လူသူမရောက်တဲ့ ဟိမဝန္တာတော်ထဲမှာ ရွှေတောင်ကြီးတစ်တောင် ရှိတယ်။ ဒီရွှေတောင်ပေါ်မှာ လာနားကြတဲ့ ငှက်မှန်သမျှဟာ ရွှေတောင်ကအရောင်တွေ ဟပ်ပြီး ရွှေရောင်ငှက်တွေချည်း ဖြစ်ကုန်ကြတယ်။
ရွှေတောင်ရဲ့အရောင်ကို သူတို့ကိုယ်ပိုင် အရောင်ထင်ပြီး ရောက်လာသမျှ ငှက်တွေဟာ ဘဝင်မြင့်ကြတယ်။ ဒါပေမယ့် ရွှေတောင်ကနေ တစ်ခြားနေရာကို ပြန်သွားကြတာနဲ့ ရွှေရောင်တွေ ပျောက်သွားပြီး ကျီးကလည်း ကျီးရဲ့အရောင် ဗျိုင်းကလည်း ဗျိုင်းရဲ့အရောင် ဠင်းတကလည်း ဠင်းတရဲ့အရောင် ပြန်ဖြစ်သွားတယ်။
ဒီဥပမာအတိုင်းပါပဲ။ ဗုဒ္ဓဘာသာဝင်မှန်သမျှဟာ မသေခင်မှာတော့ သူ့ကြည့်လည်း ဗုဒ္ဓဘာသာ၊ ငါ့ကြည့်လည်း ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာ အရောင်တွေတောက်ပြီး ငါဟာ အကောင်းဆုံး၊ အမြတ်ဆုံးဘာသာဝင် ဖြစ်ရတယ်ဆိုတဲ့ အယူအဆနဲ့ ဘဝင်မြင့်ကြတာပါ။ အားကိုးစရာတရားမရှိဘဲ သေကြတော့ အ
ပါယ်လားကြရတယ်။
ဒီအခါကြတော့မှ ဗုဒ္ဓဘာသာဆိုတဲ့ ရွှေတောင်က ရွှေရောင်တွေပျောက်ပြီး မိမိရဲ့မူရင်းအရောင်ဖြစ်တဲ့ တိရစ္ဆာန်ရောင်၊ ငရဲရောင်၊ ပြိတ္တာရောင်တွေ ပြန်ဖြစ်ကုန်တာပေါ့။
မေတ္တာရှင်(ရွှေပြည်သာ)
Buddhavasa Tiloka
No comments:
Post a Comment