ပညတ်၊ နဲ့ ပရမတ်၊ သေသေခြာခြာနာ။ ပရမတ်ဆိုတာမှန်ပါသတဲ့။ ပညတ်ဆိုတာမမှန်ပါဘူးတဲ့ ။ အဲဒီတော့ ၊ပရမတ်။ ရယ်ပညတ်ရယ် မရှိဘူးလား၊ .. ရှိတယ်၊
အဲဒီပရမတ်။ ပညတ်။ ကဲ.... ပရမတ်။ ပညတ်သိတဲ့  ပုဂ္ဂိုလ် ဒီထဲမပါဘူးလား။ ပါတာပေါ့ ။ မှန်တယ်ဆိုတာဘယ်လိုလုပ်မှန်တာလည်း။
အမြဲတန်းမှန်တယ်ဆိုတာဘယ်လိုလုပ်သိလဲ။ ဘာကိုအမြဲတန်းမှန်တယ်လို့  ပြောလည်း။ တိကျမှန်ကန်တယ်ဆိုတာ ဘယ်လိုလုပ်တိကျပြီးတော့
မှန်ကန်ပါသလဲ မေးရင်သိလား? သိရင်ဖြေ၊ မသိရင် မသိဘူးဘာဖြစ်သလဲ။ မသိခြင်ဘူးလား? ဒီ ဘုန်းကြီးတော့ မညာနဲ့  မေးရင် ဖြေရတယ်။
နင်တို့  ကိုနားလည်အောင်ဟောမယ့်  ဘုန်းကြီး ။ ဒီဘုန်းကြီး။ ကြားလား။ နားမလည်၊ နားလည်အောင်ဟောမယ်။ မသိရင်သိအောင်ဟောမယ့် ပဂ္ဂိုလ်၊ ကြားလား။
မညာရဘူး။ နင်တို့  အလုပ်လုပ်တယ်ဆိုတာသိကိုသိရမယ်။ ဟုတ်ကိုဟုတ်ရမယ်။ မှန်လည်းမှန်ရမယ်၊ မမှန်ရင်ဘာ လုပ်မလဲ။ တရားဆိုတာပေါ့ ပေါ မဟုတ် ဘူး၊ ဟိုလိုလိုဒီလိုလိုမရဘူး။
အေး.. အဲ ဒါ ဘာတရားလဲ... ဘုရားတရား..ဘာတရားလဲ၊ ဘုရားတရား။ အေး.... ဘုရားတရားကမှန်ပါသတဲ့ ။ ဘာတဲ့ လဲ။ မှန်ရင်မမှားပါဘူးတဲ့ ။ဖြူရင်မဲပါဘူးတဲ့ ။
မဲရင်မဖြူ ပါဘူးတဲ့ ။ဘာတဲ့ လဲ။ အေး.. အဲဒါ၊ ဒါလေးမှတ်ထားနော်။
အေး... ပရမတ်။ ပညတ်၊ ခုဘာခွဲမလဲ။ အေး.. ပရမတ် ပညတ်ခွဲကြစို့ ။
ပရမတ်ရယ်။ ပညတ်ရယ်။ ... ကဲ ဦ၀င်းကြည်ထူးစမ်း။ ဦးသာကျာ်ထူးစမ်း၊ ဒေါ်ရှုယုံထူးစမ်း။ . အင်း... နင်တို့  ပညာတတ်တွေ၊ ပွဲတက်နေကြတွေ၊ နင်တို့  ပရမတ်၊
ပညတ်မသိခြင်ဘူးလား။
ဦးဝင်းကြည် ဒီမှာဘယ်နှစ်ယောက်ရှိလဲ? တယောက်ပဲနော်။ ဟိုပုဂ္ဂိုတွေ တယေက်ခြင်းမခေါ်တော့ ဘူး။ နင်တို့  ကိုမေးတာဖြေ၊ ဒီဆရာပြောတာနင်တို့  ကို တရခံမ လုပ်ဘူးကြားလား၊ အကုန်နားလည်အောင်ဟောမှာ၊ ဘယ်လိုလုပ်ဟောမှာလဲ။ အကုန်နားလည်အောင်ဟောမယ်။ ဆရာမေးရင်ပေါ့  ပေါ့  လေးဖြေ။
ဦးဝင်းကြည်ဘယ်နှစ်ယောက်ရှိလဲ? ဒီမှာ... ကဲ ပြစမ်းပါ။ဘေးက၀ိုင်းပြီး ဒီမှာပါလို့  ပြစမ်း။ ကဲ ဦးဝင်းကြည်ကိုယ့်  ဟာကိုပြ။ အေးအဲလိုလက်ကလေးကပ်ထား။
နင်တို့ ပါမေးတာနော်၊ အကုန်မေးတာနော်၊ အေး... သေသေခြာခြာနားထောင်။ အဲဒါဦးဝင်းကြည်ဟုတ်ပါသလား။? ဘုန်းကြီးကမေးမယ်ကြားလား။
သူကရင်ဘတ်ကလေးပါတဲ့ ။ ရင်ဘတ်နဲ့  ဦးဝင်းကြည်နဲ့  ဘယ်သူကမှန်လဲ? ရင်ဘတ်ကမှန်ပါတယ်ဘုရား။ ဦးဝင်းကြည်ဘယ်ရောက်သွားလဲ။? ခုနကရှိတယ်ဆို?
