Saturday, June 11, 2011

စိတ်ဓာတ်ရေးရာ

“ကျွန်ုပ်ကိုယုံသောသူများကြောင့် ဖြောင့်မတ်မည်။
ဂရုစိုက်သောသူများကြောင့် သန့်ရှင်မည်။
ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။
ပင်ပန်းခံရသောကြောင့် ရဲရင့်မည်။
မိတ်ဆွေမဲ့သူနှင့်ရန်သူကို မိတ်ဖွဲ့မည်။
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်။
ခွန်းအားနဲကြောင်းသိလျက် စိတ်ကိုနှိမ့်ချမည်။
ရွှင်လန်းချစ်ခင်မျှော်သိလျက် ထူးပင့်မည်။” တဲ့....။


အဓိပ္ပါယ်ကတော့ အင်မတန်ရှင်းပါတယ်။ ကျွန်ုပ်ကို ယုံသောသူများကြောင့်ဖြောင့်မတ်မည်။ လူတိုင်းလူတိုင်းဟာ ဖြောင့်မတ်ရမယ်။ အထူးသဖြင့် လူငယ်များဟာ ကောင်းတဲ့အကျင့်စာရိတ္တတွေကို မွေးမြူကြရမယ်။ ကိုယ့်ကိုယုံတဲ့လူတွေရှိရင် ကိုယ်က ဖြောင့်မတ်ဖို့ တာဝန်ရှိတယ်။ တချို့ကြတော့ ကိုယ်ဟာ သူများကိုလှည့်နိုင်ရန် လူတော် လူလည်လို့ခေါ်တယ်။ သူတို့ကို သူ့တို့လူတော်လို့ ထင်နေကြတယ်။ ဒါဟာမမှန်ဘူး။ တကယ်ဆိုရင် ကိုယ့်ကို ယုံကြည်တဲ့သူရှိရင် ဖြောင့်မတ်ရမယ်။ ဖြောင့်ကို ဖြောင့်မတ်ရမယ်။ ဒါကြောင့်မို့လို့ ကျွန်ုပ်ကိုယုံသောသူများကြောင့် ဖြောင့်မတ်မည် လို့ ဆိုပါတယ်။

အယုံအကြည်သွင်းပြီးတော့ လူတစ်ယောက်ကို လှည့်ဖျားတာဟာ လုံးလုံးမမြင့်မြတ်ဘူး။ အင်မတန်မှလည်း ရှက်စရာကောင်းတယ် ၊လူတိုင်း လူတိုင်းဟာ ကိုယ့်မှာယုံကြည်တဲ့သူ အနည်းဆုံး တစ်ယောက်တော့ ရှိမှာပဲလေ။ တစ်ယောက်ရှိရင်တောင် ဒီတစ်ယောက်အတွက် ဖြောင့်မတ်ရမယ်။ ကိုယ့်ကို အများယုံကြည်နေလို့ရှိရင် အများအတွက် ဖြောင့်မတ်ရမယ်။ ဂရုစိုက်သော သူများကြောင့် သန့်ရှင်မည်တဲ့။ ဂရုစိုက်သောသူဆိုတာ ကိုယ့်ကို ဘယ်သူဂရုအစိုက်ဆုံးလဲ။ လူငယ်များဆိုရင် သိပါတယ်။ ကိုယ့်မိဘများက ကိုယ့်ကိုဂရုအစိုက်ဆုံးပဲ။ မိဘများက ကိုယ့်ကိုဂရုစိုက်ပြီးတော့ ကျွေးမွေးတယ်။ မွေးမြူတယ်။ သန့်ရှင်စင်ကြယ်အောင်လို့ထားတယ်။ ရေချိုပေးတယ်၊ ငယ်ငယ်တုန်ကဆိုလို့ရှိရင် အ၀တ်လဲပေးတယ်။ အဝတ်အစားကို သန့်သန့်ရှင်းရှင်း ဝတ်ပေးတယ်။ ထမင်းကျွေးတယ်၊ အမျိုးမျိုးလုပ်ပေးကြပါတယ်။ ဒါပေမယ် ကိုယ့်ရဲ့ ဝိညာဉ်၊စိတ်ကို သန့်ရှင်းအောင်၊ ဖြူစင်အောင်လို့ အပြင်ကနေ ဝိုင်းပြီးတော့ ဂရုစိုက်တဲ့လူတွေရှိရင် ကိုယ့်အတွင်းစိတ်နှလုံးသား ဖြူစင်အောင်၊ သန့်ရှင်းအောင်လို့ ကိုယ်ကဂရုစိုက်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ ဂရုစိုက်သော သူများကြောင့် သန့်ရှင်းမည်လို့ ဆိုပါတယ်။

ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်။ အခုခေတ်မှာဆိုရင် ဒါကို အထူးထူးအထွေထွေ ရှင်းပြနေစရာမလိုဘူး။ ကျနော်တို့တွေအားလုံးဟာ ဆောင်ရွက်စရာ အများကြီးရှိတယ်။ နောက်ပီးတော့ ဘဝလမ်းမှာ မမျှော်လင့်တာတွေဖြစ်တတ်တဲ့အတွက် ဘဝရဲ့လမ်းမှာ အန္တရာယ်တွေလည်း တွေ့ရင်တွေ့ကြုံနိုင်တယ်။ အဲဒါမို့ ဘဝဆိုတဲ့ ခရီလမ်းဟာ အပင်ပန်းခံပြီးတော့ လျောက်ရမယ့်လမ်းဖြစ်တာကြောင့် ခွန်အားနဲ့ပြည့်ရမယ့်တဲ့။ ကိုယ့်ခွန်အားကို မွေးရမယ်။ ခံနိုင်ရည်ရှိအောင်လို့ ကြိုးစားရမယ်။ ဒါကြောင့်မို့လို့ ဆောင်ရွက်ရန်များသောကြောင့် ခွန်အားနှင့်ပြည့်မည်လို့ ဆိုလိုပါတယ်။

ပင်ပန်းခံရ များသောကြာင့် ရဲရင့်မည်တဲ့။ ကျနော်တို့ရဲ့ လူ့ဘ၀ခရီလမ်းဟာ သုခနဲ့တွေ့ကြုံရင်တွေ့ကြုံမယ်။ ဒုက္ခနဲ့လည်း တွေ့ကြုံရင်တွေ့ကြုံနိုင်တဲ့အတွက် ဒီဒုက္ခတွေ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြက်နိုင်အောင်လို့ ကိုယ်က ရဲစွမ်းသတ္တိရှိရမယ်။ ရဲစွမ်းသတ္တိဆိုတာ ကြောက်စိတ်မရှိတာကို ပြောတာမဟုတ်ပါဘူး။ သတ္တိအစစ်မှန်ဆိုတာ ကြောက်လျက်မှန်တာကို လုပ်ရဲရမယ် ပြောရဲရမယ် အဲဒါမှ သတ္တိအစစ်အမှန်ဘဲ သူများကိုသွားပီး မင်းကဘာကောင် ငါ့ကို ဘာထင်လည်းဆိုပီ ထိုးတာ ရိုက်တာတွေဟာ သတ္တိမဟုတ်ဖူး။ အဲဒါတွေဟာ ရမ်းကာတာ မိုက်ရိုင်းတာတွေဘဲ။ မှန်တာလုပ်ရဲရင် ဘာဘဲဖြစ်ဖြစ် မှန်တာလုပ်မိလို့ ဒုက္ခဘယ်ဖြစ်ဖြစ် သုခဘဲဖြစ်ဖြစ် ခံစားရပါစေ အမှန်ကို မပြင်နိုင်သရွှေ့ အမှားကိုတော့ ဘယ်တော့မှ မကျူးလွန်ပါနဲ့။ ဒါကြောင့် မှန်တာမို့လို့ ဆိုပီးတော့ လုပ်ရဲတဲ့ သတ္တိရှိရမယ်။ ဒါကြောင့်မို့ ပင်ပန်းခံရသောကြောင့် ရဲရင့်မည်လို့ ဆိုလိုပါတယ်။ 

