘာမှခင်ဗျားတို့ သမ္မာဒိဌိရပါလိုဧ လို့ဆုတောင်းနေစရာမလိုဘူး။ မိစ္ဆာဒိဌိပြုတ်ရင် သမ္မာဒိဌိ
ရောက်လာမယ်။ ကဲအထူးရှာစရာလိုသေးလား။

ကိုင်းဒါဖြင့် ၃ နံပါတ်ဟာဖြင့် သိပ်အရေးကြီးတယ်။ ၃ နံပါတ်ဟာ ဘယ်အခြေအနေထိရောက်အောင် လုပ်ရမှာလည်းလို့မေးရင်ဖြင့် ဖြစ်ပျက်တွေမြင်အောင် ကြပ်ကြပ်ကြည့်ပေး။ ဖြစ်ပျက်တွေကိုလည်း မြင်သည်ထက်မြင်အောင်၊ မုန်းသည်ထက်မုန်းအောင်လည်း
ကြည့်ပေးပေါ့ဗျာ။ ဖြစ်ပျက်မြင်တာရယ် ဖြစ် ပျက်ဆုံးတာရယ်၊ ဒါ ၀ိပဿနာဥာဏ်ရဲ့အဆုံးလို့မှတ်။
ဗုဒ္ဓကမ္ဘာ ဆိုဒ်မှကူးယူတင်ပြပေးခြင်းဖြစ်ပါတယ်။


Posted by Nweniwin Cho

No comments:

Post a Comment