Sunday, June 26, 2011

ငရဲတံခါးပိတ်နည်း

မိုးကုတ်တရား ပတ္တမြားအမြုတေ သြ၀ါဒကထာများနှင့် သစ္စာလေးပါး တရားအနှစ်ချုပ် အပိုင်း(၄)
ငရဲတံခါးပိတ်နည်း
၈၁။သိမှု ပွားမှု ပယ်မှု တရားသုံးမျိုးဖြင့်ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုနေပါ။
၈၂။အကုန်ရှု အကုန်ရှု တကိုယ်လုံးရှု။
၈၃။ပေါ်တိုင်းပေါ်တိုင်း သိရင် အသိနဲ့ပြုတ် ပြီ။
၈၄။အသိလိုက်တဲ့အတွက် ၊ တဏှာနောက်က အသိလိုက်တဲ့အတွက် ဒီတဏှာက အပါယ်မပို့ပါ။ မဂ္ဂင်ပွားမှုကြောင့် အပါယ်မကျပါ။
၈၅။အကျင့်နှင့် ဒိဋ္ဌိပယ်ပုံလေးပြပါ့မယ်။ ပြင်းပြင်းထန်ထန်လေး ရှုပေးပါ။ ကိုယ်အသေကိုယ်မြင်တော့ မုန်းပြီ။
ခန္ဓာမမြင် ၊ဖြစ်ပျက်သားမြင်နေတော့ နိဗ္ဗာန်ရောက်ဖို့နီးနေပြီ။အချိန်တန် တော့ ဗြုန်းဆို မဂ္ဂင်ရှစ်ပါးဖြစ်တော့ ခန္ဓာ အကုန်ပျောက်ပြီ။ဒါ ပထမ နိဗ္ဗာန်အပယ်လေးပါးတံခါးလုံးဝပိတ်ပြီ။
သူတအစု
၈၇။ဒီဘုန်းကြီးဟောနိုင်လှ (၁)နာရီ ကိလေသာက (၂၄)နာရီလုံးဟောနေတာ ။
၈၈။ယခု အဖက်ဖက်က ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေးနာဘေး သေဘေး တွေ တားနိုင်တဲ့ကာလ အပါယ်ဘေးကို တားနိုင်တဲ့ ကာလ ဒီအဖိုးတန်တဲ့ ကာလကလေးကို သားရေး သမီးရေးစီးပွားရေးတေနဲ့ချည်း အချိန်မကုန်စေနဲ့။
၈၈။ယခုအဖက်ဖက်က အားလုံးကြုံပြီး ကျွတ်တမ်းဝင်ရမယ့်ဘ၀လို့ ဆုံးဖြတ်ချက်ချပြီး ၀ိပဿနာ အလုပ်လုပ်ပါ။
၉၀။သူတော်ကောင်းရတနာ မကိန်းက အမွဲပါ။ အမွဲနဲ့ဆင်းရဲပဲ ကျန်လိမ့်မည်။
၉၁။ရောင်းဝယ်နေတာတွေ လည်း အပါယ်သွားဖို့ပါ။
၉၂။သားရေး သမီးရေး စီးပွားရေး အတွက်သာဂရုစိုက်နေရင် အချိန် အလွဲသုံးစား လုပ်တာပဲ လူမိုက်ချိန်ပဲ မှတ်လိုက်။
၉၃။လူဆိုတာကိုယ်မိုက်တာ ကိုယ်သိရတယ်။ကိုယ်မိုက်တာမှ မိုက်မှန်းမသိရင် မိုက်သည်ထက် မိုက်တဲ့လူပဲ
၉၄။တောင်ကလူက မြောက်သွား မြောက်ကလူ တောင်သွား ဒါ တဏှာကရေမျောတာ။
-ရောက်တဲ့နေရာ ဟိုကြည့် ဒီကြည့်ရတာလဲ ၀ဲလှည့်တာ လှည့်တာအစသာ ကျယ်ကျယ်လှည့်ရတယ်။
-နောက်အိုချင်းဆိုးလာတော့ ကိုယ်အိမ်ပေါ်တင်လှည့်တယ်ာကာတော့ အိပ်ယာတည်းတွင် လှည့်တယ်။
-စိတ်ကလှည့်နေတာပဲ။
-ဒီကနေ ၀ိညာဏ်ချုပ်ပြီး ....အပါယ်လေးပါးမြုပ်တော့တာပဲ။
ဒါနအစု
၉၅။ဒါန သီလဆိုတာ သာသနာပမှာလဲရှိတဲ့တရား။
၉၆။ဒါန သီလလောက်နဲ့ ဒိဋ္ဌိ ကိလေသာက ဖြုံတောင်မဖြုံဘူး ။
