Saturday, June 11, 2011

ပါရမီဖြည့်ဖက် ကောင်းဖြစ်ဖို့ဆိုရင်



မမြင်ခင်ကတည်းက ခင်မင်နေတယ် ။ မတွေ့ခင်ကတည်းက သိနေတယ် ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ။တစ်ချို့က ဒီထက်ပိုပြောကြတယ် မမြင်ဖူး ခင်ကတည်းက ချစ်တယ်။ နာမည် အသံလေးတော့ ကြားဖူးကောင်းပါရဲ့နော်။ ဒါဟာ ဟိုရှေ့ဘဝက ပါရမီ ရေစက်ကြောင့်လို့ပြောလို့ ရပါတယ် ။ တချို့တွေဆို တွေ့လိုက်တာနဲ့ မြင်ဖူးနေသလို့ ဖြစ်တာတွေကို ကြုံတွေကြမှာပေါ့ ။ အဲဒါကိုပဲ ရှေဘဝက ပါရမီကြောင့် ပဋ္ဌာန်းဆက်ကြောင့် ဆိုပြီးပြောကြပါသေးတယ် ။ ဟုတ်ပါတယ် ရှေ့ရေစက်ကြောင့် မမြင်ဖူပဲတောင်မှ အိမ်မက်ထဲမှာ တွေကြရတယ်တဲ့ လေ။ ရေစက်ဆိုတာက ပြောရခက်တယ် မဟုတ်လား? ။

ဘုရားရှင်လက်ထက်မှာတောင် အရင်ဘဝက ရေစက်ကြောင့် ရဟန်းဖြစ်ကြတဲ့ ဘဝမှာတောင်မှ အဲဒီဘဝဟောင်းက သူက တရားဟောပြောမှ တရားထူး ရသွားသူတွေ ရှိခဲ့တဲ့ အကြောင်းတွေကို လေ့လာနိုင်ပါတယ်။

ပါရမီဖြည့်ဖက်ဆိုတာတော့  ရှိခဲ့ကြမယ့် သူတွေချည်းပါ ။ ဒါပေမဲ့ အဲဒီ သူက ဘယ်မှာလဲ ။ ဘယ်လိုလုပ် သိနိုင်မှာလဲ ။ အတိတ်ဘဝမှာ တစ်နည်းနည်းနဲ့ ပတ်သက်ခဲ့တဲ့ သူတွေဆိုတာ ကတော့…. မိမိနဲ့ ပေါင်းဖော်ခဲ့တဲ့  ဇနီးမယာ တစ်ယောက်တည်းကို ပြောတာမဟုတ်ပါဘူး ၊ အဖေ ၊ အမေ ၊ ညီအစ်ကိုမောင်နှမ အဆွေ အမျိုးတွေနဲ့ ကိုယ်နဲ့ ပေါင်းဖော် ကျွမ်းဝင်ခဲ့တဲသူငယ်ချင်း အားလုံးကို ဆိုလိုချင်တာပါ ။ အတိတ်ဘဝက သူ့အကျိုး ကိုယ်အကျိုးကို ညီတူညီမျှ ဆောင်ရွက်ခဲ့ ကြတဲ့သူ ၊ ကောင်းမှုတွေကိုအတူတစ်ကွ ပြု့ခဲ့ကြသူတွေကို  ပြောချင်တာပါ ။

      အတိတ်ဘဝက ဆုံတွေခဲ့ဖူးတဲ့ ရေစက်တွေကြောင့် ဒီဘဝမှာ သူ့အသံလေးကို ကြားရရင်ကြည်နူးရတယ် ။ တစ်ခါမြင်ရုံနှင့် တစ်သက်မေ့ မရအောင်ဖြစ်ရတယ် ။ အဲဒီလိုပါပဲ အရင်ဘဝတွေက ကောင်းမှုတွေ အတူလုပ်ခဲ့ ကြသူတွေဆိုရင် ဒီဘဝမှာလည်း တစ်ခုခုနဲ့ ပြန်ပြီး ကျေးဇူးပြု့တတ်ကြပါတယ် ။ အတိတ်ဘဝက  စိတ်တူကိုယ်တူ ကောင်းမှုလေးတွေ အတူလုပ်ခဲ့ ကြတဲ့ သူတွေဆိုရင် ဒီဘဝမှာ ပြန်တွေကျတဲ့ အခါမှာ သူအကြိုက်လေးတွေကို လိုက်လျောတတ်တာ ။ အကြိုက်ချင်းလေးတွေ တူနေတတ်တာ ၊ ကောင်းတဲ့ စာအုပ်လေးတွေ သီချင်းလေးတွေကို ရွေးပေးတတ်တာ ။ တရားအားထုတ်ဖို့ တိုက်တွန်းတတ်တာ စသည်ဖြင့် ကျေးဇူးပြု့တတ်ကြပါတယ် ။


