လူတွေဟာဘယ်မှာနေသလဲ။ အိမ်မှာနေတယ်။ အဲဒီလိုပဲ ပိုးမျိုး ၈၀ ဆိုတာလည်းခန္ဓာကိုယ်ထဲမှာနေပါသတဲ့။ မသိဘူးလား။ဲဒီလိုပိုးမျိုး ၈၀ ရှိတယ်။
ဗိုက်ထဲမှာရှိတယ်၊ မသိဘူးလား သိလား၊ သိပါတယ်ဘုရား. အေးသိရတယ်။
နင်တို့ က " ငါစားတယ်၊ ငါစားတယ်" လုပ်နေ၊ ဟိုကပိုးမျိုး ၈၀ ကအဲဒီထဲမှာစားနေတယ်။ ပိုးလောက်တွေစားနေပါသတဲ့ ၊ နင်တို့ စားတဲ့  အစာတွေကိုလေ။
ဟိုကပိုးလေက်တွေ ပျော်မြူးနေတယ်၊ ပွားစီးမှုတွေလုပ်နေတယ်။ ဘာတွေလုပ်နေသလဲ?ပွားစီးမှုတွေလုပ်နေပါတယ်ဘုရား
အဲဒီတော့ ဘာဖြစ်သလဲ၊ နင်တို့ ကအောင့် လိုက်ထိုးလိုက်၊ ဘာဖြစ်လိုက်၊ညာဖြစ်လိုက်၊ ဟိုကပျော်လို့ ။
ပိုးမွှားတွေဘယ်မှာပျော်သလဲ? ခန္ဓာကိုယ်ထဲမှာ၊ အေး....ခလေးတွေဘယ်မှာမွေးသလဲ? ခန္ဓာကိုယ်ထဲမှာမွေးတယ်။ မီးနေအိမ်ကြီးနဲ့  မတူဘူးလား? တူပါတယ်ဘုရား။
တနည်း၊ ပိုးမွှားတွေဘယ်မှာသေလဲ?ွ ခန္ဓာကိုယ်ထဲ မှာပါဘုရား။ အေး ...သင်္ချိုင်းကြီးနဲ့  ကောမတူဘူးလား၊တူပါတယ်ဘုရား။ ဒါပေမယ့်  နင်တို့  ခန္ဓာကိုယ်သန့် 
့တယ်ဆိုတာ ဟုတ်သေးလား? ဒါကြောင့်  ခန္ဓာကိုယ်ကြီးဟာမကောင်းပါဘူးတဲ့ ၊ ဘာဖြစ်လဲ? ခန္ဓာကိုယ်ကြီးကကောင်းရဲ့  လား? မကောင်းပါဘူးတဲ့ 
အဲဒီတော့ နင်တို့ ဒါတင်လားဆိုတော့၊့ နင်တို့  ပုဇွန်တို့ ငါးတို့  မစားဘူးလား။ ပုဇွန်တွေငါးတွေလေ။
အဲဒီတော့ လူသေရင်ဘယ်မှာသွားချလဲ။ သင်္ချိုင်းကုန်းမှာချတယ်။ ပုဇွန်တွေငါးတွေသေရင်ဘယ်မှာသွားချလဲ? ပါးစပ်ထဲမှာ။ ဘယ်မှာချလဲ? ပါးစပ်ထဲမှာပါဘုရား။
ဝက်တွေ ကြက်တွေဘယ်မှာလာမြှုတ်သလဲ ? ပါးစပ်ထဲ မှာပါဘုရား။ အဲ... နင်တို့  မှာသင်္ချိုင်းကုန်းကောမရှိဘူးလား၊ သုတ်သန်ကောမရှိဘူးလား။
ဒါပေမယ်နင်တို့ သရဲကြောက်တယ်ဆိုတာမှန်သေးလား? နင်တို့ ကြောက်တာနင်တို့ စီမှာအကုန်မရှိဘူးလား ရှိလား? ဒါနဲ့  ကြောက်နေတယ်။ ဘာကြောက်နေလဲ?
