နင်တို့ ဘာတွေထွက်လဲ? အပုတ်တွေထွက်တယ်၊ ဘာတွေထွက်လဲ? အပုတ်တွေထွက်ပါတယ်ဘုရား။ ဘယ်ကနေထွက်လဲ? ဒွာယ (၉) ပေါက်ကထွက်ပါသတဲ့ ။ဘယ်ကထွက်လဲ? ဒွာယ(၉) ပေါက်ကထွက်ပါတယ်ဘုရား။ ဒွာယ(၉) ပေါက်ဆိုတာနင်တို့  ခန္ဓာကိုယ်မှာ အပေါက်( ၉)ပေါက်ရှိတယ်။ (၆ပေါက်)ဒီလိုလဲခေါ်တယ်။ မျက်လုံးက(၂)ပေါက်ယူရင်( ၉) ပေါက်။ တပေါက်ထဲယူရင်(၆)ပေါက်။ ဘယ်နှစ်ပေါက်လဲ? (၆) ပေါက်ပါဘုရား။ ဒီတော့ (၉) ပေါက်ပဲယူရမယ်။ ဘယ်နှစ်ပေါက်လဲ။ အဲဒီ(၉) ပေါက်။
နင်တို့ ဘာတွေထွက်လဲ? အပုတ်တွထွက်တယ်။ ဟုတ်လားမဟုတ်ဘူးလား နင်တို့  တပေါက်တပေါက်ကိုနှိုက်နှိုက်ပြီးတော့ နမ်းကြည့် စမ်း။
နမ်းခြင်သလား...ဟင်... ။ စားကောစားခြင်သလား? ၊ မရွံဘူးလား။ အေး... ရွံစရာဆိုတော့ အဲဒါကိုပြောတာ ကြားလား။ ဒါတင်လားဆိုတော့၊ ခုနအပုတ်တွေဘယ်ကထွက်လဲ? ဒွာယ (၉) ပေါက်ကထွက်တယ်။ ဘယ်ကထွက်လဲ? ဒွာယ(၉) ပေါက်ကထွက်ပါတယ်ဘုရား။
ဒါတင်မကသေးဘူးတဲ့ ၊ မွှေးညှင်းပေါက်တွေကလဲထွက်ပါသတဲ့ ၊ ဘယ်ကထွက်သလဲ? နင်တို့  ချွေးတွေမထွက်ဘူးလား၊ (၇)ရက်လောက်ရေမချိုးပဲနေကြည့် စမ်း။
နင်တို့  အနားဘယ်သူကပ်မလဲ။ ဘာစော်နံမလဲ? ပုတ်စော်နံတယ်လား။ နင်တို့  က အပုတ်လား အကောင်းလား? အပုတ်ပါဘုရား။ အော်... အပုတ်။ နာလည်ပြီလားနော်။ အေး.... မိန်းမပြောင်းပြန်လှန်ကြည့်  ရင်အထဲ မှာချီ်းပဲရှိတယ်။ ယောင်္ကျားပြောင်းပြန်လှန်ကြည့်  လဲချီးပဲရှိတယ်။ ဘာရှိလဲ ။အဲဒီနောက် နင်တို့  ပြောင်းပြန်ပဲကြည့် နေ။ နင်တို့  တဲ့ တဲ့မကြည့် နဲ့ ကြားလား။ ဒါကြောင့်  ခန္ဓာကိုယ်ကြီးကမကောင်းပါဘူးတဲ့ ။ ဘာတဲ့  လဲ၊ အပုတ်ကောင်ကြီးရုပ်ဆောင်နေပါသတဲ့ ။ နင်တို့  ဘယ်လောက်ပဲရေချိုးချိုး ။ အပုတ်တွေမထွက်ဘူးလား ထွက်လား? ခဏ၊ခဏရေချိုးတယ်။
နင်တို့ ခန္ဓာကိုယ်ကျွန်လို့  ခေါ်တယ်ကြားလား။ ဘာကျွန်လဲ၊ ခန္ဓာရဲ့  ကျွန်။ နင်တို့  ဆာရင်အစာမကြွေးဘူးလား၊ချွေးထွက်တော့ နင်တို့  ရေချိုးရတယ်။