     ဒီအကြောင်းနဲ့စပ်လို့ ပြောမယ်ဆိုရင် အတိတ်ဘဝက ရေစက်ကြောင့် ဒီဘဝမှာ ပြန်ပြီးကျေးဇူး ပြု့တဲ့ ထဲကမှ ဗုဒ္ဓ ဟောကြား တော်မူခဲ့တဲ့ ဥပရိပဏ္ဏာသပါဠိတော်ထဲက နေ မြန်မာပြန်ထားတဲ့ နန္ဒကောဝါဒ သုတ်တော်လာ - အရှင်နန္ဒက ရဟန္တာနဲ့ ဘိက္ခုနီမ ငါးရာတို့ အကြောင်းလေးကို အကျဉ်းလေး ဖော်ပြချင်ပါတယ် ။


      မြတ်စွာ ဘုရားက မိထွေးတော် ဂေါတမီနှင့်ဘိက္ခုနီ အပေါင်းတိုကို ရဟန်းတော်တွေက အလှည့်ကျ တရာဟောဖို့ရန် မိန့်မှာထားခဲ့ ပါတယ် ။ အခြားသော ရဟန်တို့က မိမိတို့ရဲ အလှည့်မှာ ဘိက္ခုနီတို့ကို တရာဟော ဆုံးမသြေဝါဒ ပေးကြပေမဲ့ ၊ အရှင်နန္ဒကတော့ သူအလှည့်ကို တရာဟော သြဝါဒပေးလေ့မရှိဘူးတဲ့ ။ အခြားတစ်ပါးပါးကိုသာ အမြဲ ကိုယ်စားလွတ် ဟောပြောစေတယ်လို့ဆိုပါတယ် ။ တစ်နေ့မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ဒီနေ့ တရာဟော အလှည့် ဘယ်သူကျသလဲ လို့မေးတော့ “အရှင်နန္ဒက အလှည်ဖြစ်ကြောင်းနှင့် အခြားအကြိမ်တွေမှာ အရှင်နန္ဒကဟာ သူကိုယ်တိုင် တရားသွားရောက် မဟောပဲ ကိုယ်စားလွတ်၍ ဟောခိုင်းကြောင်း” မြတ်စွာဘုရားကို လျှောက်ထားပါတယ် ။ အဲဒီအခါ မြတ်စွာဘုရားမှ ဒီတစ်ကြိမ်မှာ အရှင်နန္ဒက ကိုယ်တိုင် တရားသွားဟောရမယ်လို့ စေလွတ်ပါတယ် ။

