သူသည်..
သူတပါးအပေါ်၊ သို့ မဟုတ်မိမိအပေါ်..ကာယကံ..၀စီကံ..မနောကံ..တို့ ဖြင့် ..ပြစ်မှားကျူးလွန်စော်ကားခဲ့ သည်များကို..မိမိကပြန်လည်တုံပြန်ရန်လိုအပ်ပါသလား၊
မလိုအပ်ပါ၊ အဘယ်ကြောင့် ဆိုသေါ်၊ ကံ ၊ ကံ၏..အကျိုးပေး ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
အကြောင်းကြောင့် .အကျိုးဖြစ်သကဲ့ သို့ .. ကောင်းသောကံများကြောင့် ကောင်ကျိုးပေးသလို၊ မကောင်းသောကံများကြောင့် မကောင်းကျိုးပေးစမြဲဖြစ်ပါသည်။
ကံဆိုသည်မှာ...မိမိတို့ ပြုလုပ်သောအလုပ်ဖြစ်ပါသည်။ ကိုယ်ကာယပြင့်ပြုလုပ်ခြင်းသည် ကာယကံ၊ နှုတ်ဖြင့် ပြုမူပြောဆိုခြင်းသည်၊ ၀စီကံ၊ စိတ်ဖြင့်
ကြံစည်ခြင်းသည်မနောကံ၊
သံသရာတလျှောက်လုံးမိမိကိုလူချမ်းသာ၊ နတ်ချမ်းသာ..ဧကရာဇ်မင်း..အဖြစ်ပို့ တာလည်းဒီကံသုံးပါးပါ။
မိမိကို..အပါယ်လေးပါးဆွဲချတာလည်း..ဒီကံသုံးပါးပါဘဲ..လုပ်သမျှ၊ ပြောသမျှ၊ ကြံစည်သမျှ၊ ဘာမျှမအောင်မြင်၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်စေတာလည်း
ဒီကံတွေကြောင့် ပါ။
ကောင်းတာဘဲ ပြုပြု။ ဆိုးတာဘဲပြုပြု၊ သူပြုသမျှကံသူပြန်ခံရမှာသေခြာပါတယ်။
သူပြန်ရမှာက၊ သူပြုစဉ်ကထက်၊ အဆပေါင်များစွာ များစွာ ....ပိုခံရ၊ ...ပိုစံရမှာပါ။
ဥပမာအားဖြင့်...ညောင်စေ့ လေးတစေ့ ကိုမြေမှာစိုက်လိုက်တယ်ဆိုပါစို့ ၊ မကြာမှီ၊ အပင်လေးပေါက်လာပြီး၊ နေ့ စဉ်ရေလောင်းပြုစုပေးရာက
တဖြည်ဖြည်းကြီးလာပါတယ်။ ကြီးလာရာက၊ အသီးတွေသီးလာပါတယ်၊ အသီးတွေဟာမှည့်ပြီးမြေပေါ်ကြွေကြပါတယ်၊
မြေကြီးပေါ်မှာညောင်စေ့လေးတွေမြောက်များစွာဖြစ်ပြီးအပင်တွေအများကြီးထပ်ပေါက်လာပါတယ်။
စိုက်လိုက်တုံးကညောင်စေ့လေးတစေ့ဘဲမဟုတ်လား။
ဟောအခုတော့ ညောင်စေ့လေးမြောက်များစွာက။ ညောင်ပင်ပေါင်းမြောက်များစွာဖြစ်လာပြီလေ။
မိမိစိုက်တာမိမိဘဲပြန်ရိပ်သိမ်းရမှာပါ။.. မိမိပြုလုပ်သမျှမိမိပြန်ရမှာပါ။
ဒီလိုပါဘ၊ဲ အပြင်မှာရှိတဲ့ လောကနိရာမနဲ့ ၊ မိမိတို့  ကိုယ်တွင်း၊ စိတ်တွင်းမှာရှိတဲ့နိယာမတွေ ဟာ တသားတည်းထပ်တူကြပါတယ်။
ညောင်စေ့လေးလောက်ပြုလုပ်လိုက်တဲ့ ကောင်းမှုကံဟာ ညောင်ပင်ကြီးလောက်အကျိုးပေးသလို၊
ညောင်စေ့လေးလောက်ပြုလုပ်လိုက်တဲ့မကောင်းမှုကံဟာလည်းညောင်ပင်ကြီးလောက်ဆိုးကျိုးတွေကိုဖြစ်စေပါတယ်။
ငါ့ ကိုမညှာမတာလုပ်ရက်လေခြင်းဆိုပြီး အမုန်းပွားနေစရာ၊ ဒေါသထွက်နေစရာ။ လက်စားခြေနေစရာမလိုပါဘူး။
သူလုပ်လိုက်တဲ့ ရက်စက်မှုကို၊ သူပြုစဉ်ကထက်အဆပေါင်းမြောက်များစွာသူပြန်ခံရတော့ မယ်ဆိုတာကိုတွေးကြည့် ပြီး၊ သနားဖို့ တောင်ကောင်းနေပါပြီ။
ပြုသူအသစ်ဖြစ်သူအဟောင်း ပေမို့ လေ။ ဆိုတဲ့ စကားလို၊ ...