နောက် မိတ်ဆွေမဲ့သူနှင့် ရန်သူကို မိတ်ဖွဲ့မည်။ ဒါကတော့ ရှင်းပါတယ်။ ချစ်စကို ရှည်စေ မုန်းစကို တိုးစေဆိုတာပေါ့။ နောက်ပီ မိမိဘယ်လောက် သဘောထားကြီးတယ်ဆိုတာ ပြတာပဲ။ မိတ်ဆွေမရှိတဲ့သူတွေ နောက်ပီး မိမိရဲ့ ရန်သူများကို ကိုယ်က မိတ်ဖွဲ့နိုင်တယ်ဆိုတာဟာ ကိုယ်က သဘောထားကြီးကြီးနဲ့ထားတယ်။ နောက်ပီး ရန်သူတွေအပေါ်မှာလည်း ဘာရန်ငြိုး အာဃာတတရား မထားဘူ ၊တကယ်ဆိုလို့ရှိရင် ကိုယ်လုပ်တဲ့ အလုပ်ဟာ အမြဲပဲ အမှန်တရားကိုအခြေခံပြီးတော့ လုပ်နေတဲ့ အလုပ်တော့ဖြစ်ရမယ်။ ကိုယ်က သူများကို စေတနာ မေတ္တာထားရင် မေတ္တာရောင်ပြန်ဟပ်မှာဘဲ။ စေတနာကောင်းရင် ကံကောင်းမယ်ဆိုတာကို သိထားရမယ်။ စေတနာဟာ လူတိုင်းနဲ့ထိုက်တန်ပါတယ်။ ကိုယ့်စေတနာသာ မှန်ဖို့သာလိုတာပါ။ သို့ဖြစ်၍ မိတ်ဆွေမဲ့သူမပြောနဲ့ ရန်သူပင်လျင် မိတ်ဖွဲ့နိုင်တဲ့ သဘောထားကြီးတဲ့သူမျိုး ဖြစ်ရမယ်။ ဒီလို သဘောထားကြီးကြီးထားရမယ်။ ဒါကြောင့်မို့ မိတ်ဆွေမဲ့သူနှင့်ရန်သူကို မိတ်ဖွဲ့မည်လို့ ဆိုပါတယ်။

စွန့်ကြဲပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်ဆိုတာ လူတဦး တယောက်ကို ကိုယ့်က ပေးလို့ရှိရင်၊ တကယ်စေတနာနဲ့ပေးရင် ငါပေးတယ် ငါပေးတယ်လို့ ဘာမှပြောနေစရာမလိုဘူး။ တချိန်လုံးလည်း စိတ်ထဲမှာဘယ်သူကိုတော့ ငါပေးကမ်းဖူးတယ်။ ဘယ်ကောင်ကိုတော့ ကူညီဖူးတယ်နဲ့ စိတ်ထဲမှာ ရှိနေရင် တချိန်လုံးတွေးနေရင် ဒါဟာ စစ်မှန်တဲ့ စေတနာမဟုတ်ဘူး။ တကယ့်စေတနာမှန်နဲ့ ပေးကမ်းစွန့်ကြဲတဲ့သူဟာ ဒီလိုမျိုးစိတ်ထဲမှာ လုံးဝကိုမှတ်မထားဘူး။ နောက်ပီ ကိုယ့်လူမျိုးအတွက်-ကိုယ့်နိုင်ငံအတွက် လုပ်နေပါလာ ဆိုပီးမာနတွေ မထားရဘူး ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်အတွက် လုပ်ခွင့်ရတာကိုဘဲ ကျေးဇူးတင်ရမယ်။ ဂုဏ်ယူရမယ်၊ လုပ်ခွင့်ရတာကို ကိုယ်က၀မ်းသာရမယ်။ တချို့ကြတော့ အမြဲပြောတတ်တယ် လူငယ်လည်း လူငယ်တွေအလျောက် လူကြီးတွေလည်း လူကြီးတွေအလျောက် အချင်းချင် ပြိုင်ပြီးပြောနေတာ လုပ်နေတာတွေ ဒီခေတ်မှာ အများကြီးတွေ့ရတယ်။ ငါ့က ဘယ်နေရာမှာ ဘယ်အချိန်က ဘာကောင်ကွ။ ငါ့လောက်တော်တဲ့သူ သိတဲ့သူ တတ်တဲ့သူမရှိဘူး။ ငါ့ဘာထင်လည်း ဆိုပီ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်နေတာတွေဟာ လူငယ်ရော လူကြီးတွေမှာလည်းရှိတတ်ကြပါတယ်။ အဲသလိုမျိုးတွေကို မပြောသင့်ဘူး မပြိုင်သင့်ဘူး ကျနော်မြင်ဖူးတယ် မဟုတ်တဲ့နေရာမှာ ပြိုင်လိုက်ကြတာများ ထိတ်ထိတ်ကြဲကြဲတွေ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကြတော့မလုပ်ကြဘူး။ သူ့အချိန်နဲ့၊ သူ့အခါနဲ့၊ သူ့နေရာနဲ့၊ တကယ်ပဲ စိတ်ပါလက်ပါ သတ္တိနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မျိုးကို လုပ်တယ်ဆိုရင် ဂုဏ်ရှိတာဘဲ။ ကိုယ်ကလုပ်ခဲ့တာတွေကိုပဲ စဉ်းစာနေရင် ကိုယ်လုပ်ခဲ့တာတွေကိုပဲ ထပ်တလဲလဲ ပြောနေရင် ဒါဟာစေတနာ မမှန်ဘူး။ အဲဒီတော့ ပေးကမ်းစွန့်ကြဲတဲ့ အခါကျရင် စွန့်ကြဲကြောင်း မေ့ထားပြီးတော့ ပေးကမ်းသလို တိုင်းပြည်အတွက် လုပ်ပေးတဲ့အခါကျရင်လည်း လုပ်ပေးကြောင်ကို မေ့ပြီး လုပ်ပေးကြပါ။ လုပ်ပေးနိုင်တဲ့ အခွင့်အရေးအတွက်လည်း ကျေးဇူးတင်ကြပါ။ ဂုဏ်ယူကြပါ။ ငါကလုပ်ပေးတယ် ဆိုပီး မာနမကြီးကြပါနဲ့။