ဒေါ်ရှုယုံ၊ ရင်ဘတ်နဲ့  ဒေါ်ရှုယုံ ဘယ်သူမှန်လဲ ? ဒေါ်ရှုယုံဘယ်ရောက်သွားလဲ? ခုနကရှိတယ်ဆို? အေး.. မှတ်မိ ပြီလား။ဘာလို့ ပျောက်လဲ? ပညတ်မှို့ ။
အေး.. ဒို့  အိမ်ကြီးဖျောက်တယ်ဆိုကြပါစို့ ...အဲဒီအိမ်ကြီးဟာ၊ သစ်တပုံ။ သံတပုံ။ သွပ်တပုံ။ အုတ်ခဲတပုံပုံလိုက်ရင် အိမ်ရှိသေးရဲ့  လား? ဘာလို့  မရှိလဲ? ပညတ်မှိုလို့  ၊ ဘာလို့  မရှိလဲ ? ပညတ်ဆိုတော့ ပျောက်သွားပြီ ကြားလား၊နားလည်လား၊သေသေခြာခြာနာနော်။
လက်ကလေးပြန်ကပ်ထား၊ ဘုန်းကြီးကမေးမယ်။ လေးလေးစားစားဖြေ။ အဲ ဒါရင်ဘတ်ကောဟုတ်ပါသလား? ဘုန်းကြီကမေးမယ်၊ကြားလား၊
နင်တို့  အဲဒီအသားလေးကိုဆွဲ ပြီး၊ အရည်ခွန်လေးကိုဆွဲပြီးလိမ်လိုက်စမ်း။ မနာဘူးလားနာလား? ဒီတော့ ဘာတဲ့ လဲ ? အရည်ပါးလေပါတဲ့ .. ရင်ဘတ်နဲ့ အရည်ပါးဘယ်သူကမှန်လဲ? အရည်ပါးကမှန်ပါတယ်ဘုရား။ ရင်ဘတ်ဘယ်ရောက်သွားပလဲ? ပျောက်သွာပါတယ်ဘုရား။ ဘာလို့  ပျောက်သွားလဲ? မရှိလို့ ပါဘုရား။ ခုနတော့ ရှိတယ်ဆို? ကဲ... လက်ကလေးချ၊ အဲလိုမှတ်ရမယ်၊ ကြားလား။ အဲလိုသိရင်တတ်ပြီ။ နင်တို့  စာတွေသိပြီးတော့ ဘာတတ်မှာလဲ၊။ သူကပညတ် ပရမတ်ဘာခွဲတတ်မှာလဲ။ နားလည်တယ်နော်။
အဲဒီတော့ အခုဟာ ပညတ်။ ပရမတ်ကွဲသွားပြီမဟုတ်ဘူးလား။ မကွဲဘူးလား? နားလည်ပလား? အေး.. နားလည်ရတယ်။
ဘုရားရဲ့  တရား ဆိုတာအဲဒီလိုနားလည်သွားတယ်။ ကြားလား နားကမလည်ရင်မမှန်ဘူတဲ့ ။နားလည်ရင်မှန်ပါသတဲ့  .. အေး.. သေသေ ခြာခြာနာ။
(ဆက်ရန်)
အထက်ပါစာသားများမှာဆရာတော်ဘုရားကြီး၏ရိပ်သာတွင်းနေ့ စဉ်ဒေသနာများဖြစ်ပြီးတိတ်ခွေမှ CD သို
့ကူးပြောင်းထားသောဒေသနာများအားမူရင်းအတိုင်းကူးယူရေးသားခြင်းဖြစ်ပါ၍မှားယွင်းမှုရှိပါက ရေးသားသူ ကိုကိုအောင်၏တာဝန်သာဖြစ်ပါတယ်။
No comments:
Post a Comment