မိမိယခုခံရသည်မှာ၊ ယခင်ကမိမိပြုလုပ်ခဲ့ သောကံ၏အကျိုးပေးခြင်းလို့  မှတ်ယူနိုင်ပါတယ်။
တခုတော့ ရှိတယ်၊ ကံတွေရဲ့ အကျိုးပေးပုံခြင်းကတော့ ၊ နှေးတာနဲ့ မြန်တာဘဲ.. ကွာတတ်ပါတယ်။
သူကလူတွေသတ်၊ ရဟန်းတွေသတ်၊ မကောင်းမှုမှန်သမျှပြုလုပ်ပြီး၊ လူတွေကိုစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲအောင်လုပ်နေတာတောင်၊ ဘာလို့ ချမ်းသာနေပါလိမ့်။
ငါ့ ကြတော့.ကောင်းမှုတွေလုပ်ပြီးဘာလို့  အနှိပ်စက်ခံရ၊ အငြှင်းဆဲခံရ၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ့ ဖြစ်နေရပါလိမ့် ဆိုပြီး၊ ကံကိုမယုံခြင်ဖြစ်လာတတ်ပါတယ်။
သူဟာ၊ အရင်ဘ၀ကကုသိုလ်ကောင်းမှုတွေကိုမြောက်များစွာပြုလုပ်လာတဲ့ အတွက်၊သူ၊ ဒီဘ၀မှာ၊ သူလုပ်တဲ့အကုသိုလ်တွေက၊
အကျိုးမပေးနိုင်သေးတာပါ။ ပေးခွင့် မရသေးတာပါ။ ဒီဘ၀မှာကုသိုလ်ကောင်းမှုတွေကိုမေ့ လျော့ ပြီးမကောင်းကံတွေကိုဘဲဆက်လုပ်နေရင် ..သူရဲ့
ကောင်းကံတွေကုန်သွားတဲ့အချိန် မှာ သူလှိမ့်ပီးခံရတော့ မှာပါ၊
သနားစရာပါ။
ငါကြတော့၊
အရင်ဘ၀ ဘ၀တွေက ငါပြုလုပ်ခဲ့ တဲ့ အကုသိုလ်တွေက၊ မကုန်သေးတော့ ဒီဘ၀လုပ်တဲ့ ကုသိုလ်ကောင်းမှုဟာ အကျိုးပေးခွင့် မရသေးတာပါ။
ဘ၀ဘ၀ကမိမိပြုလုပ်လာတဲ့ အကုသိုလ်တွေကိုကုန်စေတဲ့ နည်းကတော့ ၀ိပသနာဘာဝနာဘ၀နာပွားများတဲ့နည်းပါဘဲ။
လူဆိုးကြီးအင်္ဂုလိမာလဟာ.. ဆရာပေါင်းမှားပြီး လက်ညှိုးပေါင်းတထောင်ရဖို့ အတွက်.. လူပေါင်းကိုးရာကိုးဆယ့် ကိုးယောက်ကိုသတ်ခဲ့ ပါတယ်။
နောက်ဆုံးအမေကိုသတ်မယ့် ဆဲဆဲမှာမြတ်စွာဘုရားနဲ့ တွေ့ ပြီးမြတ်စွာဘုရားရဲ့ တရားကို ကြားနာရပြီးရဟန္တာကြီးဖြစ်ခဲ့ ရပါတယ်။
မိခင်ကိုသတ်မယ့် ကံကြီးမထိုက်ခင်မြတ်စွာဘုရားကကယ်လိုက်နိုင်တာပါ။
မြတ်စွာဘုရားလက်ထက်ကတော့ တရားနာရုံနဲ့  အရိယာဖြစ်သူတွေများပါတယ်
ခုခေတ်မှာတော့ ကိုယ်တိုင်အားထုတ်ဖို့ လိုအပ်ပါတယ်။
လောကမှာလူလေးမျိုးလေးစားရှိပါတယ်တဲ့
အမှောင်ထဲ၊မှအမှောင်ထဲကိုပြေးနေသူ။...................အရင်ဘ၀ကအကုသိုလ်ပြုခဲ့ ပြီးဒီဘ၀မှာလည်းအကုသိုလ်ပြုနေသူ။
အလင်းထဲမှအမှောင်ထဲကိုပြေးနေသူ။................... အရင်ဘ၀ကကုသိုလ်ကောင်မှုရှိပြီးဒီဘ၀မှာ၊အကုသိုလ်ပြုနေသူ။
အမှောင်ထဲမှအလင်းထဲကိုပြေးနေသူ။................... အရင်ဘ၀ကအကုသိုလ်ပြုခဲ့ ပြီးဒီဘ၀မှာကုသိုလ်ကောင်းမှုပြုနေသူ။
အလင်းထဲကအလင်းထဲကိုပြေးနေသူ။.................. အရင်ဘ၀ကကုသိုလ်ကောင်မှုရှိပြီးဒီဘ၀မှာလည်းကုသိုလ်ကောင်းမှုပြုနေသူ။
ဒါကြောင့် ကိုယ်ပြုတဲ့ ကိုယ့် ကောင်းမှုကံတွေအကျိုးပေးခွင့်ရ အောင်၊ ၀ိပသနာတရားပွားများကြဖို့ တိုက်တွန်းလိုပါတယ်။
Koko Aung
No comments:
Post a Comment