သောတာပန်ဖြစ်ချင်သော မဟတ္တမန္ဓီ
ကိုယ်ကျိုးမရှာသော ၊ အနစ်နာခံသော နိုင်ငံရေးသမားသည် ကမ္ဘာတစ်ဝန်းတွင်
လက်ချိုးရေတွက်၍ ရလောက်အောင်နည်းပါ၏ ။ မဟတ္တမန္ဓီသည် ထိုထဲတွင် တစ်ဦးအပါ
အ၀င်ဖြစ်သည် ။ တစ်ခါတွင် မဟတ္တမဂန္ဓီသည်ရထားစီးရင်း ဖိနပ်တစ်ဖက် ပြုတ်ကျသွား
သည် ။ ပြန်မရနိုင်သည်ကိုသိသွားသာ မဟတ္တမဂန္ဓီသည်နောက်တစ်ဖက်ကိုပါ ဖြုတ်ချခဲ့သည် ။
ဘေးမှလူက ဘာ့ကြောင့် ထိုသို့လုပ်ရသနည်းဟု မေးသောအခါ ဖိနပ်ကိုရသူသည်
နှစ်ဘက်ဖြစ်မှစီးရမည်ဖြစ်သောကြောင့် ကျန်တစ်ဘက်ကိုပါ ချွတ်ချခဲ့ခြင်းဖြစ်ကြောင်း
ဂန္ဓီ ရှင်းပြသည် ။ ဂန္ဓီသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၍ သေခါနီးတွင်လည်း
သူ့ကိုသတ်သူအား အပြစ်မယူကြရန် တောင်းပန်သွားခဲ့သည် ။
မဟတ္တဂန္ဓီကိုယ်တိုင်ရေးသားခဲ့သည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထူးခြား
လေးနက်သော အတွေးအခေါ် လေးတစ်ခုကိုမှတ်သားခဲ့ရသည် ။ သူ တောင်အာဖရိက
တွင်ရှိစဉ်က ဖြစ်၏ ။ တစ်နေ့တွင် ဖန်ဆင်းရှင် (ထာဝရ) ၀ါဒကို ယုံကြည်သော ဘာသာ
ဝင်တစ်ဦးက ဂန္ဓီကိုလာပြောသည်မှာ-
" ဂန္ဓီ ကျွန်တ်ာတို့ ဘာသာကိုဝင်ပါ ၊ ကျွန်တော်တို့ဘာသာဝင်ဖြစ်သွားရင် မကောင်း
တာတွေဘယ်လောက်လုပ်လုပ် ဘာအပြစ်မှမခံရဘူး ၊ ထာဝရဘုရားက အကုန်တာဝန်
ယူတယ် "
ထိုအခါ ဂန္ဓီက " ကျွန်တော်က မကောင်းတာတွေကိုလုပ်ပြီးမှ အပြစ်မခံရအောင် လုပ်
ပေးတာကိုမကြိုက်ဘူး ၊ ကျွန်တော်စိတ်ထဲမှာ မကောင်းတာ မလုပ်ဖြစ်အောင် လုပ်ပေးတာ
ကိုပဲ ကြိုက်တယ် "
ဟုပြောခဲ့သည် ။ ဂန္ဓီဖြစ်ချင်သော မကောင်းတာတွေလုပ်ချင်စိတ်ဖြစ်မလာအောင် တတ်
နိုင်သောအရာမှာ သောတာပတ္တိမဂ်စိတ်သာရှိသည် ။ သောတာပန်ဖြစ်မှသာလျှင် ငါးပါးသီ
လကိုတကယ်လုံခြုံသွားသည် ။ သူတော်ကောင်းပုထုဇဉ်လည်း ငါးပါးသီလလုံသည် ။ သော
တာပန်လည်း ငါးပါးသီလလုံသည် ။ သို့သော် လုံပုံခြင်းမတူပေ ။
သူတော်ကောင်းပုထုဇဉ်ငါးပါးသီလလုံခြင်းသည် သိက္ခာကျမှာကြောက်၍ ၊ အပြစ်ဒဏ်
ကိုကြောက်၍ အပါယ်ကျမှာကြောက်၍လုံခြင်းဖြစ်သည် ။ ကျူးလွန်ချင်ရက်သားနဲ့ အောင့်
အည်းနေရခြင်းဖြစ်သည် ။ ထို့ကြောင့်သီလကို ဖောက်ဖျက်သည့်အတွက် သိက္ခာမကျ ၊ အ
ပြစ်မရ ၊အပါယ်မကျဘူးဆိုလျှင် ဖောက်ဖျက်မည်သာဖြစ်သည် ။
