(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း
(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း
(၃) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌လည်းကောင်း
(၄) ရဟန္တာ အရှင်မြတ်များ အပေါ်၌လည်းကောင်း
(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များ အပေါ်၌လည်းကောင်း
(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များ အပေါ်၌လည်းကောင်း
(၇) တရား အသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာဆရာများ အပေါ်၌လည်းကောင်း
(၈) သီလ၊ ၀န္တ သူတော်စင် အပေါင်းတို့ အပေါ်၌လည်းကောင်း
(၉) လောကီပညာများကို သင်ကြားပေးကြကုန်သော ဆရာသမားများ အပေါ်၌လည်းကောင်း
(၁၀) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကြကုန်သော ကျေးဇူးရှင် အပေါင်းတို့အားလည်းကောင်း
ဤခင်ပွန်းကြီး ၁၀ ပါး အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘ၀၌လည်းကောင်း၊ သံသရာဘ၀၌လည်းကောင်း၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ ကာယကံ၊ ၀စီကံ၊ မနောကံတို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ၀န်ခံပါ၏။ ၀န်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏။ အရှင်ဘုရား။
ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သောအကုသိုလ်မှန်သမျှ အနတ္တတို့သည် ပိန်းကြာဖတ်တွင် ရေမတင်၊ လျောကျပြီးသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနတ္တဖြစ်ထွန်း ရပါလို၏ မြတ်စွာဘုရား။
ကောင်းကျိုးအနတ္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့ဖြစ်သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ၀ိပဿနာဥာဏ်သည် မဂ်ဥဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။ ။
************************************************
No comments:
Post a Comment