ဒါတင်ပဲလားဆိုတော့ မကသေးဘူးတဲ့ ၊
အခုနင်တို့ ကို ၃၂ ကောဋ္ဌာသဟောမယ်။ ဘာဟောမလဲ... ၃၂ ကောဋ္ဌာသ၊ ဒီတော့ အိမ်ကြီးကို၎ ပုံပုံတော့အိမ်ရှိသေးလား အဲ နင်တို့ ခန္ဒာကိုယ်ကြီးကိုလည်း၊
ဖျက်ပြီး၃၂ ပုံ ပုံမယ်။ ကြားလာ၊ ခန္ဓာကိုယ်ကြီးက ၃၂ ပုံ ပုံရင်မရှိတော့ ပါဘူးတဲ့။ ခန္ဓာကိုယ်ကြီးကိုဖျကိကြည့် ။ ခုနင်က အိမ်ကြီးကိုဖျက်ကြည့်  တော့
အိမ်ရှိသေးလား။ သွတ်တပုံ။ သံတပုံ။ သစ်သားတပုံ။ အုတ်တပုံ။ ၄ပုံ၊ပုံလိုက်ရင်အိမ်ရှိသေးလား? မရှိတာ့ ပါဘူးဘုရား။
အဲ... နင်တို့ ခန္ဓာကိုယ်ကြီးဟာလည်းခုတင်ကအဲဒါကြီးဖျက်ပြီး၊ ၃၂ ပုံ ပုံမယ်။ ကြားလား။ ခန္ဓာကိုယ်ကြီးက၃၂ပုံ၊ ပုံရင်မရှိတော့ ပါဘူးတဲ့၊
ခန္ဓာကိုယ်ကြီးကိုဖျက်ကြည့် ၊ ခုန အိမ်ကြီးကိုဖျက်ကြည့်  တော့ အိမ်ရှိသေးလား? အခုဘာဖျက်ကြည့်  မလဲ ? ခန္ဓာကိုယ်ကိုဖျက်ကြည့်  မယ်။
အေး... နင်တို့ တရားထိုင်သလိုထိုင်လိုက်ကြစမ်း၊ တရားထိုင်သလိုထိုင်လိုက်ကြ။ ဘာလုပ်မလဲ? ခန္ဓာကိုယ်ကြီးကိုဖျက်မလို့ ။
၃၂ကောဋ္ဌာသ။
၃၂ကောဋ္ဌာသ ဘာတဲ့ လဲ? ၊ ၃၂ ကောဋ္ဌာသဆိုတာဘယ်လိုလဲဆိုတော့ ၊နင်တို့  အခုဟာ ကပြလို့  မရတော့၊ အဲဒီအိမ်ကြီးကို၊ ခန္ဓာကိုယ်အိမ်ကြီးကိုဖျက်ကြည့် 
ခန္ဓာကိုယ်ကြီးက ၃၂ကောဋ္ဌာသရှိတယ်၊ ဘယ်နှစ်မျိုးရှိလဲ? အေး... အဲဒီ၃၂မျိုးဆိုတာ နင်တို့  ခေါင်းမှာ ဆံ ပင်လေးတွေ မရှိဘူးလား။ အဲဒါလေးတွေကိုဆံ ပင် လို့ 
မှတ်ပြီးတော့ ၊ ဆံပင်.. ဆံပင်..ဆံပင်.. ဆံပင်.. လို့  ဒီလိုစိတ်ကလေးမှန်းပြီး တော့ ၊ အဲဒါလေးကိုမှန်းပြီးတော့  ရှုနေတယ်။ သိနေ မှတ်နေတယ်ပေါ့ ၊ ကြးလား။
ဆ့ပင်..ဆံပင်.. ဆံပင်.... စိတ်ကလေးစိုက်ထားပြီးရှုနေတာဟာ။ ရှုနေတော့ အဲ ဒီဆံပင်ကလေးတွေ မရှိတော့ဘူး၊ ဆံပင်တွေရှိသေးလား။
လက်သဲဖြင့်  လက်သဲလေးတွေ၊ ခြေသဲဆိုတော့ ခြေသဲပုံလေး၊ သွားဆိုတော့ သွားမရှိတော့ ဘူး၊ ကြားလား။ အရည်ပါးဆိုတော့ အရည်ပါးမရှိတော့ ဘူး၊
ရှုရင်းနဲ့  ပြတ်ကုန်တယ်။ အရည်ထူဆိုတော့ အရည်ထူလေးမရှိတော့ ဘူး။ အရည်ထူကုန်သွားတော့ အထဲမှာ အသားရှိတယ်။ ဘာရှိလဲ? အဲဒီအသားလေးတွေက၊
ဘာနဲ့  အလားသဏ္ဍာန်တူလဲ ဆိုရင်၊ နင်တို့  ဈေးထဲ မှာရောင်းနေတဲ့  အမဲသားတွေ၊ နောက်ဆိတ်သားတွေ......ရဲ... မနေဘူးလား၊ လှီးဖြတ်၊ လှီးဖြတ်ပြီးတော့