၉၇။သာသနာတ်ာတွင်းနဲ့ ကြုံမှသစ္စာလေးပါး လွတ်မြောက်ရေးတရားပေါ်တယ်။
၉၈။သစ္စလေးပါးဆိုတာ သမုဒယသစ္စာ၊ဒုက္ခသစ္စာ ၊မဂ္ဂသစ္စာ၊နိရောဓသစ္စာ။
၉၉။ဒါနက သံသရာရှည်တာလား ဒါနနောက်ကအသိမလိုက်လို့လား။
ဒါနက သံသရာ ရှည်သည်မဟုတ် နောက်ကအသိမလိုက်လို့ သံသရာရှည်တာပါ။
၁၀၀။ကုသိုလ်ရချင်ယုံနဲ့တော့ ရိပ်သာမလာပါနဲ့၊ တံမျက်စီးလှည်း သောက်ရေ သုံးရေအိုးရေဖြည့် ပန်းတပွင့်လှူရင်တောင် လူ့ဘ၀ နတ်ဘ၀ ရနိုင်တယ်။
၁၀၁။နိဗ္ဗာန်တော့တောင်းမနေနဲ့ တောင်းရုံနဲ့ ဘယ်တော့မှမရ။
၁၀၂။လှူစရာပစ္စည်း ရင်းနှီးတောင်းခံလို့ရတာ လူချမ်းသာ နတ်ချမ်းသာ၊ ကျင့်ကြံ ကြိုးကုတ်မှရတာ နိဗ္ဗာန်ချမ်းသာ ရွေးတတ်ကြပါစေ။
၁၀၃။ဒီတရားမျိုးးတွေဟာ တစ်သက်နဲ့တစ်ခန္ဓာ၊တစ်သံသရာ နှင့် တစ်နားဆိုသလို အလွန်ကြားရခဲ နာရခဲသော တရားလို့မှတ်ပါ။
၁၀၄။ခန္ဓာဘုရားက ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်မှာ တက်ထိုင်တယ်။ ဥာဏ်တော်ဘုရားက ဝေဒနာ နဲပတဏှာကြားမှာပွင့်တယ်။
၁၀၅။ခန္ဓာနဲပ နိဗ္ဗာန်ဟာ အင်မတန်ဝေးတယ် ခန္ဓာမရှိတာ နိဗ္ဗာန်မှတ် ။
လွတ်မြောက်လိုမှုအစု
၁၀၆။ဘ၀ကူးကောင်းအောင် မလုပ်ပါနဲပ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၀၇။ဒီဘ၀ကနေ ဟိုဘ၀ကူးတယ်ဆိုတာ အသေနဲပ အသေခြင်းလဲတာပါပဲ။
၁၀၈။အိုရာကနေ နာရာမရောက်ခင် မဂ္ဂင် အလုပ်လုပ်ပါ။
၁၀၉။အလကားနေသရွေ့ အမှာနဲ့နေခြင်းမှတ်ပါ။
၁၁၀။တ၇ားနာတယ်ဆိုတာ မတရားတဲ့အလုပ် မလုပ်တဲ့အချိန်ပဲ။
၁၁၁။သစ္စာတရားနာပါ။ နာမှသိမယ် ။ သိမှကျင့်မယ်။
၁၁၂။တ၇ားနာရာမှာ ကုသိုလ်ရအောင်ဟောတဲ့ ဆရာသမားတမျိုး၊ ဒီဋ္ဌိကွာအောင် ဟောတဲ့ဆရာသမားကတမျိုးလို့ နှစ်မျိုးရှိတယ်။ဆရာကောင်းရွေးတတ်ပါစေ။
၁၁၃။တရားနာတာ တရားအားထုတ်တာ မိမိအရေးအစစ်။
၁၁၄။ရက်ရာဇာ ပြဿဒါးရွေးမနေနဲ့ သူတော်ကောင်းအလုပ် လုပ်နေတဲ့အချိန်ဟာ မင်္ဂလာ ရျိတဲ့အချိန်လို့ မှတ်လိုက်။
၁၁၅။ကိစ္စမှန်သမျှဟာ မဂ်တားဖိုလ်တား နိဗ္ဗာန်တားလို့မှတ်။
၁၁၆။ဆုကြီးပန် မဟုတ်ရင်ပါရမီ မလိုပါဘူး။သစ္စာတရားနာနိုင်ရင် တိဟိတ်ပါပဲ။
၁၁၇။သေမင်းမမြင်ရာအရပ်ဆိုတာ နိဗ္ဗာန်ကိုပြောတာ။ အပယ်လေးရွာဆိုတာ မိမိတို့ အမြဲနေရာ အိမ်ဂေဟာ လူ့ဘုံ လူ့ဋ္ဌါနဆိုတာ ခေတ္တခဏ အလည်လာရတာ။မမေ့ မလျော့  မပေါ့ ဆသော သတိနှင့်နေပါ ..

မေတ္တာဖြင့်  
sabishihana ..

No comments:

Post a Comment