မြတ်စွာဘုရားက အရှင်နန္ဒက ကို စေလွတ်တာအကြောင်းရှိပါတယ် ။
အရှင်နန္ဒက အနေနဲ့ ဘိက္ခနီမ ငါးရာ တို့ကို တရားသွားမဟောလိုတဲ့ အကြောင်းကလည်း
ရှိနေပါတယ် ။
အရှင်နန္ဒက မသွားလိုခြင်း အကြောင်းကတော့ အဲဒီ ဘိက္ခုနီမ(၅၀၀) နဲ့ သူကဟိုအတိတ်ဘဝ တစ်ဘဝမှာ သူကဘုရင်ဖြစ်ခဲ့ပြီး အဲဒီဘိက္ခုနီမတွေဟာ သူရဲ့ မောင်းမမိဿံ ရံရွေတော်တွေ ဖြစ်ခဲ့ဖူးပါတယ် ။ အရှင်နန္ဒက ဟာ တန်ခိုးအဘိဉာဏ်ရတဲ့ ရဟန္တာ ပုဂ္ဂိုလ် ဖြစ်ပါတယ် ဒါကြောင့်အဲဒီအတိတ်ဘဝ အကြောင်းကို သူ့ရဲ အဘိဉာဉ်နဲ့ သိနေပါတယ် ၊ တကယ်လို့ သူအဲဒီသွားပြီး တရာသွားဟောရင် ရဟန်းတော်တွေထဲမှ လောကီဈာန် အဘိဉာဉ်သာရပြီး ရဟန္တာ မဖြစ်သေးတဲ့ ပုဂ္ဂိုလ်တွေက ဒီဘဝမှာ ရဟန်ဖြစ်တာတောင် ဘဝဟောင်းက မောင်းမမိဿံတွေနဲ့ ရောနှောနေသေးတယ်လို့ ကဲ့ရဲ့ပြောဆိုကြမှာစိုးလို့ပါ ။ တကယ်တော အရှင်နန္ဒက ဟာ ရဟန္တာဖြစ်ပြီး သားဖြစ်ပါတယ်။ ကျန်တဲ့ ရိုးရိုးရဟန်တွေ အပြောကလွတ်အောင် ရှောင်နေတာပါ။
    မြတ်စွာဘုရား မှ အရှင်နန္ဒကကို သွားစေလိုခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီဘိက္ခုနီမ (၅၀၀) တို့ဟာ အရှင်နန္ဒက တရာဟောမှ တရားထူးရကြမယ်ဆိုတာကို သိတော်မူတဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။
          မြတ်စွဘုရား ကိုယ်တိုင်ခိုင်းတော့မှ အရှင်နန္ဒက ဘိက္ခုနီမတွေထံ တရားဟောဖို့ ကိုယ်တိုင်သွားခဲ့ပါတယ် ။ အရှင်နန္ဒက ကိုယ်တိုင် တရားလာရောက်ဟောမယ်လို့ ကြားတာနဲ့ ဘိက္ခုနီအပေါင်းတို့ဟာ ခါတိုင်း နဲ့ မတူပဲသူတို့စိတ်ထဲမှာ အလိုလိုနေရင်း ပျော်နေကြတယ် ၊ နေရာထိုင်ခင်းတွေစီမံသူက စီမံ ၊ အခန်းတွေကိုသန်ရှင်းသူတွေက သန့်ရှင်း၊ ခြေဆေးရေ ပြင်တဲ့သူကပြင် အစရှိသဖြင်း အရှင်နန္ဒက နှစ်သက်ဖွယ်ရာရာ တွေကို ပြုလုပ်ရင်း တရားနာဖို့ရန်လည်း စိတ်အားတွေ တက်ကြွလျက်ရှိပါတယ် ။ အရှင်နန္ဒက ရောက်လို့ တရားဟော တော့ လည်း ရိုရိုသေသေနဲ့ တရားကို အရုံစိုက် နာယူကြပါတယ် ။
ခါတိုင်း တရားလာဟောတဲ့ အချိန်မှာ ဆိုရင် သူတို့ဟာ ဝတ်ကျေတန်းကျေ လောက်တာ နာယူခဲ့ ကြတယ်လို့ ဆိုပါတယ် ။ အတိတ်ဘဝက ဆုံခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ရဟန္တာဖြစ်တဲ့ အရှင်နန္ဒကလည်း သူတိုအကြိုက်ကိုသိပြီး အမေးအဖြေပုံစံလေးတွေနဲ့ တရားဟောပါတယ် ။ ဥပမာ- ရုပ်ဟာ ဆင်းရဲလား ချမ်းသာလား ၊ ဆင်းရဲပါတယ်ဘုရား ၊ ရုပ်ကိုတွယ်တာရမှာလား စွန့်ပယ်ရမှာလား ၊ စွန့်ရမှာပါ ဘုရား…စသည်ဖြင့်ပေါ့ ။ ဒီပုံစံနဲ့ မေးလိုက်ဖြေလိုက်နဲ့ဟောလိုက်တော့ ဘိက္ခုနီမတွေဟာ ပထမရက်မှာ တရားထူး တရားမြတ်ကို မရပေမဲ့ စိတ်တွေကြည်လင်ကာ တရားရဲ့ အရသာကိုတော်တော်လေး သိလိုက်ကြပါတယ်။ နောက်တစ်ရက်မှာ  မြတ်စွာဘုရားရဲ့ ထပ်မံစေလွတ် ဟောခိုင်း တာကြောင့် နောက်နေ့မှာတော့ ရဟန္တာ ဖြစ်သူ၊ သကဒါဂါမ် အနာဂါမ် ။သောတပန် စသည်ဖြင့် အားလုံး အရိယပုဂ္ဂိုလ်တွေ ဖြစ်သွားကြပါတယ် ။
          အဲဒီမှာ ဆိုချင်တာကတော့ ဘိက္ခုနီမငါးရာတို့ဟာ အခြားရဟန်းတွေ ဟောတုန်းက တရားထူး တွေ မရကြပဲ ဘာကြောင့် အရှင်နန္ဒက ဟောမှတရားထူးရကြသလဲ ဆိုတဲ့ အချက်ကိုပါ ။ သူတို့တွေဟာ အတိတ်ဘဝက ဆုံတွေ့ဖူးခဲ့တဲ့ ရေစက် ဖြည့်ခဲ့ဖူးတဲ့ ပါရမီတွေကြောင့် ပါ ။ တစ်ဦနဲ့ တစ်ဦးချစ်ခဲ့ ကြတဲ့ အချစ်စိတ်တွေဟာ ဒီဘဝမှာ ပြန်ပြီး ကျေးဇူးပြုလိုက်တာပါပဲ ။အတိတ်က ချစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် သူတို့ချစ်တဲ့သူ ဟောတဲ့ တရားကို ခါတိုင်းထက် ပိုပြီးရိုရိုသေသေ နာယူတယ် ။ တရားအားထုတ်ခိုင်းတော့လည်း ကြိုးကြိုးစားစား အားထုတ်တယ် ၊ ဒါကြောင့် တရားထူးကိုရတာပါ  ။
          ဒီနေရာမှာ အတိတ်ဘဝက ကိုယ့်ရဲ့ချစ်သူဆိုတာ ဇနီးမယား ကိုသာဆိုလိုချင်တာ မဟုတ်ပါဘူး ။ ကိုယ်နဲ ကောင်းမှုတွေကို အတူ ပြုလုပ်ခဲ့ကြတဲ့ ဘယ်လိုသူမျိုး မဆိုဖြစ်နိုင်ပါတယ် ။