ရောင်းနေတယ်လေ။ မတွေ့ ဘူးဘူးလား၊ ကိုယ့်  အသားလဲ အဲဒီလိုပဲတဲ့ .....ရဲ....နေတယ်၊ကြားလား။ နင်တို့  တရားထိုင်သလိုထိုင်လိုက်ကြ ။
ပြီးရင်အဲဒါလေးတွေကိုလှည့်  ပတ်ပြီးတော့၊ပုံမယ်၊ ကြားလား၊ နင်တို့  ဒါကိုရှုလို့  ပြီးမှာမဟုတ်ဘူး၊ ရှုလို့  ရမှာမဟုတ်ဘူး၊
ရက်များမှရတာ သမာဓီရတာလေးတွေကရတယ်။
ခုကတော့ အ၊ပုံလိုက်ချသလို ၊ အိမ်ဖျက်သလို၊ ဖျက်ယူကြစို့  ၊ ကြားလား။ ဘာဖျက်မလဲ? ခန္ဓာကိုယ်ကြီးဖျက်ကြည့် မယ်။
ကဲ ရှေ့  ကိုတဲ တဲ့  ကြည့်  လိုက်။ ၉၀ ဒီကရီခေါ်တယ်။ အောက်ကိုတ၀က်ချလိုက်။ ၄၅ဒီကရီ မျက်
လွှာလေးချလိုက်၊ဒီပတ်ခြာလည်မှာ...ခုန၃၂ ပုံ၊ ပုံမယ်။
ဘယ်နှစ်ပုံပုံမလဲ? အဲဒီဆံပင်လေးကတပုံပုံလိုက်။ ပုံပြီးပြီလား? မွှေးညှင်းလေးတွေ ဆိုတော့ ခန္ဓာကိုယ်စိုက်လိုက်၊ မွှေ ညှင်းသေးသေးလေးတွေ ရှိတယ်၊
ကြားလား။ အါဒါလေးတွေ က ...ပရူး...ဆိုရင်ပျက်ကုန်တယ်။ အဲဒါလေးတွေကတပုံပုံလိုက်၊ ပုံပြီးပြီလား၊ ခြေသဲလေးကတပုံ၊ လက်သဲလေးကတပုံ၊
သွားလေးကတပုံ။ အရည်ပါးလေးကတပုံ။ အရည်ထူလေးကတပုံ၊ အသားကတပုံပုံ၊ အကြောက တစ်ပုံပုံ၊ အရိုးက တစ်ပုံပုံလိုက် တော့ ၁၀ မျိုးရတယ်။
ဘယ်နှစ်မျိုးရလဲ။ ၁၀ မျိုးရပါတယ်ဘုရား။ နောက် အဲဒီဝမ်းထဲ မှာ၊ အညှို့ ၊နှစ်လုံး၊ အသဲ၊ အမှေး၊ အဖျင်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊
ဆိုတော့ အမျိုး၂၀ရတယ်။ ဘယ်လောက်ရသလဲ? အမျိုး၂၀ရပါတယ် ဘုရား၊ ဦးနှောက် သဲခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး။ အဆီခဲ၊ မျက်လည်၊ ဆီကြည်၊ တံတွေး၊
ဆိုတော့ ၃၀ရတယ်၊ ဘယ်နှစ်မျိုးရလဲ။ နောက် ....နှပ်ရယ်၊ အစေးရယ် ၂မျိုး တခါထပ်ထဲ့  လိုက်တော့၊၃၂မျိုး၊ ဘယ်နှစ်မျိုးလဲ?။ အဲဒါကို၃၂ ကောဋ္ဌာသလို့ 
ခေါ်တယ်။စာလို။
ကြားလား၊ ဗမာလို က ၃၂မျိုး၊ ကဲ စာမရေးနဲ့  စာမရေးနဲ့ ၊စာကနောက်မှရေးရတယ်။
နင်တို့  နားလည်အောင်၊ ဒါကရဟန္တာဖြစ်တတ်တယ်။
သေသေခြာခြာနာ၊ဘယ်နှစ်မျိုးရသလဲ? အဲဒီ၃၂မျိုးကိုနင်တို့  လှည့်  ပတ်ပုံလိုက်တော့၊ ခန္ဓာကိုယ်ကြီးရှိသေးလား၊? မရှိတော့ ဘူး၊ကြားလား၊ဘာရှိသလဲ၊