သနပ်ခါးတွေ မလူးဘူးလား၊ အဲ... အ၀တ်အစားတွေရော၊ မလျော်ရဘူးလား၊ အသစ်တွေရောမလဲရဘူးလား၊ သူ့  အတွက်ပဲလုပ်နေရတာ နေ့ စဉ်နဲ့  အမျှ၊ ကြားလား၊ ဒီခန္ဓာကိုယ်က၊ နဂိုကထဲက ကောင်းမှမကောင်းတာ။ သူ့  အတွက်ပဲပြုပြင်နေရတယ်။ နေ့  တိုင်းပြုပြင်နေရတယ်။ သူများကိုမကြည့်  နဲ့ ။ ကိုယ်ခန္ဓာကိုယ်ပဲကိုယ်ကြည့် ၊ ကြားလား။ မပြုပြင်ရဘူးလား? မမောသေးဘူးလား? မောပါတယ်ဘုရား။ မောရင်ရပ်လိုက်ကြစို့  လား။
နင်တို့  အဲဒါတွေထပ်ယူနေရင်တော့၊ အဲဒါတွေမောနေမှာပဲ။ ဒီတော့ တသံသရာလုံးမောတယ်။ဘယ်သူမောနေလဲ? အဲဒါကြောင့်  မို့  လို့  ၊ နင်တို့  ဘ၀ကဘာနဲ့  အလားသဏ္ဍာန်တူလဲဆိုတော့၊ ကောင်းကင်ကိုခဲလေးမြောက်လိုက်ဘိသကဲ့  သို့ ။ ကောင်းကင်ကိုခဲလေးမြောက်လိုက်ရင်ခဲလေးမြောက်တက်မသွားဘူးလား။
အရှိန်ရှိတုံးတော့ တက်ပါသတဲ့ ၊ မတက်ဘူးလား? တက်ပါတယ်ဘုရား။ အေး.... အရှိန်ကုန်တဲအခါကြတော့ အောက်ကိုပြန်ကျပါသတဲ့ ။ မကျဘူးလား။
ဒီတော့ တက်တဲ့  အချိန်နဲ့  ကျတဲ့  အချိန်ဘယ်သူကကြာပါသလဲမေးရင် တက်တဲ့  အချိန်ကခဏလေးပေါ့ ။မြေကြီးမှာနေတဲ့  အချိန်ကကြာတယ်။ မဟုတ်ဘူးလား။
နင်တို့ အဲဒီငရဲပြည်မှာအကြာကြီးနေရတယ်ကြားလား။ နင်တို့  အခုဟာတက်နေတယ်။ လူဖြစ်နေတယ်၊နတ်ဖြစ်နေတယ်။ ကုသိုလ်ကောင်းမှုတွေကြောင့်  နော်။ တောကြာဘယ်ပြန်ကြမလဲ ? မြေကြီးစီပြန်ကြမှာသဘောပေါက်လာ။ ဒီတော့ ဘာလုပ်ရမလဲ? စွန့်  ပြေးရမယ်။ အပြေးသမားခေါ်တယ်။ အပြေးသမား၊ ဘာခေါ်လဲ?
သံသရာခရီးသည်။ အေး... ပြေးရမယ်။
(ဆက်ရန်)
အထက်ပါစာသားများမှာဆရာတော်ဘုရားကြီး၏ရိပ်သာတွင်းနေ့ စဉ်ဒေသနာများဖြစ်ပြီးတိတ်ခွေမှ CD
သို့ ကူးပြောင်းထားသောဒေသနာများအားမူရင်းအတိုင်းကူးယူရေးသားခြင်းဖြစ်ပါ၍မှားယွင်းမှုရှိပါက
ရေးသားသူ ကိုကိုအောင်၏တာဝန်သာဖြစ်ပါတယ်။
No comments:
Post a Comment