Tuesday, March 4, 2014

“ဆုံးရှုံးနေတာ သတိမထားမိကြဘူး”


တွယ်တာမှုတွေ ချစ်ခြင်း၊မုန်းခြင်းတွေကြောင့် ဘဝမှာဆုံးရှုံးမှုတွေ အများကြီးဖြစ်ရပါတယ်။

♦ တွယ်တာမှုတွေကြောင့် ကုသိုလ်တွေ နှလုံးမသွင်းနိုင်ပဲ
ဖျက်ဆီးခံလိုက်ရလို့ “ကုသိုလ်တွေ”ဆုံးရှုံးရတယ်။

♦ စိတ်က ဒီအတွယ်အတာကနေ ရုန်းမထွက်နိုင်ပဲ ဒီအာရုံမှာပဲ
တဝဲလယ်လယ်ဖြစ်နေတော့ လုပ်သင့်တာတွေလည်း မလုပ်နိုင်တော့လို့
“လုပ်ငန်း”တွေလည်း ဆုံးရှုံးရတယ်။

♦ တွယ်တာမှုတွေကြောင့်ပဲ “မိတ်ကောင်းဆွေကောင်း”တွေကို
လက်လွှတ်ခဲ့ရပြီး လူမှုရေးတွေလည်း ဆုံးရှုံးရပြန်တယ်။

♦ တွယ်တာမှုတွေကြောင့်ပဲ စိတ်တွေတည်ငြိမ်အောင်နေလို့မရပဲ
“စိတ်ဓါတ်အရည်အချင်း”တွေ ဆုံးရှုးရပြန်တယ်။

♦ တွယ်တာမှုတွေကြောင့်ပဲ အဆင်ပြေလို့ပဲဖြစ်ဖြစ်၊အဆင်မပြေလို့ပဲဖြစ်ဖြစ် “ကိုယ်ကျင့်တရား”တွေ ဆုံးရှုးရပြန်တယ်။

♦ တွယ်တာမှုတွေကြောင့်ပဲ ဒီအကြောင်းတွေပဲ ခေါင်းထဲရောက်နေတော့
“အဖိုးတန်တဲ့အချိန်တွေ”ကလည်း ဆုံးရှုံးရပြန်တယ်။

သေချာ စဉ်းစားကြည့်မယ် ဆိုရင်...
ဘာမှလည်း ဟုတ်တာ မဟုတ်ပဲ ကိုယ့်ဘဝမှာ တော်တော်များများ အဆုံးရှုံးခံလိုက်ရတယ်ဆိုတာ လူတွေသတိထားဖို့လိုပါတယ်။

ပစ္စည်းဥစ္စာဆုံးရှုံးတာ၊ ကျန်းမာရေး ဆုံးရှုံးတာ၊ လောကီကိုသာ လူတွေသတိထားမိကြတာ 

●“စိတ်ဓါတ်အရည်အချင်း”တွေဆုံးရှုံးတာ၊
●“ကိုယ်ကျင့်တရား”တွေဆုံးရှုံးတာ၊
●“ကုသိုလ်စိတ်”တွေအဖျက်ဆီးခံရတာ၊
လူတွေသတိမထားမိကြဘူး။
ကိုယ့်ဘက်က ဘယ်လောက်ပဲ အဆုံးရှုံးခံပြီး တွယ်တာနေပေမယ့် တဘက်က ဒီလောက် အဆုံးရှုံးခံပြီး တွယ်တာနေပါလားလို့
ဘယ်သူမှ အလေးအနက်ထားပြီး မစဉ်းစားဘူး။

ဒါကြောင့် …
ကိုယ့်ဘဝမှာ သတိမထားမိပဲ ဆုံးရှုံးနေတာ နေ့စဉ်နဲ့အမျှ
ဖြစ်နေတာမို့ အားလုံး တွယ်တာမှု မှန်သမျှကို သတိထားပြီး တွယ်တာနိုင်ကြပါစေ။


【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment