မေ သူငယ်ချင်း တစ်ယောက်အကြောင်းပြောပြချင်လို့ ပါ...။
သူ့ အတွေ့ အကြုံလေးတစ်ခုပေါ့....။ ထုံးစမ်အတိုင်းပေါ့..ချက်တင်ခေတ်ကြီးမှာ လူပြောများတဲ့ ချက်တင်လေးဝင် အင်တာနက်သုံးခြင်းဆိုတဲ့ အချိန်တွေကို ချက်တင်တစ်ခုထဲမှာပဲ ကုန်စေတဲ့ ချက်တင်ရဲ့  သားကောင်အဖြစ် ချက်တင်တောမှာပဲ မွေ့ လျော်နေခဲ့သူပေါ့....။
သူငယ်ချင်းက ယောင်္ကျားလေးပါ...။ အိမ်ထောင်ရှိပါတယ်...။တစ်ယောက်ကို တစ်ယောက် မမြင်ရတဲ့ ချက်တင်လောကမှာ သူ့ အကြောင်းကိုယ့်အကြောင်းကို ကာယကံရှင် ပြောပြသလောက်သာ သိကြစမြဲမို့  သူ့ အပြောကတော့ လူပျိုပေါ့...။ အိမ်ထောင်သည်ပေမဲ့ ကလေးတော့မရသေးပါဘူး...။ အမျိုးသမီးက မြန်မာနိုင်ငံမှာ ကျန်ခဲ့ပြီး သူကတော့ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်သူပေါ့....။ သူတို့ နှစ်ယောက်က ကျောင်းတုန်းကနေ ရည်ငံကြပြီး ကျောင်းပြီးတော့ လက်ထပ်ယူ..လက်ထပ်ပြီးတော့ အလုပ်မရှိဆိုတာနှင့် နိုင်ငံခြားကို အလုပ်ထွက်လုပ်ဖို့  စိတ်ကူးနှင့် ရောက်လာသူပါ..။
အားလပ်ချိန်လေးမှာ ချက်တင်လေးထိုင်ရင် အချိန်တွေကို ကျော်ဖြတ်သူပေါ့....။ ဒီလို ချက်တင်ထိုင် စကားလုံးလေးတွေ ချက်ပြုတ်စားသောက်ကြရင် တစ်ယောက်သော အကောက်ပိုင်ရှင်နဲ့  တော်တော်လေး တော်ကီကြောလေး မိလာခဲ့တယ်...။ကြူလို့ အဆင်ပြေလာတာကြာတော့ သံယောဇဉ်လေးတွေ တိုးပွားလာရင်း တစ်ယောက်ကို တစ်ယောက် မတွေ့ ရရင်ကို မနေနိုင်လောက်အောင် ချက်တင်ချိန်လေးတွေမှာ ပုံမှန်တွေ့ ဆုံလာကြတယ်....။ဒီလိုနဲ့ ပဲ တိုးတက်မှုအညှောင့်လေးတွေ အလျင်အမြန်တိုးပွားလာရင်း အချစ်ဆိုတဲ့ အပင်ပေါက် ထိုးထွက်လာပြီး လူချင်းမမြင်ဖူးပဲ ချစ်သူဘဝရောက်ခဲ့တာပေါ့...။
သြော်...အိမ်ထောင်ရှင်..အိမ်ထောင်ရှင်...တော်ကီတွေပွား ဝဇီကံစကားလုံးလှလှလေးတွေ ပစ်သုံးရင်း ပြစ်မှုကျူးလွန်မှန်းမသိ ကျူးလွန်ခဲ့ပြီး...။ ချစ်သူကောင်မလေးက မြန်မာနိုင်ငံမှာပါ...။ သူ့ အပြောကတော့ ကောင်မလေးကို လူချင်းမမြင်ဖူးပဲနဲ့  တကယ်ကို ချစ်သွားတာပါတဲ့...။ သူငယ်ချင်းတွေကတော့ မင်းကွာ မင်းမှာလဲ အိမ်ထောင်နဲ့  လို့ သတိပေးပေမဲ့ သူကတော့ ဒါက အွန်လိုင်းထဲမှာပဲ အပြင်မှာမှမဟုတ်တာ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ ဆင်ခြေ ဆင်လက် ဆင်နာရွက်တွေ ကိုင်ပြီးပြောနေတာပေါ့..။
ချက်တင်မင်းသမီးနဲ့  ချစ်သက်တမ်းဝင်လာတာ အတော်လေး သက်တမ်းရလာချိန်မှာပဲ သူငယ်ချင်းက ခွင့်ပြန်ရန် အခြေအနေလဲ ပေးလာတာကြောင့် ခွင့်ပြန်ရန် စီစဉ်သောခါ ထိုကောင်မလေးနှင့်ပါ တွေ့ ဆုံရန် ချိန်းဆိုလိုက်လေသည်..။ဒီလိုနဲ့  ခွင့်နှစ်ပတ် အပြန်မှာ ကောင်မလေးနဲ့  ချိန်းရော...။
