Sunday, June 26, 2011

လွတ်လိုလျှက်...မလွှတ်ရက်

ချစ်လျှင်ပျော်နိုး ၊ ချစ်စပျိုး၍
ချစ်ရိုးချစ်စဉ် ၊ ထုံးအစဉ်လိုက်
ပုထုဇဉ် လူမိုက်အဖို. ......


မြတ်နိုးစုံမက် ၊ နှစ်သက်ဖွယ်ရာ
အဖြာဖြာ  တို.သည်


တစ် နှစ် သုံး လေး ၊ ဂဏန်းရေး၍
ဆင်.တွေးဆက်ပွား ၊ အဆုံးမထားပဲ
အကြင်မျှလောက် များပြားကုန်လေသည်တကား ........


ချစ်လျှင်ပျော်မည်. ၊အထင်ရှိ၍
ခင်မိခင်ရာ ၊ ခင်ကြရှာတောင်း
ပုထုဇဉ် အပေါင်း၏ .......


မကင်းစမြဲ ၊ အတင်းတွဲ၍
ဖြစ်မည်.ဒုက္ခံ ၊ ဆင်းရဲရန်ကြောင်း
ဒဏ်အပေါင်းသည်.......


ချစ်ချစ်သမျှ ၊ တစ် နှစ် ကလျှင်
စ၍တွက်ရေ ၊ အတိုင်းအရှည်မရှိ
များလေဘိ၏ ...........


သူတော်သူမြတ် ၊ အတူမှတ်၍
လူ.ဇတ်ရှောင်သွေ ၊ တို.တတွေသည်


ဒုက္ခမြောက်များ ၊ ရောက်မသွားဖို.
ထောက်ထားထိုထို ၊ ကြောက်အားပိုကုန်ကြပါလျက်


ဒုက္ခဖြစ်ကြောင်း ၊ အချစ်အပေါင်းမှကား
ဧကန်ရှုထောက် ၊မကြောက်နိုင်ဘဲ
ရဲကြီးရဲ၍ ၊ အမြဲပုံသေ
အဘယ်ကြောင်. ၊ ချစ်ခင်၍
နေ၀ံ့ ကြလေကုန်သနည်း  ။။။။။။။။။။။။။

                                                                     အရှင်ဇနကာဘိဝံသ ၏ ကဗျာ အား
                                                                     ဖြည်.စွက်ပြင်ဆင်ရေးသား ထားသည်

No comments:

Post a Comment