မြတ်စွာဘုရားက ကျွန်တော်တို့ကို ဟောကြားတော်မူ ထားခဲ့တယ်…
အတိတ်ကပေါင်းသင်း ဆက်ဆံခဲ့ခြင်းကြောင့် ဖြစ်စေ ၊ ပစ္စုပ္ပန် အခွင့် အရေး ရခြင်းကြောင့် ဖြစ်စေ ၊ ရှေ့က ချစ်ခြင်း မေတ္တာသည် ရေထဲက ကြာပန်း ပွင့်လာသလို တစ်ဖန်ပွင့်ထွန်း ပေါ်ပေါက်လာ၏……တဲ့
The Buddha talks us….
Through previous associations or present advantage, that old love spring up again like a lotus in the water.
နိုင်ငံခြားသားတွေနဲ့ တွေ့တဲ့ အခါတိုင်း ကျွန်တော်က အလွတ်ကျက်ထားတဲ့ အထက်က အင်္ဂလိပ်စာကြောင်းလေးကို ရွတ်ပြတယ်။ သူတို့က …. အို.. ဒါ ဟာ သိပ်မှန်တာပေါ့တဲ့….

          ခုချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းများအဖွဲ့လည်း ဒီလိုပါပဲပေါ့နော်။ အတိတ်က ချစ်ခင် ရင်းနှီးခဲ့ခြင်း များကြောင့် တစ်ဦးနဲ့ တစ်ဦး ဘယ်မြို့မှာနေလို့ ဘယ်လိုလူမျိုး ဘယ်နိုင်ငံမှန်းတောင် မသိကြပေမယ့် အတိတ်ဘဝက  စိတ်တူကိုယ်တူ ကောင်းမှုလေးတွေ အတူလုပ်ခဲ့ ကြတဲ့ သူတွေဖြစ်ကြလို့သာ ဒီဘဝမှာ ခင်ခင်မင်မင်နဲ့ ခင်မင်ရင်းနှီးကြ၊ နောက်ပြီး သူအကြိုက်လေးတွေကို လိုက်လျောတတ်တာ ၊ အကြိုက်ချင်းလေးတွေ တူနေတတ်တာ ၊ ကောင်းတဲ့ စာအုပ်လေးတွေ သီချင်းလေးတွေကို ရွေးပေးတတ်တာ ။ နောက်ဆုံး တရား အားထုတ်ဖို့ အလှူဒါနတွေ လုပ်ဖို့ တိုက်တွန်းတတ်တာ စသည်ဖြင့် တစ်ဦးနဲ့ တစ်ဦး ကျေးဇူးပြု့ နေကြတယ်နော်။ တစ်ချို့လည်း ချစ်သူတွေဖြစ်ကြ ၊ လက်တွဲဖော်တွေ အဆင်ထိ ပြန်လည် ပေါင်းဆုံခဲ့ ကြတယ် ။ဝမ်းသာကြည်နူးစရာတွေပေါ့။
ဗုဒ္ဓမြတ်စွာ နှင့် သာဝက အရှင်မြတ်တွေမှာလည်း  ပါရမီဖြည့်ဖက် ဆိုတာတွေရှိခဲ့ ပါတယ် ။ ကျွန်တော်တို့ လို သာမန်လူတွေအတွက်တော့ သံသရာမှာ မခွဲ မခွာ ပြန်ဆုံနိုင်ကြဖို့ ရှေ့ရေစက် နောက်ရေစက်ကောင်းအောင် ဒီဘဝမှာ ကောင်းတဲ့ အလုပ်တွေ ကောင်းတဲ့ ကုသိုလ် ကောင်းမှုတွေကို စိတ်တူကိုယ်တူ လုပ်ရင်းနဲ့ ခင်မင်နွေးထွေးသော အပြုံးများဖြင့် ဘဝကို ဖြတ်သန်းကြပါစို့လား ……
သူငယ်ချင်းတို့ရေ   ….။

သံသရာ တစ်ကွေ့မှာ တွေခဲ့ကြဖူးတဲ့
အင်းတော်ရှမ်း
[Reference: Myanmar Friends Day Website]

No comments:

Post a Comment