၃၂မျိုးရှိတယ်။ ခန္ဓာကိုယ်ကြီးဘာလို့  မရှိသလဲ? ပညတ်မှို့  လို့ ဘယ်နှစ်မျိုး ရှိလဲ၊၃၂မျိုး၊ အိမ်ကြီးရှိသေးလား၊ အိမ်ကြီးကဘာလို့  ပျက်သွားလဲ၊ ပညတ်မှို့ လို့ ၊
ခန္ဓာကိုယ်ကြီးကလဲ ပညတ်ကြီး ခန္ဓာကိုယ်ကြီးကဘာတဲ့လဲ။ ပညတ်ကြီးပဲတဲ့ ၊ခန္ဓာကိုယ်ကြီးကဘာတဲ့ လဲ? ပညတ်ပါဘုရား၊ ရှိသေးလား? မရှိတော့ ပါဘုရား။
ဘာလို့  မရှိလဲ? ပညတ်မှို့  ပါဘုရား။ ပျောက်မသွားလား ၊ပညတ်ဆိုတာပျောက်ရတယ်။ မှတ်မိလား။ သေသေခြာခြာနာနော်။
အေး...အဲဒီတာ့ ဘယ်နှစ်ပုံရှိလဲ? ၃၂ပုံပါဘုရား။ အေး... အဲဒီအပုံမှာ..မိန်းမအပုံကဘယ်အပုံ။ ယောက်ကျားအပုံကဘယ်အပုံ လဲ? လိုက်ရှာကြည့် စမ်း၊
မိန်းမရှိရဲ့ လား? မရှိပါဘူးဘုရား။ ယောင်္ကျားကောရှိရဲ့ လား၊ မရှိပါဘုရာ။ အေး... ဘုရားကမရှိဘူးပြောတာ.. အဲ ဒါကိုပြောတာ၊ မှတ်မိလား? ရှိသလား?
မရှိပါဘူးဘုရား။ အေးဟုတ်ပြီ၊ မရှိဘူးနော်။
ကဲနင်တို့  ဘယ်အပုံနမ်းချင်လဲ? နမ်းကြည့် စမ်း။ နမ်းချင်လား? နမ်းချင်တဲ့ အပုံရှိလား။ အေး... မရှိဘူးလား။ မှတ်ထားနော်။
ဘယ်အပုံပွေ ပိုက်ချင်လဲ ? ပွေပိုက်ကြည့်  စမ်း။ ပွေ ပိုက်ခြင်လား? အေး... မပွေ့  ပိုက်ခြင်ဘူး။ ကြားလား။ ကဲ ဘယ်အပုံချစ်လဲ? ကဲချစ်တဲ့  အပုံလိုက်ရှာစမ်း၊
ချစ်စရာကောကောင်းသေးရဲ့ လား? ကဲ ဒါပေမယ့်  သူများ အိမ် တအိမ်လောက်။ အဲဒီ အပုံတစ်ပုံကိုသွားအပ်စမ်း။ ဘယ်သူလက်ခံမလဲ? ဘာလို့  လဲ? ရွံလို့ ၊ ဘာဖြစ့် လို့ လဲ? ရွံလို့ ကြားလား၊ ရွံစရာမကောင်းဘူးလား? ကောင်းပါတယ်ဘုရား။
အေး... နင်တို့ အမည်နာမ၊ မိန်းမ၊ ယောက်ကျား၊ရှိသလား မရှိဘူးလား? မရှိပါဘူးဘုရား၊ မရှိဘူးဆိုတာကို.. အဲဒါကိုဟောတာနော်။
နင်တို့  လူငယ်တွေ၊ နင်တို့  ပညာတတ်တွေ၊ ဟုတ်လား? ...မရှိဘူဆိုတာ၊ ခုမရှိဘူးလား ရှိသလား။ မရှိဘူး။ ... ရှိသေးလား? မရှိပါဘုရား။ အဲ... အဲဒါကိုမရှိဘူးလို့ ပြောတာ။သဘောပေါက်လား၊ စင်စစ်ကဘာရှိသလဲ။ ၃၂ကောဋ္ဌာသပဲ၇ှိပါတယ်ဘုရား။
မှတ်မိလား၊
(ဆက်ရန်)
အထက်ပါစာသားများမှာဆရာတော်ဘုရားကြီး၏ရိပ်သာတွင်းနေ့ စဉ်ဒေသနာများဖြစ်ပြီးတိတ်ခွေမှ CD
သို့ ကူးပြောင်းထားသောဒေသနာများအားမူရင်းအတိုင်းကူးယူရေးသားခြင်းဖြစ်ပါ၍မှားယွင်းမှုရှိပါက
ရေးသားသူ ကိုကိုအောင်၏တာဝန်သာဖြစ်ပါတယ်။
No comments:
Post a Comment