အိမ်ရောက်ပြီး နောက်တစ်နေ့ မှာပဲ ရှိုး စမိုးတွေနဲ့  ပြင်ဆင်ပြီး ကြိုချိန်းထားတဲ့ နေရာဆီမှာ ကောင်မလေးကို သွားတွေ့ တာပေါ့..။ ရင်ကလဲ တစ်ခုန်ခုန်ပေါ့...။ ချိန်းထားတဲ့ နေရာကို ပထမဆုံးရောက်လာတာက သူ့ အိမ်က အိမ်သူသက်ထား..။စောစောက ရင်ခုန်တာတွေ သံစဉ်ပြောင်းပြီး ရင်တုန်တာတွေ ဖြစ်ကုန်ရော..။ ဒီမိန်းမ ဘယ်လိုများသတင်းရတာပါလိမ့်ပေါ့..။ ဟိုကွယ်ဒီကွယ်နဲ့  သေချာကြည့်နေချိန်မှာပဲ ဇနီးဖြစ်သူကလဲ ဟိုရှာဒီရှာနဲ့ ပေါ့..။ ဇနီးဖြစ်သူကို ကြည့်နေရင်းမှ သူမ ဝတ်လာသော အဝတ်အစားမှာ သူတို့ နှစ်ယောက်ချိန်းထားရာတွင်ပြောထားသည့် အရောင်အသွေးပုံစံ အဝတ်အစားများဖြစ်နေခြင်းကို သတိပြုမိခဲ့သည်..။
ဟင်းးးးးးးးးးး....ပွဲကတော့ ကောင်းပြီးပေါ့...။ ဘယ်ပြောကောင်းမလဲ နှစ်ယောက်သား ဘယ်သူလဲ ဆိုတာ သိသွားချိန်မှာတော့ တစ်ယောက်ကို တစ်ယောက်သစ္စာမရှိမှုနဲ့  ငယ်ဂျိုးငယ်နာ ဖော်ကြပြီး များကြပါလေရောပေါ့..။စကားနော်..။ အိမ်ကလူကြီးတွေလဲ ကိုယ့်ကလေးကိုယ်ဆုံးမ နှစ်ဘက်သော မိဘများလဲ မနေရပေါ့..။ ခွင့်နှစ်ပတ်ပြည့်လို့  ပြန်လာမဲ့ရက်ရောက်တောင် ပြသနာက မပြီးသေး..။ ခွင့်ပြည့်လို့ သာပြန်လာတာ သူတို့ လင်မယား ပြန်ပေါင်းမလား ကွဲမလားခုထိမသေချာသေး..။
အချစ်ဆိုတာလဲ ဘယ်ကို ပြေးထွက်ကုန်ကြပြီးလဲ မသိတော့ဘူး..။ ဒီမှာ တစ်ခုက တချိန်က သိပ်ချစ်ခဲ့တဲ့ သူတို့ ရဲ့ နှလုံးသားတွေ လူချင်းမသိကြတာတောင်မှ နှလုံးသားချင်းက သိကြပြီး လှုပ်ရှားတာလားတော့ မသိဘူး..။နှလုံးသားလှုပ်ရှားပေမဲ့ လူကတော့ သစ္စာမရှိကြဘူးဖြစ်သွားတာပေါ့..။ ဝဇီကံ မနောကံတွေ ကျူးလွန်လို့  ကံကောင်းရင် ကာယကံတောင် ပါတော့မလို့ ..။ ကံ(၃)ပါးလုံး မလွတ်ချင်တော့ဘူး..။
သူငယ်ချင်းတွေကတော့ Q ချင်အုံးကွ ဆိုပြီး ဝိုင်းပြီးထောပနာပြုကြတာပေါ့..။ ဒီအချိန်မှာ တစ်ဘက်ကို မှားတယ်လို့  လက်ညှိုးထိုးအပြစ်တင်ဖို့ ထက် ကိုယ့်အပြစ်ကို ဝန်ချတောင်းပန်လိုက်ဖို့ ပဲ ရှိတယ်နော်..။ နှစ်ယောက်လုံးက မှားခဲ့တာကို..။
အိမ်ထောင်ရှင်များအနေနှင့် ချက်တင်ထိုင်ချင်ထိုင်ကြပေါ့..။ခင်မင်တာ ခင်မင်ကြပေါ့..။ခင်မင်ယုံထက် အဆင့်မပိုစေချင်ပါဘူး..။ Q တာကိုတော့ လူလွတ်တွေ အတွက်သာ ထားပေးလိုက်ပါ..။ ရည်ရွယ်ထားသူ ရှိသူတွေ အနေနဲ့ ကတော့ ကိုယ့်လက်တွဲဖော် အပေါ်သစ္စာရှိစေချင်ပါတယ်..။ ထိခိုက်နာကျင်ရတဲ့ အတိတ်ဆိုး၊အိပ်မက်ဆိုး အဖြစ်ကျန်ရစ်မနေစေချင်ဘူး..။
အမှန်တော့ အင်တာနက်သုံးတယ် ဆိုတာ ချက်တင် တစ်ခုထဲ အတွက် မဟုတ်ပါဘူး..။ကိုယ့်အတွက် အကျိုးရှိစေမဲ့ အရာတွေ အများကြီး လေ့လာသင်ယူနိုင်ပါတယ်..။ ကိုယ်နေတဲ့ ရေအိုင်ကိုသာ အကျယ်ကြီးလို့ မြင်နေတဲ့ ဖားလို့  အမြင်မကျဉ်းပါစေနဲ့ ..။ အပြင်ကို လှမ်းမျှော်ကြည့်ရင် ကျယ်ပြောလှတဲ့ေ၇ပြင်တွေလို များပြာလှတဲ့ နည်းပညာ ဗဟုသုတ ရှာကြအုံးနော်..။
မေသဇင်
[Reference: www.forverfriends.ning.com]
No comments:
Post a Comment