ခွန်အားနည်းကြောင်းသိလျက် စိတ်နှိမ့်ချမည်တဲ့။ လူတိုင်း လူတိုင်းဟာ စိတ်နှိမ့်ချတဲ့ အရည်ချင်းရှိရမယ်။ ကိုယ့်ကိုကိုယ့်ကို သိပ်ပီးတော့ အထင်ကြီးနေလို့ရှိရင် နောင်တိုးတတ်မှု မရှိနိုင်ပါဘူး။ တိုးတတ်မှုမရှိတဲ့ သူဟာကိုယ့်မှာ ဘာချို့ယွင်းချက်တွေ ရှိတယ် ကိုယ့်မှာပြင်စရာတွေ အများကြီးရှိသေတယ် ကိုယ့်မှာ အားနည်းချက်တွေ အများကြီးရှိသေတယ်လို့ နားလည်းတဲ့သူများဟာ ကိုယ့်မှာတိုးတတ်ဖို့ လမ်းတွေအများကြီးရှိတယ်။ ငါက သိလှပြီး တတ်လှပြီးလို့ ထင်လို့ရှိရင် တိုးတတ်ရေးလမ်းကြောင်း ပိတ်သွားလိမ့်မယ်။ အဲ့ဒီတော့ လူကြီးတွေတင်မဟုတ်ဘူး ကျနော်တို့ လူငယ်တွေမှာလည် ငယ်လျက်နဲ့ တိုးတတ်ဖို့လမ်းကြောင်းတွေ ပိတ်သွားတယ်။ 

ဘာကြောင့်လည်းဆိုတော့ သူတို့ကို သူတို့က ငါသိပ်တတ်လှပြီး တော်လှပြီး သိလှပြီးလို့ ထင်သွာတယ်။ အဲ့ဒီလိုထင်သွားရင် ပြီးပြီ။ ဒီလူ့ရဲ ဘဝခရီဟာ နောက်ထပ်ပြီးတော့ တိုးတတ်စရာ မရှိတော့ဘူးလို့ ကျနော်ယုံကြည်တယ်။ တိုးတတ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ့် တချိန်လုံး သုံးသပ်နေရမယ်။ ကိုယ့်ကိုကိုယ့် စိတ်နှိမ့်ချရမယ်။ ဘာပဲလုပ်လုပ် ဘယ်လောက်အသက်ရှည်ရှည် ပညာရှားစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ့်ကိုကိုယ့် ပြုပြင်စရာတွေအများကြီး ရှိသေတယ်။ 

အသက်အရှည်ဆုံးနေသွာတဲ့သူ၊ ပညာအရှိဆုံးလူတောင်မှ ပညာအကုန်လည်မရှိနိုင်ပါဘူး။ အတွေ့အကြုံအကုန်လည်းမရှိနိုင်ဘူး။ လူမှဖြင့် အပြစ်အနာအဆာကင်းတယ်လို့ မရှိပါဘူး။ အဲ့ဒီတော့ ကိုယ့်မှာရှိတဲ့ အပြစ်အနာအဆာကင်းတယ်လို့ ပြုပြင်ဖို့ဆိုတာ တစ်သက်လုံး ကြိုးပမ်းသွားရမယ်။ အသက် (၉၀)ကျရင်လည်း ကြိုးပမ်းသွားရမယ်။ အသက် ၂၀၊ ၃၀ ဆိုရင်တော့မပြောနဲ့တော့။ တချို့က ၃၀လောက်ဆိုလို့ရှိရင် တတ်ပြီ၊ သိပြီ ငါလည်ဘွဲ့ရပြီလို့ ထင်ကြတယ်။ အထူးသဖြင့် နိုင်ငံခြားမှာ ကျနော် ခဏခဏ မြင်ရ ကြားရတယ် သိရတယ် အသက် ၇၀ ကျော် ၈၀ကျမှ တခုခု ထပ်ပြီးတော့သင်တယ်၊ ကျောင်းပြန်ပြီးတော့ တတ်တယ်။ အာလုံးဟာ ဒီလိုဘဲ ဒီလိုဘဲထားရမယ်။ 

ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ့် စိတ်နှိမ့်ချရမယ်။ ကိုယ်ဟာ သိပ်ပြီးတော့ တတ်တယ်လို့ ဘယ်တော့မှ စိတ်ထဲမထားပါနဲ့။ ဘယ်လောက်တော်တော်၊ ပိုပြီးတော့လည်း တော်နိုင်ပါသေးတယ်။ ဘယ်လောက်ကောင်းကောင်း ၊ပိုပြီးတော့တောင်မှ ကောင်းနိုင်သေးတယ်။ ကိုယ်ဟာ အသက်ရှင်နေသမျှတော့ ကိုယ့်ကိုကိုယ် ပြုပြင်စရာအကြောင်းတွေ အများကြီး ရှိပါသေတယ်။

နောက်ဆုံးဟာကတော့ ရွှင်လန်းချစ်ခင်မော်ကြည့်လျှက် ထူးပင့်မည်တဲ့။ ဒါဟာ အထူးသဖြင့်ကျနော်တို့ လူငယ်တွေနဲ့ဆီလျှော်ပါတယ်။ ရွှင်ရွှင်လန်းလန်း ချစ်ချစ်ခင်ခင်နဲ့ မော်ကြည့်ရမယ်။ အထက်ကို ကြည့်ရမယ်၊ အောက်ကိုမကြည့်ရဘူးဆိုတာ အဆင့်မြင့်မြင့် စဉ်းစားရမယ်။ လူငယ်တို့သဘာဝဟာ ရွှင်ရွှင်လန်းလန်းရှိရမယ်။ လူငယ်ဖြစ်လျှက်နဲ့ ရှုံ့ရှုံ့မဲ့မဲ့ သုန်သုန်မှုန်မှုန်နဲ့ ဖြစ်နေလို့ရှိရင် လူကြီးဘဝကျ ဘယ်လောက်စိတ်ညစ်စရာကောင်းမလဲ၊ ဒါလည်း စဉ်းစားကြအုံး။ ကိုယ်ငယ်တုန်းမှာ ရွှင်ရွှင်လန်းလန်း နေကြပါ။ 

အလုပ်က ဘယ်လောက်ဘဲ ခက်ခက်ခဲခဲ ကိုယ်ဖက်မှာ ဘာရှိသလဲ။ ကိုယ်ဖက်မှာ ကျန်းမာရေးရှိတယ်။ လုပ်စရာအချိန် အများကြီးရှိတယ်။ အဲဒီတော့ ဘာပဲလုပ်ရလုပ်ရ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ နောင်ကျလို့ရှိရင် အများကြီး ကောင်းနိုင်စရာတွေ ရှိတယ်ဆိုပြီးတော့ ရွှင်ရွှင်လန်းလန်းနဲ့ နေကြပါ။ 

အဲ့ဒီလို ရွှင်ရွှင်လန်းလန်းနဲ့ နေကြတဲ့သူများဟာ အကယ်၍ ကံမကောင်းလို့ အသက်မရှည်နိုင်သော်လည်း ကိုယ်နေခဲ့ရတဲ့ သက်တန်းတိုအတွင်းမှာ ရွှင်ရွှင်လန်းလန်းနဲ့ ပြည့်ပြည့်ဝဝ နေသွားရမှာပါ။ အဲ့ဒီတော့ ရွှင်လန်းချစ်ခင် မော်ကြည့်လျှက်၊ ချစ်ခင်ရမယ်။ တယောက်နဲ့ တယောက်မေတ္တာထားရမယ်။

လူငယ်များဟာ သံယောဇဉ်နည်းတယ်။ စွဲလမ်းချက်တွေနည်းတယ်။ အဲ့ဒီတော့ အဲ့ဒီအချိန်မှာ လူငယ်များရဲ့ နှလုံးသားထဲမှာ မေတ္တာတွေဟာ အများကြီးထားနိုင်တယ်။ ကိုယ့်မိတ်ဆွေတွေ၊ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့ မိဘဆွေမျိုးသားချင်းတွေကို ချစ်ချစ်ခင်ခင်ထားကြပါ။ ဒီချစ်ခင်တဲ့ စိတ်ကိုမွေးကြပါ။ ဒါမှ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ အလုပ်မှာလည်း အောင်မြင်နိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာလည်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ကိုဖြိုး
[Reference: Myanmar Friends Day Website]

No comments:

Post a Comment