သောတာပန်အရိယာငါးပါးသီလလုံခြင်းသည် သီလကိုဖောက်ဖျက်ချင်သော စိတ်စေတနာ
ပေါ်ပေါက်မလာသောကြောင့်သာ လုံခြုံခြင်းဖြစ်၍ အောင့်အည်းပြီး စောင့်ထိန်းရခြင်းမဟုတ်ပေ ။
ထို့ကြောင့် သီလကို ဖောက်ဖျက်သည့်အတွက် သိက္ခာမကျ ၊ အပြစ်မကျ ၊ အပါယ်မကျဘူးဆို
လျှင်လည်း ဖောက်ဖျက်မည်မဟုတ်ပေ ။
ဗုဒ္ဓလက်ထက်က ကောသဗ္ဘီပြည်တွင် ခုဇ္ဇတ္တရာအမည်ရှိသော ကျွန်မတစ်ယောက်ရှိသည် ။
သူသည် သာမာဝတီမိဖုရားကြီးကို နေ့စဉ် ပန်းရှစ်ကျပ်ဖိုး အမြဲဝယ်၍ ဆက်သရသည် ။
လေးကျပ်၊ လေးကျပ်ကိုလည်း နေ့တိုင်းခိုးထားသည် ။သူ့ခိုးယူမှုသည် ပိရိသဖြင့် ဥတေနမင်း
ကြီးနှင့်တကွ နန်းတော်သူနန်းတော်သားအားလုံး မည်သူမှမသိချေ ။ တစ်နေ့တွင် ဗုဒ္ဓ၏တရား
ကိုနာကြားရ၍ သောတာပန်တည်သွားသည် ။ သူသည် ထိုနေ့မှစ၍ငွေလေးကျပ်ကို မခိုးတော့
ပဲ ရှစ်ကျပ်ဖိုးလုံး အပြည့်ဝယ်ပြီးဆက်သည် ။
ထိုသို့မခိုးခြင်းသည် ခိုးချင်စိတ်မရှိတော့၍ မခိုးခြင်းဖြစ်သည် ။ နှစ်ဆများနေသော ပန်းတွေ
ကိုကြည့်ပြီး သာမာဝတီမိဖုရားက မေးမြန်းသောအခါ တရားမသိခင်က ငွေလေးကျပ်ကို နေ့စဉ်
ခိုးမိပုံ၊ တရားသိသွားသောအခါ ခိုးချင်စိတ်မရှိတော့၍ မခိုးခြင်းဖြစ်ကြောင်းများကို လိမ်ညာခြင်း
မပြုဘဲ အမှန်အတိုင်းပြောပြသည် ။
ဤသို့ မခိုးခြင်းသည် အောင့်အည်း၍ စောင့်ထိန်းခြင်းမဟုတ် ၊ မခိုးချင်လို့ကို မခိုးခြင်းဖြစ်သည် ။
မိဖုရားကို လိမ်ညာပြော၍ရသည် ။ သို့သော်မပြော ၊ ဤသို့ လိမ်မပြောခြင်းသည် အောင့်အည်း၍
စောင့်ထိန်းခြင်းမဟုတ် ၊ လိမ်မပြောချင်လို့ကို လိမ်မပြောခြင်း ဖြစ်သည် ။
ထို့ကြောင့် မဟတ္တမဂန္ဓီက စိတ်ထဲမှာ မကောင်းတာမလုပ်ဖြစ်အောင် လုပ်ပေးတာကိုပဲ ကြိုက်
တယ်ဟုပြောခြင်းသည် သောတာပန်ဖြစ်ချင်သည်ဟု ပြောတာနှင့်အတူတူပဲဖြစ်သည် ။ ထို့ကြောင့်
သောတာပန်ဖြစ်ချင်သော မဟတ္တမဂန္ဓီဟု ခေါင်းစီးတပ်လိုက်ခြင်းဖြစ်သည် ။
#### စာလုံးပေါင်းသတ်ပုံမှား လျှင်လဲ ပြင်ဆင်ပြီးဖတ်ရှု့ ပေးပါရန်တောင်းပန်ပါသည် ###
ဤအကြောင်းအရာများကို မေတ္တာရှင် ရွေပြည်သာ ( အရှင်ဇ၀န ) ရေးသားသော
စာရိတ္တသတ္တိ မှကောက်နှတ်ထားပါသည် ။
လေးစာစွာဖြင့် ................... ယမမင်း
[Reference: www.forverfriends.ning.com]
No comments:
Post a Comment